သင့်မှာကလေးယူဖို့ စိတ်ကူးရှိနေပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြချက်မယ့် အချက်တွေကို သိထားဖို့ လိုပါပြီ။ ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကလေးရယူဖို့ကို အထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေ ပါဝင်နေပါတယ်။ ကလေးရယူဖို့ စိတ်ကူးရှိနေတဲ့ လင်မယားစုံတွဲတွေအတွက် သန္ဓေသားရနိုင်ဖို့ အကောင်းဆုံးအထောက်အပံ့ပေးမယ့် အစားအစာတွေကတော့ ....
အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ (ဟင်းနုနယ်၊ကိုက်လန်..) တို့ဟာ ဖောလစ်အက်ဆစ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ချေကို အကောင်းဆုံး လျှော့ချပေးပါလိမ့်မယ်။ ဒါ့အပြင် ပန်းဂေါ်ဖီ(စိမ်း) ၊ ဂေါ်ဖီထုပ် ၊ အာလူး ၊ ခရမ်းချဉ်သီး ၊ မုန်လာဥနီ ၊ ပီလောပီနံ တို့ဟာလည်း အမျိုးသားတွေရဲ့ သုတ်လွှတ်အားနဲ့ အမျိုးသမီးတွေရဲ့ သန္ဓေတည်မှု လုပ်ငန်းစဉ်ကို အကောင်းဆုံး အားပေးနိုင်မယ့် အစားအစာတွေ ဖြစ်ပါတယ်။
အသီးအနှံတွေဟာလည်း အန်တီအောက်ဆီးဒန့်တွေ အမြောက်အများ ပါဝင်တာကြောင့် သန္ဓေသားရယူနိုင်ဖို့ရာ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ လိင်စိတ်ကိုပိုမိုမြင့်မားစေတဲ့ သလဲသီး ၊ သားအိမ်နံရံကို အားကောင်းစေတဲ့ ထောပတ်သီး ၊ အရည်အသွေးကောင်းတဲ့ မမျိုးဥ နဲ့ သုတ်ပိုးတို့ကို ဖြစ်ပေါ်စေမယ့် ငှက်ပျောသီး ၊ ဘယ်ရီသီး တို့ဟာ ကလေးရယူနိုင်ဖို့ စားသုံးပေးသင့်တဲ့ သစ်သီးတွေပဲ ဖြစ်ပါတယ်။
ကြက်သား ၊ အမဲသား စတဲ့ သံဓာတ်မြင့်မားတဲ့ အသားတွေအပြင် ပင်လယ်စာတွေဖြစ်တဲ့ ကမာ ၊ ဂဏာန်း ၊ ဆယ်လ်မွန်ငါး တို့ဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်ပါ သင့်တော်တဲ့ အစားအစာတွေဖစ်ပါတယ်။ ကြက်ဥ ၊ ဘဲဥ တို့ကတော့ မပါမဖြစ် ပါပဲနော်...။
နွားနို့ ၊ ဒိန်ချဉ် ၊ နနွင်း ၊ ကြက်သွန်ဖြူ ၊ သံလွင်ဆီ ၊ ဖရုံစေ့ ၊ နေကြာစေ့ ၊ သစ်ချသီး ၊ ဗာဒံသီး ၊ ပဲအမျိုးမျိုး တို့ကို စားသုံးပေးခြင်းဟာလည်း လုံလောက်တဲ့ အာဟာရဓာတ်ကို ပေးစွမ်းနိုင်မှာဖြစ်တာကြောင့် ကလေးရယူဖို့ ဆန္ဒပြင်းပြနေကြပြီဖြစ်တဲ့ လင်မယားစုံတွဲတွေအတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်မယ့် အစားအစာတွေပဲ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး