သင့်ရဲ့ရင်သွေးလေးကို မီးဖွားနိုင်မယ့် ရက်အတိအကျကို မိခင်တိုင်း ကြိုတင်သိရှိထားချင်ကြပါတယ်။ မြန်မာအယူအဆအရ နေ့ရက်အတိအကျသာမကပဲ မီးဖွားမယ့်အချိန်ကိုပါ တွက်ချက်ပြီး ရင်သွေးရဲ့ ဘဝတစ်သက်တာ အောင်မြင်မှု အထွဋ်အထိပ်ကိုရောက်ရှိမယ့် နေ့နံကို အချိန်ကိုက်ပြီး မွေးဖွားလိုကြပါတယ်။
ဒီနေရာမှာ သင့်ရဲ့ သားဖွားမီးယပ်ဆရာဝန်က မီးဖွားမယ့်ရက်ကို ခန့်မှန်းပေးနိုင်ပေမယ့်လည်း အတိမ်းအစောင်းလေးတွေလည်း ဖြစ်သွားနိုင်ပါတယ်။ တစ်ချို့ အမျိုးသမီးတွေမှာဆိုရင်တော့ မီးဖွားရက်ဟာ ခဏခဏပြောင်းနေတာမျိုးကိုတောင် တွေ့နိုင်ပါသေးတယ်။
ဆရာဝန်ကတော့ သင်နောက်ဆုံး ဓမ္မတာလာခဲ့တဲ့ရက်ကနေ ရက်သတ္တပတ် ၄၀အကြာမှာ မီးဖွားမယ်လို့ ပြောပြမှာပါ။ ဒါဟာ အများစုအတွက် မှန်ကန်ပေမယ့်လည်း ကိုယ်ဝန်သက်တမ်းဒုတိယသုံးလပတ် ဓာတ်မှန်ရိုက်ကူးတဲ့အခါမှာ နောက်တစ်ကြိမ်ခန့်မှန်းတဲ့ မီးဖွားရက်နဲ့ အများဆုံး တစ်ပတ်လောက်အထိ ကွာခြားသွားနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ဒုတိယသုံးလပတ် ဓာတ်မှန်ရိုက်ကူးမှုကနေ ထွက်လာတဲ့ မီးဖွားမယ့်ရက် ခန့်မှန်းမှုဟာလည်း တိကျမှုရှိလိမ့်မယ်လို့ မဆိုလိုပါဘူး။ စစ်တမ်းတွေအရ ကိုယ်ဝန်ပထမသုံးလပတ်မှာ ရိုက်ကူးတဲ့ ဓာတ်မှန်အဖြေကသာ မီးဖွားမယ့်ရက်ကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ပထမသုံးလပတ်မှာကတည်းက ဓာတ်မှန်ရိုက်ကူးမှုကို ပြုလုပ်ထားသင့်ပါတယ်။
ဒါ့အပြင် သင့်အနေနဲ့လည်း နောက်ဆုံး ဓမ္မတာလာခဲ့တဲ့ရက်ကို ပြက္ခဒိန်မှာ အတိအကျမှတ်သားထားသင့်ပြီး အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တဲ့အခါ မီးဖွားမယ့်ရက်အတိအကျကို ကြိုတင်သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး