ရင်သွေးငယ်လေး အများစုဟာ အစာအမာများ စတင်မြည်းစမ်းလို့ရပြီဖြစ်တဲ့ အသက်(၄)လမှ (၆)လအတွင်းမှာ စတင်ပြီး စားနိုင်ပါတယ်။ ဒိန်ချဉ်ဟာ သင့်ကလေးငယ်အစောဆုံး စားသုံးဖူးတဲ့ အစားအစာများအတွက် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်ပါတယ်။
ဒိန်ချဉ်မှာ ကယ်လ်စီယမ် ၊ ပရိုတင်းနဲ့ ဗီတာမင် ကဲ့သို့သော အာဟာရများ မြောက်များစွာ ပါဝင်နေပါတယ်။ သတိပြုရမယ့်အချက်လေးတွေတော့ ရှိပါတယ်။ ရင်သွေးငယ်လေးကို ဒိန်ချဉ်ကျွေးရာမှာ မည်သည့် အရောအနှောမှ မပါဝင်တဲ့ သန့်စင်သော ဒိန်ချဉ်ကိုသာ ကျွေးပေးရပါမယ်။
အနံ့အရသာနဲ့ သစ်သီးများထည့်သွင်းထားသော ဒိန်ချဉ်များဟာ သကြားဓာတ်ပါဝင်တာကြောင့် သွားယိုယွင်းခြင်းနဲ့ အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသက်တစ်နှစ်မပြည့်သေးသော ရင်သွေးငယ်များကို ရောစပ်ထားသော ဒိန်ချဉ်များ ကျွေးခြင်းမျိုး မပြုရပါ။
သင့်ရင်သွေးမှာ နို့နဲ့ဓာတ်မတည့်သာရောဂါရှိခြင်း ဥပမာ-(ဒိန်ချဉ်သောက်ပြီးနောက်ပိုင်း နှင်းခူကဲ့သို့သော အနာဖြစ်ခြင်း) တို့ကို တွေ့ရှိပါက ဒိန်ချဉ်ကို ဆက်မကျွေးသင့်ဘဲ ဆရာဝန်ထံကို သွားရောက်ပြသသင့်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး