ရာသီလာစဉ်နှင့် ကိုယ်ဝန်ကာလနောက်ဆုံးအပတ်တွေမှာ ချွဲဆင်းခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ ချွဲများဟာ ပုံမှန်အားဖြင့် စေးကပ်ပြီး ဂျယ်လီနဲ့တူပါတယ်။ ကိုယ်ဝန်နောက်ဆုံးပတ်မှာဖြစ်တဲ့ ချွဲဆင်းခြင်းဟာ မီးဖွားဖို့အတွက် ရှေ့ပြေးဖြစ်ပါတယ်။
ရှင်းလင်းသော အဖြူရောင်ဟာ အနံ့ရှိတတ်ပေမယ့် ကျန်းမာတဲ့သဘောကိုဆောင်ပါတယ်။ အစိမ်းရောင် သို့မဟုတ် အဝါရောင် ချွဲများဟာ ကျန်းမာရေးမကောင်းခြင်း ၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါဖြစ်နေတာမျိုး ဖြစ်ပါတယ်။ ၎င်းသည် ကလေးရဲ့ အာရုံကြောစနစ်ကိုပါ ထိခိုက်စေတတ်ပါတယ်။
မီးခိုးရောင်ဟာ မိန်းမကိုယ်တွင်း ဘက်တီးရီးယား မညီမမျှ ဖြစ်နေခြင်းရဲ့ လက္ခဏာ ဖြစ်ပါတယ်။ အညိုရောင်ဆင်းခြင်းဟာ ကိုယ်ဝန်ဆောင် အစောပိုင်း လက္ခဏာဖြစ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။
ကိုယ်ဝန်ဆောင်စဉ် ပန်းရောင်ဆင်းခြင်းသည် ပုံမှန်မဟုတ်ပါ။ ပန်းရောင်ဆင်းခြင်းသည် ကိုယ်ဝန်ပျက်ကျခြင်းအထိ အန္တရာယ်ရှိပါတယ်။ အနီရောင်ဆင်းပြီဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းခေါ်သင့်ပါပြီ။ သွေးထွက်လွန်ခြင်း ၊ သွေးခဲများပါခြင်းက ကိုယ်ဝန်ပျက်ကျဖို့ ရာခိုင်နှုန်းများစေပါတယ်။
HYA (kyarlay)