အသက်၄လသားကနေ ၆လသားအရွယ်အတွင်း ရင်သွေးငယ်လေးများဟာ ခြေလက်များကို စတင်ထိန်းချုပ်လာနိုင်ပြီဖြစ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်အနှံ့ကိုလည်း စတင်ကိုင်တွယ်လာပါပြီ။ သူတို့ရဲ့ စူးစမ်းလိုစိတ်ဟာ ဒီအပြုအမူများကို စတင်လုပ်ဆောင်လာစေပြီး နားရွက် ၊ ခြေထောက်နဲ့ လိင်အင်္ဂါတို့ကို စတင်ကိုင်တွယ်ပါလိမ့်မယ်။ သားသားလေးတို့ရဲ့ လိင်တံဟာ အလွယ်တကူထိတွေ့ကိုင်တွယ်နိုင်တဲ့ နေရာမှာ တည်ရှိနေပါတယ်။
တစ်ချို့သော ရင်သွေးငယ်လေးတွေဟာ လိင်တံကို မကြာခဏ ပွတ်ချေနေတတ်ပါတယ်။ အမေရိကန်မှကျွမ်းကျင်ပညာရှင်များက သာယာသောစိတ်ခံစားချက်အတွက်ဖြစ်ပြီး နို့စို့အရွယ်ကျော်လွန်သွားပါက ပျောက်ကွယ်သွားတတ်ပါတယ်။ မကြာခဏ ပွတ်သပ်နေပါက အရေပြား ယားယံမှုကြောင့်သော်လည်းကောင်း အခြားကူးစက်ရောဂါပိုးများကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
သင့်ရင်သွေးမှာ ဖြစ်ပေါ်နေတဲ့ အမူအရာကို ကြည့်ခြင်းဖြင့် လိင်တံယားယံခြင်းနဲ့ အဆင်မပြေမှုများကို သိရှိနိုင်ပါတယ်။ လိင်တံရဲ့အရေပြားထိခိုက်မှု ၊ နီခြင်း ၊ ရောင်ရမ်းခြင်း သို့မဟုတ် ယားယံခြင်းလက္ခဏာများ ရှိမရှိ စစ်ဆေးနိုင်ပြီး လိုအပ်ပါက ဆေးကုသမှု ခံယူသင့်ပါတယ်။
မည့်သည့်လက္ခဏာမှ မရှိဘဲ သင့်ကလေးဟာ လိင်တံကို မကြာခဏပွတ်သတ်ကိုင်တွယ်နေပါက ဘောင်းဘီ၊ ဒိုင်ဘာတို့ကို ဝတ်ပေးထားပါ။ နားလည်လွယ်တဲ့အရွယ်ရောက်တဲ့အခါမှာတော့ လိင်တံကို ထိတွေ့ပြီး ကိုင်တွယ်သန့်စင်ခြင်းဟာ အဆင်ပြေကြောင်း ပြောပြပေးပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန််ဖြင့်
ကျားလေး