စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

နို့တိုက်မိခင် နို့ထွက်ကောင်းအောင် ဘာလုပ်ရမလဲ

Posted by Htoo Yan Aung November 25, 2020
Sztyffmmcluitrewyqwk

ကလေးမွေးခါစတွင် မိခင်နို့မထွက်ခင် ဘာတိုက်ရမလဲ ဆိုလျှင် မိခင်တိုင်းမှာ နို့မထွက်ခင် နို့ဦးရည် ဆိုတာထွက်ပါတယ်။ ကလေးမွေးပြီးပြီးချင်း ကလေးငယ်ကို ပေးစို့လို့ရပါတယ်။ နို့ဦးရည်သည် နို့ရည်ကဲ့သို့မပြစ်ပါ။ အရည်ကျဲပါတယ်။ ဖြူဝါဝါ အရောင်ရှိပါတယ်။ သို့သော် ကလေးငယ်အတွက်တစ်နေ့တာ အာဟာရ လုံလောက်ပြီး ကလေးငယ်အတွက် လိုအပ်သော ကိုယ်ခံအားလည်း လုံလောက်စွာပါဝင်ပါတယ်။နို့ဦးရည်ကို ခဏခဏ ပေးစို့ခြင်းဖြင့် နို့ရည်ပိုထွက်ဖို့ အခွင့်အရေးရရှိနိုင်ပါတယ်။

နို့တိုက်မိခင် နို့ထွက်ကောင်းအောင် အိပ်ရေးဝဝ အိပ်ရပါမယ်။ လုံလောက်စွာ အနားယူရပါမယ်။ ကလေးနို့ တိုက်ပြီး နို့ဝ၍ ကလေးအိပ်ပျော်သွားလျှင် မိခင်လည်း ကလေးနှင့် အတူ တရေးအိပ်ပေးသင့်ပါတယ်။ သို့မှသာ မိခင် အနားရ၍ နို့ထွက် ကောင်းနိုင်မယ်။ နို့တိုက်မိခင်သည် အာဟာရ သင့်တင့် မျှတအောင် စားရပါမယ်။ အစာမရှောင်ရပါဘူး။ အသား၊ငါး၊ ဟင်းသီးဟင်းရွက်၊ အစိုအခြောက် အကုန်စားပါ။ ဟင်းသီးဟင်းရွက်ကို ကြော်ချက်စားပါ။

အဆီနှင့်သကြား သင့်တင့်အောင်စားပါ။ အရည်ဓါတ် လုံလောက်အောင်သောက်သုံးပါ။အရည် များများသောက်ရပါမယ်။ ဥပမာ နို့၊ဟောလစ်၊ အိုဗာတင်း၊ ဟင်းခါးရည် (ငရုပ်ကောင်းသိပ်မစားသင့်ပါဘူး)၊ ထမင်းရည် စသည်တို့ကို ပိုသောက်ပေးသင့်ပါတယ်။ ထမင်းကိုရေခမ်းချက်စားပါ။ နို့တိုက်မိခင်သည် ကိုယ်ဝန်ဆောင်စဉ်ထက် စွမ်းရည်ပိုလိုအပ်သဖြင့် ကယ်လိုရီ စားသုံးမှုလည်း ပိုများရန် လိုအပ်ပါတယ်။

သင့်တင့်မျှတစွာ ရောစပ်ထားသော အစားအစာများကို စားသုံးပေးသင့်ပြီး ထမင်း၊ အသားဟင်း၊ ဟင်းရွက်ကြော်၊ ဟင်းချိုရည်တို့ကို စားပေးသင့်ပါတယ်။ အပူအစပ် နည်းပြီး အ ဆီနှင့် သကြားဓာတ်ပါဝင်မှုနည်းသော အစာများကို စားသုံးပါ။ ကယ်လဆီယမ်၊ ဗီတာမင် ဒီ ဓာတ်ပါသော အစားအစာများ စားသုံးပေးရမည်။ ဥပမာ နို့နှင့်နို့ထွက် ပစ္စည်းများ အရိုးပါစားနိုင်သော ငါးလေးများ၊ ပဲအမျိုးမျိုး၊ ရေညှိနှင့် ဂျုံမှုန့်တို့ကိုလည်း စားသုံးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် တိုးလာသော ကိုယ်အလေးချိန်ကို ချရန် တင်းကျပ်သော ပုံစံဖြင့် အစားအသောက် ရေှာင်ခြင်း တို့ကို မပြုလုပ်သင့်ပါဘူး။ မိမိကျန်းမာရေး ထိခိုက်ရုံသာမက နို့ရည်ထွက်နှုန်း နည်းသွားနိုင်ပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.