ကလေးငယ်တစ်ယောက် တစ်ကယ် နို့ဝမဝ ဘယ်လိုသိနိုင်မလဲဆိုလျှင် ကလေးငယ်ရဲ့ ကိုယ်အလေးချိန်တိုးတက်မှုရှိ မရှိ ၊ ဆန်းစစ်ခြင်းနှင့် ကလေးငယ်ဆီးသွားနှုန်းကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ မွေးကာစမှ ၆လအတွင်း ကလေးငယ်ရဲ့ အလေးချိန်ဟာ တစ်ပတ်လျှင် 0.125 ဂရမ် တိုးရပါမယ်။ တစ်လလျှင် 0.5 တိုးသင့်ပါတယ်။ မွေးစ ပထမအပတ်အတွင်း ကိုယ်အလေးချိန် ကျသွားနိုင်သော်လည်း ဒုတိယ အပတ်မှစပြီး တက်ရပါမယ်။ ၁ လမှာ တစ် ကီလိုဂရမ်တော့ မတိုးနိုင်ပါဘူး။ ကလေးတစ်ယောက်ဟာ နို့ဝနေရင် တစ်လမှာ 0.5 ကီလိုဂရမ် တိုးပါတယ်။ ၃ လ ကျော်လျှင် ၃ လမှ တခါ ကိုယ်အလေးချိန် ချိန်သင့်ပါတယ်။ နောက်ပိုင်း တွင် ၃ လ မှ 0.9 ကီလိုဂရမ် တက်ပါတယ်။ တစ်လမှာ 0.5 ကီလိုဂရမ်ထက် နည်းနေရင် နို့မဝကြောင်း သိနိုင်ပါတယ်။
နောက်တစ်နည်းမှာ မိခင် နို့တစ်မျိုးတည်းသာ စို့ရပြီး နို့ဝလင်စွာ သောက်ရသော ကလေးသည် ၂၄ နာရီတွင် အနည်းဆုံး ဆီး ၆ ကြိမ် ၈ ကြိမ် အထိသွားနိုင်သည်။ ဆီးရည်ကျဲကျဲ သွားမည်။ ဆီးအရောင် အဝါဖျော့ဖျော့ အရောင်ဖြစ်မည်။ အနံ့မရှိရပါ။ နို့မဝသော ကလေးငယ်ဟာ တစ်နေ့မှာ ၄ ကြိမ်ထက် နည်းစွာသွားပြီး နို့မဝသော ကလေး၏ ဆီးသည် ပြစ်ပြီး မနံ့ ပြင်းသည်။ အဝါရင့်ရောင်မှ လိမ္မော်ရောင် ဖြစ်တတ်သည်။
ကလေးငယ်နို့ဝကြောင်းသိနိုင်တဲ့အချက်များကတော့ တစ်နေ့လျှင် နို့အနည်းဆုံး ၈ ကြိမ်ခန့် စို့ရခြင်း ၊ နို့စို့နေစဉ် နို့စုပ်ယူမှုသည် အားကောင်းပြီး နို့ကိုမြိုချသော အသံကြားရခြင်း ၊ နို့ဝသွားပါက ကျေနပ်သွားပြီး အိပ်ပျော်ခြင်း၊ နိုးလာလျှင်လည်း စိတ်ကြည်လင်စွာ ပြုံးရွှင်ရွှင်ဖြစ်ခြင်း ၊ အသားအရည် တင်းရင်း ကျစ်လစ်ခြင်း၊ ကလေးငယ်အား တစ်နေ့လျှင် ၆ ကြိမ်နှင့် အထက် သေးခံကိုလဲပေးရခြင်းတို့ ဖြစ်တတ်ပါတယ်။
ကလေးငယ်လေး တစ်နေ့ ၃ ကြိမ် ၈ ကြိမ် တခါတရံ ၁၀ ကြိမ် အထိ အညစ်အကြေးစွန့်ခြင်း၊ မိခင်နို့တိုက်သော ကလေးသည် ဝမ်းပျော့သွားပြီး အရည်မကျဲခြင်း နို့သောက်ပြီးနောက် အညစ်အကြေး စွန့်တတ်ပါတယ်။ ဆီးသွားတတ်ပါတယ်။ ကလေးငယ် ကြီးလာသည်နှင့် အမျှ အညစ်အကြေး စွန့်သော အကြိမ်နည်းသွားနိုင်သည်။ မိခင် ခံစားချက်သည်လည်း ကလေးနို့မစို့ခင်တွင် ရင်သားများတင်းကျပ်မှုခံစားရပြီး ကလေးနို့ စို့ပြီးပါက ရင်သား ပျော့ပြောင်းသွားတာကိုခံစားရပါတယ်။ တချို့မိခင်များမှာတော့ ထိုခံစားချက်မျိုးမရှိပါဘူး။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး