ကိုယ်ဝန်ဆောင် မိခင်တွေ နာနတ်သီးစားသင့် မစားသင့်ဆိုတာ အငြင်းပွားကြတဲ့ ကိစ္စတစ်ခုပါပဲ။ တချို့ကတော့ စားနိုင်တယ်ပြောကြသလို တချို့ကတော့ တားမြစ်ကြပါတယ်။
နာနတ်သီးမှာ ဘရို မယ်လင်း အင်ဇိုင်းပါဝင်ပြီး သွေးကျဲခြင်း၊ သွေးခဲများကို ပျက်စီးစေခြင်းနဲ့ သွေးခဲတည်ဆောက်ခြင်းကို တားမြစ်ခြင်းတို့ ပြုလုပ်ပါတယ်။ ဘရိုမယ်လင်းက အသားဓာတ်ကိုလည်း ပျက်စီးစေပြီး ကိုယ်ဝန်သက်နုစဉ်မှာ မူမမှန်သော သွေးဆင်းခြင်းကို ဖြစ်စေပါတယ်။
ဘရိုမယ်လင်းဓာတ်ဟာ အသီးရဲ့ လတ်ဆတ်သော အခြေအနေမှာသာ တွေ့ရတဲ့အတွက် သံဗူးထဲ အလုံပိတ်ချိန်မှာ ပျက်စီးသွားပါတယ်။ထို့အတွက် ကိုယ်ဝန်သက်နုစဉ် နာနတ်သီး စားချင်ရင်တော့ အလုံပိတ်သံဗူးကို စားနိုင်ပါတယ်။ ကိုယ်ဝန်သည် မိခင်တစ်ယောက်ဟာ ဗီတာမင် C ပမာဏ ၈၀ မှ ၈၅ မီလီဂရမ် လိုအပ်တဲ့အတွက် နာနတ်သီး တစ်ခွက်စာ စားရင်လုံလောက်ပါတယ်။
နာနတ်သီးမှာ ကိုယ်ခံအားကို မြှင့်တင်ပေးသော ဗီတာမင် C, ကလေးငယ်လေးအတွက် အသားအရည်၊ အရိုး၊ဖွံ့ဖြိုးမှုအတွက် ကိုလတ်ဂျင်၊ ကြွက်သား လုပ်ဆောင်ချက်များနဲ့ အာရုံကြောစနစ်များ၊ နှလုံးကျန်းမာရေးအတွက် ဗီတာမင် B1, ဗိုက်ကြီးနာစွဲခြင်းအတွက် ဗီတာမင် B6 တို့လည်းပါဝင်ပါတယ်။
အမျှင်ဓာတ်များစွာလည်း ပါဝင်တဲ့အတွက် အစာချေဖျက်ခြင်းကိုလည်းကောင်းမွန်စေသလို ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။ ဦးနှောက်နှင့် ကျောရိုးတို့ကြောင့် မွေးဖွားခြင်း ချို့ယွင်းခြင်းကိုလည်း ကာကွယ်ရန်လည်း ကူညီပေးပါသေးတယ်။ ထို့အတွက် နာနတ်သီးမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိတာကို တွေ့ရမှာပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး