စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးများနှင့် သွေးဖြူဥအားနည်းခြင်း

Posted by Zaw Lin Aung November 18, 2020
Jkv3uce7f5llocrkn5li

ကလေးများမှာ သွေးဖြူဥအားနည်းတဲ့အခါ မကြာခဏ အဖျားဝင်ခြင်း အနာပေါက်ခြင်း၊ အနာကျက်ရန် ကြာမြင့်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးများစွာကလည်း သွေးထဲမှာ သွေးဖြူဥကို နည်းသွားစေနိုင်ပြီး မကြာခဏဝင်လေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေကလည်း ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိနေပြန်ပါတယ်။ သွေးဖြူဥတွေဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ သွေး တစ်မိုက်ခရိုလီတာထဲမှာ ၁၅၀၀ ထက်နည်းနေရင် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ သွေးတစ်မိုက်ခရိုထဲမှာ အလုံးရေ ၅၀၀ အောက်ရောက်သွားခဲ့ရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပြီး ပြင်ပမှ ဝင်လာတဲ့ ပိုးများကို ခုခံနိုင်စွမ်း လျော့ပါးသွားပြီဖြစ်ပါတယ်။ ခြင်ဆီအလုပ် မလုပ်၊ ခြင်ဆီခန်းခြောက်လို့ သွေးဖြူဥ နည်းတာထက်စာရင် ပြင်ပ ပယောဂကြောင့် သွေးဖြူဥနည်းတာတွေက ပိုပြီးအဖြစ်များနေပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးဝင်ရောက်လာတဲ့အခါ ၄၈ နာရီမှ စတင်ပြီး ၈ ရက်ခန့်အတွင်း သွေးဖြူဥပမာဏ ထိုးကျသွားလေ့ရှိပါတယ်။ ဗက်တီရီးယား ပိုးများကတော့ တစ်ကိုယ်လုံး သွေးဆိပ်ပျံ့နှံ့ပြီဆိုတဲ့ မွေးကင်းစမှာ ဝင်ခံရတဲ့ ဗက်တီးရီးယား သွေးဆိပ်ပျံ့တဲ့အခါ ခြင်ဆီထဲမှ သွေးဖြူဥများ လျော့ကျသွားပါတယ်။ ဒါ့ကြောင့် ရောဂါပိုး ထူပြောနိုင်ခြေရှိတဲ့ ပတ်ဝန်းကျင်မှာနေတဲ့ ကလေးတွေမှာ ဗိုင်းရပ်စ်ပိုးဝင် တစ်ခါဖျား၊ သွေးဖြူဥကျဆင်းပြီး နောက်တစ်ခါ ဗက်တီးရီးယားပိုးကို မတွန်းလှန်နိုင်ဘဲ အဖျားပြန်ဝင် စသည်ဖြင့် ထပ်ပြန်တစ်လဲလဲ ဖြစ်နိုင်ခြေကို ဂရုစိုက်ကြရတာ ဖြစ်ပါတယ်။

Wnqekdpftmb0guabgfro

ကလေးတွေ သောက်လေ့ရှိတဲ့ ဆေးတွေထဲမှာ ကင်ဆာကုသဆေး၊ သိုင်းရွိုက်ရောဂါတွင် သုံးသောဆေး၊ အတက်ကျဆေး၊ ပိုးသတ်ဆေးတချို့က သွေးဖြူဥပမာဏ ကျဆင်းစေတတ်လို့ စဉ်းစားချင့်ချိန် စစ်ဆေးပေးရပါတယ်။ သွေးဖြူဥနည်းနေတာ သွေးထဲမှာနေတဲ့အခါ ကြားဖူးနားဝရှိတဲ့ မိဘတွေက ခြင်ဆီခန်းခြောက်သွားပြီလား၊ စိုးရိမ်စရာ သွေးကင်ဆာလား၊ ဆေးတိုက်တာ လွန်သွားတာလား စသည်ဖြင့် မကြာခဏ စိုးရိမ်ပူပန်ကြရပါတယ်။ သွေးဖြူဥအားနည်းသွားချိန် မတိုင်မီကတည်းကစပြီး တွဲပြီးဖြစ်ပေါ်လာတဲ့ သွေးဖြူဥအားနည်းခြင်းကို ရှာဖွေသုံးသပ်လိုက်ရင် ဘာကြောင့်ဖြစ်ရသလဲဆိုတာ အနီးစပ်ဆုံး အဖြေကို ရနိုင်ပါတယ်။

