စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးနှင့် မျက်စိထိခိုက်ဒဏ်ရာ

Posted by May Thaw Htoo July 27, 2022
Fajorvcwsp15pbbjhdlv

ကလေးအရွယ်တွင် မျက်စိထိခိုက်ဒဏ်ရာရ၍ မျက်စိတွင်း သွေးယိုခြင်း (Hyphema) ဖြစ်သည့် အနေအထားများကို မကြာခဏတွေ့ရတတ်ပါသည်။ ထိုအခြေအနေပေါ်နေသော ကလေးကို ငါးရက်ခန့် ဆေးရုံတင်၍ ကြည့်ရှုကုသပါက အကောင်းဆုံးဖြစ်ပါသည်။ ဆေးရုံတင်ထားသော ကလေးအနေနဲ့ ပြေးလွှားဆော့ကစားခြင်း နည်းပါးလျှင် သွေးယိုခြင်းသက်သာနိုင်ပါသည်။ မျက်စိတွင်းသွေးယိုသည့် အခြေအနေဖြစ်စေသော အကြောင်းအရင်းများစွာ ရှိပါသည်။ အာရုံလွှာကင်ဆာ၊ ဇင်သိုဂရင် နျူလိုးမား မျက်နက်ရောဂါ (Juvenile Xanthogranuloma) ၊ သွေးဖြူဥရောဂါ(Leukemia) စသည်တို့ ဖြစ်တတ်၍ သွေးစစ်ခြင်း၊ မျက်စိကို အသံလှိုင်းပုံဖော်နည်း၊ ကွန်ပျူတာသုံး ပုံဖော်နည်းများကို သုံး၍ရောဂါရှာဖွေခြင်းများ ပြုလုပ်ကြပါသည်။

D1wgffyj1nxay1vfsno9

မျက်စိသွေးယိုစေသော နောက်ထပ်အကြောင်းအရာတစ်ခုမှာ ကလေးငယ်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ယမ်းနှိပ်စက်ခြင်း (Shaking injury) ဖြစ်သည်။ စိတ်ရောဂါရှိနေသော မိဘများကြောင့် မကြာခဏ ညှဉ်းပန်းခံရသော ကလေးများမှာ အတွင်းတိမ်ဖြစ်ခြင်း၊ အလင်းမှန်နေရာရွေ့သွား၍ ကောင်းစွာမမြင်ရခြင်းသာမက အာရုံလွှာ ကွာတတ်ပါသေးသည်။ အာရုံခံလွှာတွင် သွေးယိုတတ်ပါသည်။ ကလေးများ ကိုင်လှုပ်ခံရသောကြောင့် ဒဏ်ရာရရှိခြင်း (Shaking injury) ကြောင့် မျက်စိ၊ ဦးနှောက်ပိုင်းနှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများ အန္တရာယ်ရရှိနိုင်သည်။

Eg8zd5eepgxzeea9knwi

နောက်ထပ်ကလေးများတွင် တွေ့ရတတ်သည့် အခြေအနေတစ်ခုမှာ မတော်တဆ စင်မြင့်မှလိမ့်ကျသဖြင့် မျက်ခွံရိုး ဒဏ်ရာရသည့် အခြေအနေတွင် အမိုးပိုင်းမျက်ခွံကွဲတတ်ခြင်းကို တွေ့ရတတ်သည်။ အရိုးကျိုး၍ သွေးထွက်တတ်သဖြင့် အပေါ်ခွံသွေးများနှင့်တင်းပြီး ပိတ်နေသည်ကို တွေ့ရှိနိုင်သည်။ မျက်စိလှုပ်ရှားမှုလည်း မလုပ်နိုင်တော့ပါ။ ကလေးသူငယ်များ၏ အမြင်ကြည်လင်ရေး အတွက် မျက်စိဒဏ်ရာ မရရှိစေရန် ဆောင်ရွက်ခြင်းသည် လွန်စွာမှအရေးပါလှပါသည်။ မျက်စိကို ဒဏ်ရာရစေနိုင်သော ပစ္စည်းများကို ကလေးများ၏ ပတ်ဝန်းကျင်မှ ဖယ်ရှားပေးခြင်း၊ အန္တရာယ်ရှိသော ကစားနည်းများကို မကစားရန် ပညတ်ခြင်းများ ပြုရပါမည်။ ဗျောက်အိုး၊ ယမ်းအိုးများ ဖောက်ခြင်း၊ သင်္ကြန်တွင်း ရေခဲအိတ်၊ ရေပူဖောင်းများနှင့် ပစ်ခတ်ကစားခြင်းများကို ထိန်းချုပ်ရန် လိုပါသည်။

Ryh3e9xlnye1cxfziihi

ဘက်ထရီအိုးများ၊ ဆိုင်များတွင် ရောင်းချနေသော ထုံးထုပ်များသည်လည်း အိမ်မှ စေလွှတ်ဝယ်ယူခိုင်းသော ကလေးငယ်များ၏ မျက်စိတွင်းသို့ ကိုင်ရင်း၊ တွယ်ရင်း၊ ဆော့ကစားရင်း ပေါက်ပြဲဝင်ရောက်၍ ဒုက္ခပေးတတ်ပါသည်။ မျက်ကြည်လွှာလောင်ကျွမ်း၍ တိမ်စွဲခြင်း၊ မျက်စိ၏ အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်းများ တွေ့ရပါသဖြင့် လူကြီးများက ကလေးများကို ထုံးထုပ်သွားရောက် ဝယ်ယူသောအခါ ကောင်းမွန်စွာ မပေါက်ပြဲအောင်ကိုင်ဆောင်လာဖို့ ဆုံးမထားရန် လိုပါသည်။ အကယ်၍ မျက်စိအတွင်းသို့ ဓာတုဗေဒ အရည်အခဲစသည်တို့ ဝင်ရောက်ပါက အိမ်ရှိရေနှင့် ၁၅ မိနစ်၊ နာရီဝက်ခန့်အကြာ ကုန်စင်သည်အထိ ဆေးကြောပြီးမှ ဆရာဝန်ထံ သွားရောက်ပို့သင့်ပါသည်။ ထုံးဝင်ပါက ထုံးဖတ်များကိုလည်း ဖယ်ရှားပေးရန် အရေးကြီးပါသည်။ ကလေးများ၏ မျက်စိကျန်းမာ၍ အမြင်သန်စွမ်းစေရန်အတွက် မျက်စိမျက်စိဒဏ်ရာမရစေရန် ဂရုစိုက်သင့်ပါတယ်။ ဒဏ်ရာရပါကလည်း ကျွမ်းကျင်သူများနှင့် အမြန်ဆုံးကုသခံရန် လိုပါကြောင်းကိုလည်း တင်ပြအပ်ပါသည်။

#Ref...ဒေါက်တာထွန်းအောင်ကျော် (မျက်စိ)
Health for all magazine news
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.