မီးဖွားပြီးနောက်မှာ မိခင်များရဲ့ ရာသီလာခြင်းဟာ မိခင်မဖြစ်ခင်ကထက် များစွာ ကွဲပြားခြားနားလေ့ရှိတာ ပုံမှန်ပါပဲ။ အချို့သော အမျိုးသမီးများမှာတော့ ရာသီလာခြင်းဟာ ပြောင်းလဲခြင်းမရှိပေမယ့် အများစုကတော့ ကိုယ်ဝန်မဆောင်မီကလို ရာသီပြန်လာဖို့ ၃လမှ ၆လအထိ ကြာတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ပြီးနောက် ဓမ္မတာလာခြင်းဟာ အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားနိုင်ပါတယ်။ သင်ဟာ နို့တိုက်မိခင်တစ်ယောက်ဖြစ်ပါက ရာသီလာတဲ့ရက် မမှန်ပါဘူး။
ဆိုးရွာစွာ နာကျင်ကိုက်ခဲခြင်း ၊ ကြွက်တက်ခြင်း (သို့မဟုတ်) နာကျင်မှု အနည်းငယ်သာရှိခြင်းတို့လည်း ဓမ္မတာလာချိန်မှာ ဖြစ်တတ်ပါတယ်။
တစ်ခါတစ်ရံမှာ ပမာဏများပြားတတ်သလို တစ်ခါတစ်လေမှာလည်း သိသာခြင်း မရှိလောက်အောင်ပဲ နည်းပါးတတ်ပါတယ်။ ရာသီလာတဲ့အခါမှာလည်း သေးငယ်သော အနီရောင်သွေးစက်ငယ်လေးများ အဖြစ်သာ တွေ့ရှိနိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး