စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးများကုျ ဆေးပေးရာတွင် လိုအပျသော အခကြျမြား

Posted by Zaw Lin Aung November 17, 2020
X0ajcrkxfxq8sjaptgrk

မွေးကင်းစကလေးများ၏ ခြောက်ပုံတစ်ပုံနှင့် ဆေးရုံတက်ကလေးလူနာများ၏ ငါးပုံသုံးပုံသည် ဆေးဝါးကုသမှုကို ခံယူခဲ့ကြသည်။ ဆေးဝါးများ၏ ဆိုးကျိုးအပြစ်များကို ကလေးလူနာများ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းနှင့် မွေးကင်းစကလေးလူနာများသည် ၂၅ ရာခိုင်နှုန်းအထိ ခံစားကြရသည်။ ဆေးပေးရာတွင် ကလေး၊ လူကြီးအငယ်စားများ မဟုတ်ပါ။ ကလေးနှင့် လူကြီး ခန္ဓာကိုယ်ဖွဲ့စည်းမှု မတူညီ ကွဲပြားမှုကြောင့် ဖြစ်ပါသည်။

Akkrd0dpm3rt1wpbvbjx

ဆေးဝါးဆိုင်ရာ အာနိသင်များ
------------------------------

၁။ ဆေးဝါးစုပ်ယူခြင်း
-------------------------

မွေးကင်းစ ကလေးငယ်များတွင် အစာအိမ်အက်စစ်ပမာဏ နည်းသဖြင့် လူကြီးများမှာထက် အချို့ဆေးဝါးများကို စုပ်ယူရာတွင်ပိုပြီး စုပ်ယူနိုင်သည်။ အမ်ပီဆီလင်၊ ဖလူကလောက်ဆီလင် Flucloxacillin၊ အမောက်ဆီလင် ဆေးဝါးများဖြစ်ကြသည်။ သို့သော် မွေးကင်းစကလေးများသည် အိပ်ဆေး ဖီနိုဘာဘီတုန်းနှင့် ဗီတာမင်အီးတို့ကို စုပ်ယူရာတွင် သိပ်မစုပ်ယူနိုင်ပေ။ ဒိုင်ဂေါ့စင် Digoxin၊ ဒိုင်ယာဇီပမ်၊ ကိုထရိုင်မိုဆာဇော Cotrimoxazole ဆေးဝါးတို့ကိုမူ ပုံမှန်အတိုင်းစုပ်ယူနိုင်သည်။ ၎င်းဆေးဝါးများမှာ ဒိုင်ယာဇီပမ်၊ ကလိုနာဇီပမ် Clonazepam၊ ဆိုဒီယမ်ဗဲလ်ပရိုအေ့ Sodium Valproate တို့ ဖြစ်ကြသည်။
မွေးကင်းစ ကလေးများကို အသားဆေးထိုးပေးရာတွင် အချို့ဆေးဝါးများကို စုပ်ယူရာ၌ တစ်သမတ်တည်း မရှိလှပေ။ ဥပမာ ဂျင်တာမိုက်စင်နှင့် ဒိုင်ဂေါ့စင်၊ တစ်နှစ်အောက်ကလေးများ၏ အရေပြားများမှာ ပါးလွှာသဖြင့် တစ်ဆင့်စုပ်ယူရာတွင်ကောင်းမွန်ပေသည်။ ဥပမာ စတီးရွိုက်လိမ်းဆေး၊ ဆာဖိုနမိုမက်ဖီနိုက်လိမ်းဆေး၊ ဟိုက်ဇာကလိုရိုဖိန်း Hexa Chlorophane တို့ ပါဝင်ကြသည်။

၂။ ဆေးဝါးများ ပျံ့နှံ့ခြင်း
--------------------------

ကလေးများတွင် အဆီဓာတ်ပါဝင်မှုနည်းပါခြင်းကြောင့် အဆီတွင် ပျော်ဝင်သောဆေးဝါးများ(ဥပမာ - ဒိုင်ယာဇီပမ်) သည် လူကြီးများမှာထက် ကလေးများတွင် ပါဝင်မှုနည်းပါးနေသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကလေးများတွင် အယ်ဘူမင်ပရိုတင်း Albumin Protein ပါဝင်မှုမှာ ရာခိုင်နှုန်း ၂၀ လျော့နည်းနေသည်။သွေးဦးနှောက်အတားအဆီး Blood Brain Barrier သည် ကလေးကြီးများနှင့် လူကြီးများမှာထက် မွေးကင်းစကလေးများတွင် ဆေးဝါးများ ပိုမိုလွယ်ကူစွာ ပါဝင်သွားနိုင်သည်။ ဥပမာ ဘိန်းပါသော ဆေးဝါးများ Opiates၊ ပင်နီဆီလင်ဆေးများဖြစ်သည်။

Chygz7pxjuwxxmuihfgm

၃။ ဇီဝဖြစ်ပျက်မှု (Metabolism)
------------------------------------

အသည်း၏ထုထည်မှာ မွေးဖွားပြီးသည်မှ အရွယ်ရောက်သည်အထိ ထုထည် လျော့နည်းလာပေသည်။ အချို့သော အင်ဇိုင်းစနစ်များသည် မွေးကင်းစကလေးများတွင် လုပ်ငန်း သိပ်မလုပ်နိုင်သော်လည်း ကလေးများ ကြီးလာသောအခါ လုပ်ငန်း ပိုမိုလုပ်လာနိုင်သည်။ကိုယ်ဝန်ဆောင်နေချိန်တို့တွင် မိခင်သည် ဆေးဝါးတို့ကို သုံးစွဲလိုက်ပါက ၎င်းဆေးဝါးများသည် မွေးကင်းစကလေးငယ်များ၏ ဇီဝဖြစ်စဉ်များကို ထိခိုက်စေနိုင်သည်။ မွေးကင်းစကလေးငယ်များတွင် ဘီလီရူဘင် (Bilirubin) ဓာတ်မများအောင် ကိုယ်ဝန်ဆောင်မိခင်များအား ဘာတီကျူရိတ် (Barbiturate) ဆေးကို ပေးတတ်ကြသည်။ သားအိမ်တွင်ရှိသော သန္ဓေသား၌ ဂလူကျူရိုနယ်လ် ထရန်စ်ဖာရေး Glucuronyl Transferase အင်ဇိုင်းဖြစ်ပေါ်အောင် ပေးခြင်းဖြစ်သည်။ ကလိုရမ်ဖီနီကော ဆေးဝါးသည် မွေးကင်းစကလေးများတွင် Grey Baby Syndrome ဟူသောအခြေအနေကို ဖြစ်ပေါ်စေပါသည်။

၄။ စစ်ထုတ်ခြင်း
-----------------

ကျောက်ကပ်လုပ်ငန်းများ ဖြစ်သောစစ်ထုတ်ခြင်း (Filtration)၊ ဖယ်ထုတ်ပေးခြင်း (Excretion)၊ ပြန်လည်စုပ်ယူခြင်း (Reabsorption) တို့သည် ကလေးငယ်များတွင် အားနည်းနေတတ်၏။ စစ်ထုတ်ခြင်းသည် အခြားလုပ်ငန်းများမှာထက် ကလေးငယ်များတွင် ပိုပြီး အရေးကြီးပါသည်။ယေဘုယျအားဖြင့် ကျောက်ကပ်က ဆေးဝါးများကို စစ်ထုတ်ပစ်ခြင်းသည် အသက်အရွယ်ကြီးသော လူနာများနှင့် နှိုင်းယှဉ်လျှင် မွေးကင်းစကလေးများမှာ အားနည်းနေတတ်သည်။ ကျောက်ကပ်စစ်ထုတ်မှုနှုန်း (GFR) သည် ရက်သတ္တပတ် အနည်းငယ်အတွင်း များလာ၍ ကျောက်ကပ်မှ ဆေးဝါးများ စစ်ထုတ်ခြင်းသည်လည်း ပိုများလာသည်။ ထို့ကြောင့် အမိုင်နိုကလိုင်ကိုဆိုက် Aminoglycoside ပင်နီဆီလင်ဆေးဝါးများသည် မွေးပြီးစကလေး ရက်သတ္တပတ်ရှိပြီးနောက် ဆေးပမာဏကို တိုးမြှင့်ပေးနိုင်သည်။



Fpkmsbw1dugjxnn624sq

ကလေးငယ်များကို ဆေးညွှန်းရာတွင်
---------------------------------------

၁။ အချိန်ကာလ အနည်းဆုံးအတွင်း ဆေးအရေအတွက်အနည်းဆုံးကို သုံးရမည်။

၂။ ဆေးကုသမှုအညွှန်း (Therapeutic Index) အမြင့်ဆုံး ဆေးဝါးများကို တတ်နိုင်ပါက အသုံးပြုပါ။

၃။ တတ်နိုင်လျှင် ကလေးများအတွက် ဆေးအရည်များကို တိုက်ပါ။ သို့သော် အချို့ကလေးများသည် ဆေးပြား သို့မဟုတ် ဆေးတောင့်များကို မျိုချနိုင်သည်။ ဆူးခရုစ်ပါသော ဆေးအရည်များကို တာရှည်စွာ အသုံးပြုပါက ကလေးများတွင် သွားပိုးစားရောဂါနှင့် သွားဖုံးရောင်ရောဂါ ဖြစ်နိုင်ပါသည်။

၄။ ဆေးဝါးများကို နို့မှုန့်ပုလင်းများတွင် ရော၍ မတိုက်ပါနှင့်။ ဆေးဝါးနှင့်နို့မှုန့်အရည်များအကြား အချင်းချင်းတုံ့ပြန်မှုများ (Interactions) များ ဖြစ်နိုင်သည်။ သို့မဟုတ် နို့ရည်ကို အပြည့်အဝမသောက်သုံးပါက ဆေးပမာဏ အပြည့်အဝ မရနိုင်ပေ။

၅။ ယေဘုယျအားဖြင့် စအိုမှတစ်ဆင့် ဆေးဝါးပေးခြင်းကို သိပ်အားမကိုးထိုက်ပါ။ ထိုသို့ပေးခြင်းသည် ကလေးကြီးများကို စိတ်ပျက်စေနိုင်သည်။ သို့သော် ကလေးငယ်သည် အန်နေလျှင် စအိုမှတဆင့် ဆေးများကို ပေးနိုင်သည်။

၆။ မွေးကင်းစ ကလေးများတွင် ဆေးအချိန်အဆများတွင် (Dosage) မှာ ပေါင်မပြည့်၊ လမစေ့ကလေးများမှလွဲ၍ အခြားကလေးများ၏ ဆေးအချိန်အဆကို တိုင်းတာရာတွင် ခန္ဓာကိုယ်မျက်နှာပြင်ဧရိယာ (Surface Area) ကို အသုံးပြုပါ။

ဆေးကုသမှု အညွှန်းမြင့်မားသောဆေးဝါးများအတွက် အသက်အရွယ်ကိုသုံးနိုင်ပါသည်။ လူကြီးဆေးအချိန်အဆ၏ ရာခိုင်နှုန်းအသုံးချ၍ မရပါ။ ကိုယ်အလေးချိန်ကိုလိုက်၍ ဆေးဝါးပေးခြင်းသည် အသုံးကျသော်လည်း ဝသောကလေးများတွင် အသက်နှင့် အရပ်အမောင်းကိုလိုက်၍ ဆေးဝါးများကို ပေးရမည်။

ကိုယ်ဝန်ဆောင်နေစဉ် ဆေးပေးခြင်း
--------------------------------------

သန္ဓေသားသည် အခြားလူ့သက်တမ်းကာလများမှာထက် ဆေးဝါးအန္တရာယ်များကို ပိုမိုခံစားလွယ်ပေသည်။ ဆေးပမာဏများစွာ ပေးမိပါက မိခင်၏ အချင်း (Placenta) မှတစ်ဆင့် သန္ဓေသားထံရောက်သွားပေမည်။ ဆေးဝါးများသည် သန္ဓေသားအပေါ် အန္တရာယ်ကျရောက်နိုင်ပေရာ ၁။ သန္ဓေသားသေဆုံးပြီး သားပျက်ခြင်း ၂။ သန္ဓေသား ခန္ဓာကိုယ်ချို့ယွင်းခြင်း ၃။ ကလေးမွေးဖွားပြီးနောက် ကလေး၏ အပြုအမူ သို့မဟုတ် အသိဉာဏ်ထိခိုက်ခံရခြင်း။ ၄။ နောင်ကာလတွင် ကင်ဆာအကျိတ်များ ပေါ်လာခြင်းတို့ ဖြစ်သည်။အဓိက ခန္ဓာကိုယ် ချို့ယွင်းချက်များမှာ သန္ဓေစတင်တည်ပြီးနောက် ၈ ပတ်အတွင်း ဖြစ်ပေါ်နိုင်သလို၊ ဆေးဝါးများ၏ အခြားအန္တရာယ်များမှာ သန္ဓေရက်သား ၈ ပတ်နောက်ပိုင်းတွင် ဖြစ်ပေါ်ကြသည်။
#Ref...ဒေါက်တာ လှဖေ
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.