S40vdcc8ntx7dwozi1gl

တိုက်ရွိုက်ရောဂါ၊ ကလေးတီဘီရောဂါ၊ ငှက်ဖျားရောဂါ အစရှိသည့်ရောဂါတွေမှာလည်း သွေးဖြူဥတွေ နည်းသွားလေ့ရှိပါတယ်။ ဒီရောဂါတွေ ဖြစ်နိုင်ခြေ၊ ရှိ၊ မရှိ ရောဂါလက္ခဏာများအရသော်လည်းကောင်း၊ သွေးစစ်ဆေးချက်အရ သော်လည်းကောင်း ရှာဖွေကြည့်နိုင်ပါတယ်။ လေးပတ်ခန့် ကြာခဲ့အခါ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး သင့်တော်သော ပိုးကင်းစင်သော ဆေးများကို တိုက်ကျွေးပြီးပြီဆိုရင်တော့ စိုးရိမ်ဖွယ်ရာ မရှိပါ။ သို့သော် မူလရောဂါကို တိုက်ရိုက်ထိသော ကုထုံးနှင့်လွဲခဲ့ရလျှင် သွေးဖြူဥနည်းပြီး သွေးဆိပ်ပြန့်ခြင်းသည် ကြီးစွာသော အန္တရာယ်ဖြစ်ပါတယ်။

Bovs81a8szxynrgeardf

ခြင်ဆီဖောက် စစ်ဆေးရန် လို၊ မလိုစဉ်းစားတဲ့အခါ သွေးဖြူဥသာမက သွေးနီဥ၊ သွေးဥမွှားများပါ နည်းသွားတဲ့အခါ၊ ခြင်ဆီပျက်စီးမှု အတိုင်းအဆကို သေချာစွာ သိရန်လိုတဲ့အတွက် တာဝန်ယူကုသသော ကလေးအထူးကု ဆရာဝန်က ညွှန်ကြားလျှင် လိုက်နာရပါမယ်။ သုံးပတ်ကျော်လာလို့ သွေးဖြူဥပမာဏ နည်းနေသေးတယ်ဆိုရင်၊ သုံးကြိမ်ဆက်တိုက် ဖြစ်လာလျှင်လည်း မဖြစ်မနေ ခြင်ဆီ စစ်ဆေးသင့်ပါတယ်။

Jwdlhb4khzflpw68hoo8

မည်မည်ရရ ဖြစ်နိုင်ခြေရှိသော နောက်ခံရောဂါကို ရှာမတွေ့ခဲ့ရင်တောင်မှ ခန္ဓာကိုယ်တွင်း ခုခံအားစနစ်မှ စတင်ဖောက်လွဲ ဖောက်ပြန်ဖြစ်၍ ခုခံအားကျဆင်းတတ်သော ပြဿနာများအထိ အဖြေရှာရပါတယ်။ သွေးဖြူဥနည်းတာရောဂါကို ဘယ်လိုစောင့်ကြည့်မလဲဆိုတာ အရေးကြီးသလို စောင့်ကြည့်မလဲဆိုတာ အရေးကြီးသလို သွေးဖြူနည်းလို့ ပိုးဝင်တဲ့အခါ ဆေးဝါးများနဲ့ လျင်လျင်မြန်မြန် ထိထိရောက်ရောက်ကုသပေးရပါတယ်။ ရိုးတွင်းခြင်ဆီမှ သွေးဖြူဥများ အစားပြန်ဖြည့်နိုင်ရန် မသေချာတဲ့အခြေအနေကို ရောက်လာပြီဆိုရင်တော့ ခြင်ဆီအစားထိုး ကုသမှုနည်းလမ်းအထိ သွေးဖြူဥနည်းသွားတဲ့အခါ ကလေးများကို ပြင်ပမှပိုးများအဝင်ခံရခြင်းမှ နည်းသွားစေရန် ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့ဟာလည်း ကလေးများကျန်းမာရေးအတွက် သတိပြုသင့်သော အချက်များပဲ ဖြစ်ပါတယ်။
#Ref...ပါမောက္ခဒေါက်တာကေသီထွန်း
ကလေးအထူးကုဆရာဝန်ကြီး
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.