ကလေးငယ်လေးများပေါင်ချိန်ပြည့်ဝစွာ မွေးဖွားနိုင်ဖို့က မေမေတို့အနေနဲ့ကြိုတင်ပြင်ဆင်စရာလေးတွေရှိပါတယ်။ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု တတ်နိုင်သမျှစောစီးစွာယူခြင်းကလည်း ကလေးငယ်လေးများ ပေါင်မပြည့်ဘဲမွေးဖွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ကလေးငယ်များပေါင်ချိန်မပြည့်ခြင်းကိုဖြစ်စေတဲ့ ကိုယ်ဝန်ဆီးချိုနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းကို ကြိုတင်သိရှိပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူချိန်မှာတော့ ဆရာဝန်မှ ကိုယ်အလေးချိန် တိုးတက်မှု၊ သွေးပေါင်ချိန်၊ သန္ဓေရဲ့ ကြီးထွားနှုန်း၊ သန္ဓေသားရဲ့ နှလုံးခုန်နှုန်းတို့ကို ကြိုတင်သိရှိကာကွယ်နိုင်မှာပါ။
ကျန်းမာသော ကိုယ်အလေးချိန် မြှင့်တင်ခြင်းနဲ့ အာဟာရဖြည့်တင်းပေးခြင်းကို ကိုယ်ဝန်စဆောင် ကတည်းကလိုအပ်ပါတယ်။ ဖောလစ်အက်စစ်ကြွယ်ဝသော အစေ့ အသီးအပွင့်နဲ့ အရွက်တွေကို စားသုံးမှုမြင့်တင်ဖို့လိုအပ်ပြီး ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မွေးဖွားသောကလေးငယ်ရဲ့ ကိုယ်အလေးချိန်ကို ပြည့်မှီစေပြီး ကလေးမိခင်ကိုပါကျန်းမာသန်စွမ်းစေပါတယ်။
နေထိုင်မှုဘဝပုံသဏ္ဍာန်ကိုလည်း ပြောင်းလဲမှုလိုအပ်ပါသေးတယ်။ အရက်နှင့်ဆေးလိပ်သောက်သုံးခြင်းက မွေးဖွားလာမည့်ကလေးငယ်၏ ကိုယ်အလေးချိန် ကျဆင်းနိုင်ချေကို မြှင့်တင်ပေးပါတယ်။ ထို့အတွက် ဆေးလိပ်နဲ့ အရက်မှီဝဲခြင်းကို ရပ်တန့်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပြီး သန္ဓေသားဖွံ့ဖြိုးမှုအတွက် စိတ်ဖိစီးမှုကိုလျှော့ချသင့်ပါတယ်။
ဆီးချိုရောဂါနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းက ကလေးငယ်များပေါင်မပြည့်ဘဲမွေးဖွားခြင်းကို အားပေးနေပါတယ်။ ထိုအတွက် အန္တရာယ်ကိုတတ်နိုင်သမျှလျှော့ချဖို့လိုအပ်ပါသေးတယ်။ အကယ်၍ ပေါင်ချိန်မပြည့်သောကလေးငယ်မွေးဖွားလာခဲ့ရင်တောင်မှ အလေ့အကျင့်ကောင်းများကို ဆက်လတ်ကျင့်သုံးခြင်းဖြင့် ကလေးငယ်ရော မိခင်အတွက်ပါ ကောင်းမွန်သော ကျန်းမာရေးကိုရရှိစေမှာပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး