
ရင်သွေးငယ်လေးဟာ ၇လသားအရွယ်မှာ သင့်အကူအညီမပါဘဲ ထိုင်နိုင်နေပြီး ကစားစရာများကို ကိုင်ကာ ဆော့နေနိုင်ပါပြီ။ ပေးထားတဲ့ နာမည်ကို မှတ်မိနေပြီဖြစ်ပြီး ခေါ်ကြည့်ပါက သေချာပေါက် ပြန်လည်တုန့်ပြန်နိုင်မှာ ဖြစ်ပါတယ်။
ရှေ့မှာဖြတ်သွားသမျှအရာများ ၊ ကစားစရာများကို လိုက်ကြည့်မယ် ၊ စူးစမ်းလိုတဲ့စိတ်များ ပေါ်လာပါတယ်။ မှန်ရှေ့မှာ ပေါ်နေတဲ့ ကိုယ့်ပုံစံကိုယ် စိတ်ဝင်တစား ကြည့်ပါလိမ့်မယ်။ ရင်သွေးငယ်လေးရဲ့ ဆက်သွယ်မှုစွမ်းရည် တိုးတက်လာစေဖို့ စကားပြောပေးခြင်း ၊ ပြုံးပြခြင်း ၊ သီချင်းဆိုပြခြင်း ၊ ပုံပြင်ဖတ်ပြခြင်း တို့ ပြလုပ်ပေးပါ။
ရင်သွေးငယ်လေး လွတ်လပ်စွာ တွားသွားနိုင်ဖို့ လုံခြုံပြီးလွတ်လပ်တဲ့ နေရာတစ်ခု ဖန်တီးပေးပါ။ စူးစမ်းလေ့လာဖို့အတွက် သင့်တော်တဲ့ ကစားစရာများ ပေးပါ။ အစားအစာများစားသုံးဖို့အတွက် သေသေချာချာ ပြုလုပ်ပေးပါ။
သင့်ရင်သွေးငယ်လေး ၇လသားအရွယ်မှာ ခေါင်းကိုမတ်မတ် မထောင်နိုင်သေးခြင်း ၊ ကောင်းမွန်စွာ မထိုင်နိုင်ခြင်း ၊ ဆူညံသံများနှင့် ပြုံးခြင်းကဲ့သို့သော အပြုအမူများကို တုန့်ပြန်မှုမရှိခြင်း ၊ အနီးနားရှိသူများကို မမှတ်မိခြင်း ၊ လိုချင်တဲ့ ကစားစရာများကို သွားရောက်မယူနိုင်ခြင်းတို့ ဖြစ်ခဲ့ပါက ဖွံ့ဖြိုးမှု နောက်ကျနေပြီလို့ ယူဆနိုင်ပြီး ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး