စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးငယ်များတွင် နှာခေါင်းသွေးယိုခြင်း

Posted by May Thaw Htoo July 1, 2022
Nuv7vjmcnjzpkwympmr7

နှာခေါင်းအတွင်းနံရံရှိသွေးကြောငယ်ပေါက်သွားတဲ့အတွက်နှာခေါင်းမှသွေးယိုခြင်းဖြစ်ပွားတတ်ပါတယ်။အအေးမိနှာစေးချောင်းဆိုးဖြစ်လို့နှာရည်ယိုခြင်းအတွက်နှာခေါင်းကိုဖိညှစ်ခြင်းကြောင့်လည်းကောင်း၊နှာခေါင်းပိတ်လို့နှာခေါင်းလမ်းကြောင်းပွင့်အောင်အတင်းအကြပ် အပြင်းအထန်နှာမှုတ်ခြင်းကြောင့်လည်းကောင် သွေးကြောဒဏ်ရာပေါက်သွားပြီးသွေးထွက်ခြင်းများဖြစ်လာတတ်ပါတယ်။နှာခေါင်းအတွင်းသို့တစ်စုံတစ်ခုဝင်ရောက်ပိတ်ဆို့ခြင်းကြောင့်နှာခေါင်းသွေးယိုခြင်းဖြစ်ပွားရာမှာအပုပ်နံ့နံတဲ့သွေးရောင်းအရည်များယိုကျခြင်းဖြစ်နိုင်ပါတယ်။နှာခေါင်းသွေးယိုတဲ့အခါတွေ့မြင်ရတာစိတ်ပူစရာတစ်ခုဖြစ်နိုင်သော်လည်းတကယ်တော့သွေးနည်းနည်းသာယိုလေ့ရှိပါတယ်။ ကလေးတွေမှာစိုးရိမ်ရလောက်အောင်သွေးယိုခြင်းရှားပါးပါတယ်။ကလေးဟာလွယ်လွယ်နဲ့သွေးမတိတ်နိုင်ပဲမကြာခဏသွေးယိုနေမယ်ဆိုရင်သော်လည်းကောင်း၊ဦးခေါင်းထိခိုက်ပြီးတဲ့နောက်နှာခေါင်းသွေးယိုခြင်းဖြစ်လာလျှင်သော်လည်းကောင်းဆရာဝန်ထံပြသဖို့လိုပါတယ်။

Dangir8i87mzjow7pc2j

နှာခေါင်းသွေးယိုလျှင်
-----------------------

၁။သွေးယိုနေသောနှာခေါင်းထဲတစ်စုံတစ်ခုထိုးထည့်ခြင်းမလုပ်ပါနှင့်။ကလေးကိုထိုင်ပြီးရှေ့သို့ခေါင်းငုံ့စေကာရေဆေးချနိုင်မည်လက် ဆေးခွက်အတွင်းသို့သွေးများစီးကျပါစေ။

၂။ကလေးနှာခေါင်းရိုးအနုဆုံးနေရာမှာသင့်လက်မနှင့်လက်ညှိုးဖြင့်ညှပ်ပြီးပိတ်ထားပေးပါ။သွေးတိတ်တဲ့အထိနှာခေါင်းကိုဆက်ပြီးပိတ်ထားပေးရပါမယ်။နှာခေါင်းသွေးယိုနေတဲ့ကလေးကိုပက်လက်မအိပ်ခိုင်းပါနှင့်၊နှာခေါင်းမှအနောက်သို့သွေးများစီးဝင်သွားကာအစာအိမ်ထဲရောက်ရှိသွားပြီးပျို့အန်လာစေနိုင်ပါတယ်။

Z97p62ddwzmg6oeiiyjq

နှာခေါင်းသွေးယိုတာနာရီဝက်ကျော်တဲ့အထိမတိတ်ဘဲကလေးနုံှးခွေတဲ့အထိဖြစ်လာရင် ဆရာဝန်ထံချက်ချင်းပြသသင့်ပါတယ်။ကလေးနှာခေါင်းထဲတစ်စုံတစ်ရာဝင်ရောက်လျှင်သော်လည်းကောင်း၊နှာခေါင်းသွေးခဏခဏယိုလျှင််သော်လည်းကောင်းဆရာဝန်ထံအရေးပေါ်ပြသဖို့လိုအပ်ပါတယ်။ခေါင်းထိခိုက်မိပြီးနှာခေါင်းသွေးယိုခြင်းဖြစ်ပါကဦးခေါင်းခွံအရိုးထိခိုက်ခြင်းရှိ၊မရှိ သိနိုင်ရန် ဆရာဝန်ကဓါတ်မှန်ရိုက်ကြည်ပါလိမ့်မယ်။သွေးမတိတ်ဘဲဖြစ်နေခဲ့လျှင်ဆရာဝန်ကလိုအပ်တဲ့ထုံဆေးပေးပြီးပိုးသတ်ထားတဲ့ဆေးပတ်တီးအဝတ်စနဲ့တစ်နာရီမှနှစ်နာရီအထိပိတ်ထားပေးပါလိမ့်မယ်။ ကလေးနှာခေါင်းအတွင်းတစ်စုံတစ်ရာဝင်ရောက်ပိတ်ဆို့နေမယ်ဆိုရင်လိုအပ်တဲ့ထုံဆေးပေးပြီးပိတ်ဆို့နေတဲ့အရာကိုဖယ်ထုတ်ပေးပါလိမ့်မယ်။

Rl4ef0mhokjckdeewdpl

နှာခေါင်းသွေးယိုခြင်းမကြာခဏဖြစ်ပွားနေမယ်ဆိုရင်နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန်ထံပြသဖို့လိုအပ်ပါတယ်။သွေးကြောပေါက်ခြင်းကြောင့်မကြာခဏသွေးယိုခြင်းဖြစ်ပွားပါကသွေးကြောကိုလျှပ်စစ်အားသုံးကိရိယာနှင့်ဆေးကုပေးခြင်းကြောင့်သွေးကြောအဆုံးနေရာလောင်ကျွမ်းသွားပြီးသွေးကြောပိတ်သွားမှာဖြစ်ပါတယ်။နှာခေါင်းသွေးယိုပြီးနောက်အနည်းဆုံးသုံးနာရီလောက်ကြာတဲ့အထိနှာခေါင်းမှလေမှုတ်ထုတ်ခြင်း(နှာမှုတ်ခြင်း)ကိုမလုပ်ပါနှင့်၊သွေးယိုခြင်းထပ်မံဖြစ်ပွားတတ်ပါတယ်။

#Ref...Dr. Mar Mar Swe
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.