စျေး မီဒီယာ
မမွေးဖွားမှီ

အချင်းနှင့်ပတ်သက်သောချို့ယွင်းချက်များ

Posted by May Thaw Htoo July 11, 2022
Hpcw4g34co7psa5c1xs7

အချင်း၏ချို့ယွင်းချက်များကြောင့် သန္ဓေသား၌သာမက မိခင်အတွက်ပါ အန္တရာယ်ရှိကြောင်းဗဟုသုတအဖြစ်သိထားသင့်ပါသည် ။ အချင်းနှင့်ပတ်သက်ပြီး (၁)Abruptio Placenta အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် (၂)Placenta Previa အချင်းရှေ့ရောက်ခြင်း အကြောင်းကို အနည်းငယ်မျှတင်ပြပေးပါမည်။ Abruptio Placenta ဆိုသည်မှာ သန္ဓေသား ရက်ပတ် ၂၀ မတိုင်မီ အချင်းသည် သားအိမ်နံရံမှကွာသွားခြင်း ကို ဆိုလိုပါသည် ။ ထိုသို့ဖြစ်ရခြင်းမှာ

W5rgfd90ddt8pq1cj8en

၁။ ထိခိုက်ဒဏ်ရာရခြင်း

၂။ ချက်ကြိုးတိုလွန်းခြင်း-နာတာရှည် သွေးတိုးရောဂါ

၃။ ကို်ယ်ဝန်ဆိပ်တက်ခြင်း

၄။ ကြီးထွားလာသောသားအိမ်မှ သွေးကြောမကြီးအားဖိမိခြင်း-အာဟာရ ချို့တဲ့ခြင်း

၅။ ငါးကြိမ်အထက်ကိုယ်ဝန်ဆောင်ခြင်းစသည့်အကြောင်းအချက်များကြောင့်ဖြစ်ရခြင်းဖြစ်ပါသည် ။.အချိန်မတိုင်မီ အချင်းကွာသွားမှူကြောင့် အောက်ဖော်ပြပါနောက်ဆက်တွဲ အရှုပ်အထွေးများ ဖြစ်ပေါ်လာနို်င်ပါသည် ။

Jxdwqkgsgypz7abzzina

(က) သွေးသွန်ခြင်း

(ခ)သွေးခဲမှူဖြစ်စဉ်ပျက်ယွင်းခြင်း

(ဂ)ရှော့ခ် Shock ရခြင်း

(ဃ)ကလေးငယ် ရှင်သန်ရန် အခက်အခဲကြုံရခြင်း

(င) ရုတ်တရက်ကျောက်ကပ်လုပ်ငန်းများ ပျက်စီးသွားခြင်း

(စ) မိခင်သို့မဟုတ် ကလေးသေဆုံးခြင်း

Iio2nqhikkrbk2e0hugy

Placenta Previa အချင်းရှေ့ရောက်ခြင်း
-------------------------------------------

အချင်းသည် သားအိမ်၏အောက်ပိုင်း၌ တွယ်ကပ်ခြင်းကြောင့် သားအိမ်အဝသို့ရောက်နေခြင်း သို့မဟုတ် သားအိမ်အဝအား ဖုံးအုပ်ထားခြင်း ရှိပါက ယင်းအခြေအနေကို Placenta Previa အချင်းရှေ့ရောက်ခြင်း ဟု ခေါ်ပါသည်။ကိုယ်ဝန်ဆောင်မိခင်လောင်း ၂၀၀ တွင် အချင်းရှေ့ရောက်ခြင်း တစ် ဦး ရှိနိုင်ပါသည် အချင်းရှေ့ရောက်ခြင်းအကြောင်းကို ဇာစ်မြစ်ကိုအတိအကျမသိနိုင်ကြပေ ။ သို့သော် မကြာခင်ကကြိမ်ဖန်များစွာကိုယ်ဝန်ဆောင်ခဲ့ခြင်း ၊ အသက်အရွယ်ကြီးရင့်ခြင်း နှင့် ယခင်က ကို်ယဝန်ကို ခွဲစိတ်မွေးဖွားခဲ့ခြင်းများသည် အချင်းရှေ့ရောက်မှူကို ဖြစ်စေသောအကြောင်းများဖြစ်သည်ဟု လက်ခံထားကြပါသည်။အချင်းရှေ့ရောက်သောကိုယ်ဝန်ဆောင်မိခင်များအား ဆေးရုံ၌ တက်ရောက်စေ၍ နည်းလမ်းမှန်ကန်စွာပြုစုစောင့်ရှောက်ကုသပေးပါက မိခင်အတွက် အန္တရာယ်မရှိနိုင်ပါ ။ သေချာစွာဂရုတစိုက်စောင့်ေှရာက်မှူကြောင့် ကလေးသေနှုန်းကျဆင်းသွားသည်ဆိုသော်လည်း သေဆုံးမှုနှုန်းမှာ ၁၅% မှ ၂၀% ထိရှိနေပသေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မိန်းမ အင်္ဂါမှသွေးဆင်းခြင်းဖြစ်ခဲ့လျှင်အထက်ဖော်ပြပါ အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် အချင်းရှေ့ရောက်ခြင်းများ ဖြစ်နိုင်ပါသဖြင့် ချက်ခြင်း ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ လိုအပ်သောပြုစု ကုသမှူကို ခံယူရမည် ဖြစ်ပါသည်။


#Ref...Good Health news
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.