နို့ချိုတိုက်ကျွေးတဲ့နေရာမှာ အချိန်ကြာမြင့်စွာ တိုက်ကျွေးခြင်းမပြုဘဲ ပြတ်တောင်းပြတ်တောင်းပုံစံမျိုးကို အသုံးပြုပေးသင့်ပါတယ်။ နို့ခဏတိုက်လိုက် ၊ ခဏနားလိုက် ၊ ပြန်တိုက်လိုက် ပြလုပ်ပေးခြင်းက ကလေးငယ်အစာခြေဖျက်ရာမှာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ သင့်ကလေးငယ် လေတက်ပြီဆိုရင်တော့ သင့်ရဲ့ နို့တိုက်ခြင်းကို ရပ်နားလိုက်လို့ ရပါပြီ။
တစ်ကြိမ်တည်းမှာ ကလေးငယ်ဗိုက်အင့်တဲ့အထိ နို့တိုက်ခြင်းအစား တစ်ခါတိုက်ရင် ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ တိုက်ကျွေးပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး နို့တိုက်ကျွေးစဉ်မှာ မိခင်ဖြစ်သူက နို့တိုက်ကျွေးမှုပုံစံကို ကလေးငယ်အသက်သာဆုံး အနေအထားဖြစ်အောင် ပြုပြင်ပြောင်းလဲပြီး တိုက်ကျွေးပေးရပါမယ်။
မိခင်နို့ရည်ဟာ ရင်သွေးငယ်လေးအူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တာကြောင့် မိခင်နို့ရည် အာဟာရပြည့်ဝနေစေဖို့ အစားအစာစားသုံးတဲ့နေရာမှာ သတိပြုဖို့လိုပါတယ်။ ဒါ့အပြင် ဖော်မြူလာနို့မှုန့်တွေ တိုက်ကျွေးမယ်ဆိုရင်လည်း အရည်အသွေးပြည့်မှီတဲ့ ထုတ်ကုန်ကိုပဲ ရွေးချယ်ဝယ်ယူပြီး ရင်သွေးငယ်ကို တိုက်ကျွေးသင့်ပါတယ်။
နို့စို့အရွယ်ကလေးငယ်ရဲ့ အစာခြေစနစ်ကို အထိရောက်ဆုံးဖြစ်စေမယ့် နည်းလမ်းတစ်ခုကတော့ နှိပ်နယ်ပေးခြင်းပါပဲ။ ကလေးငယ်ရဲ့ခြေထောက် ၊ ကျောဘက် စတဲ့ နေရာလေးတွေကို ညင်သာစွာနှိပ်နယ်ပေးခြင်းကလည်း အကောင်းဆုံးနည်းလမ်းတစ်ခုလို့ သတ်မှတ်ရပါမယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး