ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ သွေးတစ်စက်ချင်း ဆင်းတာမဟုတ် ဘဲ သွေးအတုံးလိုက် အခဲလိုက် ပမာဏနည်းနည်းများများ ဆင်းတာက အောက်ပါ အချက်များကြောင့် ဖြစ်တတ်ပါတယ်။
၁။ ကိုယ်ဝန်အစောပိုင်းကာလ အမျိုးသားနှင့် အတူနေခြင်း
၂။ ပိုးဝင်ကူးစက်ခံရခြင်း
၃။ ဟော်မုန်းပြောင်းလဲခြင်း
သားအိမ်ပြင်ပ ကိုယ်ဝန်တွယ်ခြင်း၊ သားအိမ်တွင်းမှာ မဟုတ်ဘဲ သားဥပြွန်၊ ဝမ်းတွင်းခေါင်းနှင့် အူလမ်းကြောင်း အစရှိတဲ့ သားအိမ်ပြင်ပနေရာတွေမှာ သန္ဓေသားတွယ်ကပ် ကြီးထွားလာတဲ့အခါမှာလည်း မိန်းမကိုယ်မှ သွေးဆင်းတတ်ပါတယ်။ ဝမ်းဗိုက်ပိုင်းနှင့် ခါးအောက်ပိုင်း ဆီးစပ်တွေ တောင့်တင်းကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။ Molar Pregnancy လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်အယောက် ၇၀၀ မှာ တစ်ယောက် သာ ဖြစ်နိုင်သော မြန်မာအခေါ် စပျစ်သီးသန္ဓေတည်ခြင်း။ အချင်းကွာကျခြင်း၊ သန္ဓေသား အနေအထားမမှန်တာ၊ အချင်းတွယ်ကပ်မှု မမြဲတာတွေကြောင့် အချင်းကွာကျခြင်း။
အချင်းအောက်ကျခြင်း၊ မိခင်နှင့် သန္ဓေသားကို ဆက်သွယ်ထားတဲ့အချင်းဟာ သားအိမ် အထက်ပိုင်းမှာ မဟုတ်ဘဲ သားအိမ်အောက်ပိုင်းမှာ တွယ်ကပ်နေရာယူနေရင်လည်း မိန်းမကိုယ်မှ သွေးဆင်းတတ်ပါသေးတယ်။ ဒီလိုလက္ခဏာတွေကြောင့် မိန်းမကိုယ် က သွေးဆင်းရင်တော့ ပေါ့ဆမနေသင့်ဘဲ အချိန်မီ ကျန်းမာရေးဌာန၊ ဆေးရုံ ဆေးခန်းတွေဆီ အရောက်သွားကာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#Ref...Sheri (U.N.O, Ygn)
Ziwaka magazine news
#ရှမ်းပုတ်(မိုမိုလေး)