၀မ်းချုပ်ခြင်းပြဿနာဟာ ကလေးသူငယ်တွေမှာ အဖြစ်များတဲ့ပြဿနာပါ။ ၀မ်းချုပ်တဲ့ကလေးတွေမှာဆို ၀မ်းအသွားနည်းပြီး သွားလျှင်လည်း မာကြောခြောက်သွေ့တဲ့ ၀မ်းမျိုး သွားလေ့ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတွေက စောစီးစွာ ၀မ်းသွားနည်းလေ့ကျင့်ပေးခြင်း နဲ့ အစားအသောက်အပြောင်းအလဲတွေကြောင့်ဖြစ်ပါတယ်။ ကံကောင်းတာက ကလေးတွေမှာဝမ်းချုပ်တာဟာ ခဏတာပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာများအနေနဲ့ တစ်ပတ်မှာ ၃ ကြိမ်အောက်သာ ၀မ်းသွားခြင်း ၀မ်းမာခြင်း၊ သွားရခက်ခြင်း ၀မ်းတုံး ကြီးခြင်း၊ သွားလျှင် Toilet မှာ တစ်နေခြင်း ၀မ်းသွားစဉ် နာကျဉ်ခြင်း ဗိုက်နာခြင်း ၀မ်းမာမာသွားပြီး ၀မ်းမှာသွေးစများ ပါလာခြင်း ကလေးငယ်လေးမှာဆိုအနှီးမှာ ၀မ်းမာမာခြောက်ခြောက်အပြင် သွေးစများတွေ့ရခြင်း တို့ဖြစ်ပါတယ်။
၀မ်းသွားရတာ နာကျဉ်ရင် ကလေးဟာ ကြောက်ပြီး ၀မ်းမသွားတော့ပါဘူး။ အဲလိုဆို မိမိကလေးဟာ ၀မ်းသွားခါနီး ခြေထောက်ကို လိမ်ပြီးထိုင်နေတာ၊ တင်ပါးကို လိမ်ထား၊ တင်းထားတာ၊ ခန္ဓာကိုယ်ကို လိမ်ထားပြီး ၀မ်းထိန်းနိုင်အောင် ကြိုးစားတာကို တွေ့ရပါလိမ့်မယ်။
ကလေးသူငယ်များ ၀မ်းချုပ်ခြင်းက ပြဿနာကြီးကြီးမားမားတော့မဟုတ်ပါဘူး။ ဒါပေမယ့် နာတာရှည်ဝမ်းချုပ်လာလျှင်တော့ ဖြစ်စေတဲ့နောက်ခံ အကြောင်းအရင်းများကိုသိဖို့လိုပြီး နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်နိုင်တဲ့အတွက် ၂ ပတ်ထက်ပိုပြီး ၀မ်းချုပ်လာတဲ့အပြင်အောက်ပါ လက္ခဏာတွေ ဖြစ်လာပြီဆို ဆရာဝန်နဲ့ သွားရောက်ပြသပေးသင့်ပါတယ် ဖျားနာခြင်း၊အန်ခြင်း၊ ၀မ်းထဲ သွေးပါလာခြင်း၊ဗိုက်ဖောင်းလာခြင်း၊စအိုဝန်းကျင်အရည်ပြားတွင် အနာတွေ့ရခြင်း( စအိုကွဲနာ)၊စအိုဝတွင် အူကျွံထွက်လာခြင်း (အစာဟောင်းအိမ် ကျွံခြင်း)အစရှိသည်တို့ဖြစ်လာပြီဆိုလျှင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပြီး ဆရာဝန်မှ လိုအပ်သော ၀မ်းဗိုက်ဓါတ်မှန်၊ အယ်တရာဆောင်း(Ultrasound)၊ သွေးစစ်ခြင်း၊ အစရှိသောစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး