ကိုယ်ဝန်ဆောင်စဉ် ခံစားရအခက်ဆုံး ဝေဒနာတစ်ခုကတော့ ရင်ပူခြင်းပဲဖြစ်ပါတယ်။ အက်ဆစ်လိုပူပြင်းတဲ့အရာမျိုးက ရင်ညွန့်နဲ့လည်ပင်းတစ်လျှောက် ပြင်းပြင်းထန်ထန် နာကျင်စေတာကြောင့် မိခင်လောင်းတွေမှာ အလွန်ပဲ ပင်ပန်းရပါတယ်။ ဒီလို ဝေဒနာများကို သက်သာစေဖို့ အလွယ်ကူဆုံး အိမ်တွင်းကုထုံးလေးများ ရှိနေပါတယ်။
ရှားစောင်းလက်ပတ်ကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးခြင်းက မိခင်လောင်းများ ရင်ပူခြင်းကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အုန်းရည်ပါ။ အုန်းရည်ဟာ အက်ဆစ်ကိုအစာအိမ်ရှိ အက်ဆစ်ကို ချေဖျက်ဖို့ အကောင်းဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။
စမုန်စေ့ကို ပွက်ပွက်ဆူနေတဲ့ရေနွေးထဲမှာ ၁၀မိနစ်ခန့်ကျိုချက်ပြီး သောက်သုံးပေးပါ။ ဂျင်းဟာလည်း အလွန်ဆေးဖက်ဝင်ပြီး ဂျင်းပြုတ်ရည်ဟာလည်း ရင်ပူခြင်းကို သက်သာစေနိုင်ပါတယ်။ သဘာဝလက်ဖက်စိမ်း ရေနွေးကြမ်းကိုလည်း ရွေးချယ်နိုင်ပါတယ်။
သဘောသီးဟာလည်း အစာခြေစနစ်ကို ကောင်းမွန်စေပြီး ရင်ပူခြင်းကို သက်သာစေနိုင်တာကြောင့် မိခင်လောင်းများ စားသုံးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ရင်ပူခြင်းကို အနိုင်ယူနိုင်ဖို့ ဖော်ပြပါနည်းလမ်းများအား အသုံးပြုကြည့်ပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး