ကိုယ်ဝန်ဆောင်စဉ် ကြွက်တက်ခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်မျိုးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မည်သည့်အကြောင်းကြောင့် ခြေထောက်ကြွက်တက်ခြင်း ဖြစ်ဖြစ် ၎င်းတို့ကို ကာကွယ်ဖို့ ပြုလုပ်ပေးနိုင်ပါတယ်။
အိပ်ရာမဝင်ခင်မှာ ခြေထောက်ကြွက်တက်ခြင်းကို ကာကွယ်ဖို့ နံရံတစ်ခုမှာ လက်မောင်းကို ဆန့်ပြီးရပ်ပါ။ လက်များကို နံရံပေါ်သို့တင်ပြီး ခြေထောက်များကို ဘယ်ညာရွှေ့ပြောင်းကာ အကြောလျှော့ပေးပါ။ အကွေးအဆန့် ပြုလုပ်ပေးပါ။ တက်ကြွလန်းဆန်းစွာနေပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဖြင့် ခြေထောက်ကြွက်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
မဂ္ဂနီဆီယမ်ဖြည့်စွက်အားဆေးကို သောက်ပါ။ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ ကောက်ပဲသီးနှံများ ၊ ပဲများ ၊ သစ်သီးခြောက်များ ၊ အခွံမာသီးများနှင့် အစေ့အဆံများကိုလည်း စားသုံးပေးသင့်ပါတယ်။ ရေဓာတ်ကို ထိန်းသိမ်းပါ။ ရေဓာတ်ခန်းခြောက်ခြင်းရှိမရှိ ဆီးအရောင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
ကယ်လ်စီယမ်ဓာတ်လုံလောက်စွာ ရယူပါ။ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာမရရင် ခြေထောက်ကြွက်တက်စေနိုင်ပါတယ်။ အနည်းဆုံး ကိုယ်ဝန်သည်တစ်ဦးအတွက် ၁၀၀၀မီလီဂရမ် ရသင့်ပါတယ်။ သင့်တော်သော ဖိနပ်ကို ရွေးချယ်ပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး