
ပန်းနာရင်ကျပ်ဖြစ်တဲ့ ကလေးတေွမှာရော လူကြီးတေွမှာပါ ပန်းနာရင်ကျပ် လက္ခဏာ (၃)ခုရှိပါတယ်။
(၁) ချောင်းဆိုးချင်း
(၂) ရင်ကျပ်ခြင်း
(၃) အသက်ရှုတဲ့ အခါ တရွှီရွီမြည်သံကြားရခြင်းပဲ ဖြစ်ပါတယ်။
ရင်ကျပ်အခံရှိတဲ့ လူလေးတေွဟာ နှာစေးချောင်းဆိုဖြစ်ရင် တော်တော်နဲ့ မပျောက်ဘဲ ရှိပါတယ်။ ပန်းနာရင်ကျပ်အခံရှိတဲ့ ကလေးတေွဟာ အကောင်းကြီးကနေ ရုတ်တရက် ချောင်းဆိုးရင်ကြပ်တတ်ပါတယ်။
မနက်မိုးလင်း သို့မဟုတ် ညဘက်မှာ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း ဖြစ်တတ်ပါတယ်။ ပန်းနာရင်ကျပ်သမားတစ်ယောက်ရဲ့ အဆုတ်ရဲ့ လေပြွန်တေွဟာ သန်းခေါင်ကျော် နှင့် မနက်ပိုင်းမှာ အကျဉ်းဆုံး ဖြစ်တတ်လို့ အဲဒီအချိန်မှာ ထပြီး ချောင်းဆိုးတတ်ပါတယ်။
ပန်းနာရင်ကျပ် ရောဂါဟာ မျိုးရိုးလိုက်တဲ့ ရောဂါဖြစ်လို့ မိဘဆေွမျိုးထဲမှာ ပန်းနာရင်ကျပ်၊ ၀ဲနှင်းခူ၊ ထိပ်ကပ်နာ၊ အင်ပြင်စတဲ့ ရောဂါတေွရှိခဲ့ရင် ပန်းနာရင်ကျပ်ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ ပန်းနာရင်ကျပ်မှာ အခုချိန်ထိ အမြစ်ပျောက်တဲ့ဆေးမရှိသေးပါဘူး။
Ref: ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)