စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင် မိန်းကလေးတို့ အကြောမပြတ် အလှကြွယ်စေဖို့ အသုံးပြုရမယ့်ပစ္စည်းများ

Posted by May Thaw Htoo July 6, 2022
B9frkakkhylnbox0tak2

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်အလေးချိန် မြင့်တက်တာ၊ ရုတ်တရက် လျော့ကျတာ၊ သန္ဓေသား ကြီးထွားတာနဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ပြုလုပ်တာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။ အကြောပြတ်ရာက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံးပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်ထဲက သန္ဓေသားဟာ တဖြည်းဖြည်း ကြီးထွားလာတဲ့ အတွက်အကြောပြတ်ရာတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ အကြောပြတ်ရာတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ဗီတာမင်အီးအရေပြားရဲ့ တင်းအားကို ကောင်းမွန်အောင် ပြုလုပ်ရင်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ်နိုင်ဖို့ ဗီတာမင်အီးကို သုံးပါ။ ဗီတာမင်အီးကို ဆေးတောင့် အဖြစ် မှီဝဲနိုင်သလို လိုးရှင်းအဖြစ်၊ အဆီအဖြစ် အရေပြားပေါ် သုတ်လိမ်းနိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း စစ်မှန်တဲ့ ဗီတာမင်အီးကို လိမ်းတာ အကောင်းဆုံးပါ။

Z6cpjuqdvagb5v4kywzw

၁။ အုန်းဆီ
-----------

အုန်းဆီကလည်း အကြောပြတ်ရာကို ကာကွယ်ပေးတဲ့ အဆီအဖြစ် လူသိများကြပါတယ်။ ဗီတာမင်အီးလိုပဲ အုန်းဆီဟာ အသားအရေကို အားဖြည့်ပေးပြီး အစိုဓာတ် ထိန်းပေးတဲ့အပြင် အရေပြား တင်းအားကို ကောင်းမွန်စေပါတယ်။ အုန်းဆီထဲကို လက်ဖက်ဆီ အစက် အနည်းငယ် ထည့်ပြီး လိမ်းရင် အာနိသင် ပိုကောင်းပါတယ်။

Cln9m7uky2g525kfwrym

၂။ ကော်ဖီစေ့မှုန့်
------------------

ကော်ဖီစေ့ကော်ဖီစေ့မှုန့်တွေကလည်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ် ကုသပေးနိုင်ပါတယ်။ ကော်ဖီစေ့မှုန့်ကို ရှားစောင်းလက်ပပ် အနှစ် ဒါမှမဟုတ် သံလွင်ဆီ ရောပြီး အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားကို လိမ်းပါ။ တစ်နေ့ မိနစ် ၂၀ ခန့် ထားပြီးမှ ကြက်သီးနွေးရေနဲ့ ညင်ညင်သာသာ ဆေးကြောပေးရပါမယ်။

Kpzh3s6ydoz7wgd1w0aa

၃။ ကြက်ဆူဆီ
-----------------

ကြက်ဆူဆီဟာ အကြောပြတ်ရာကို ကာကွယ်ကုသပေးနိုင်တဲ့ အဆီဖြစ်ပါတယ်။ အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားမှာ ကြက်ဆူဆီကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အဆီက ပျစ်လွန်းရင် သံလွင်ဆီ ရောထည့်ပြီး ကျဲအောင် လုပ်ကာ လိမ်းပေးပါ။ နှိပ်နယ်ပြီး ၁၀-၂၀ မိနစ်ကြာ ထားလိုက်ရင် အရေပြားထဲကို အဆီ ထိုးဖောက် ၀င်ရောက် သွားစေပါတယ်။

R19fmvrrfmddvfwkui4c

၄။ Shea Butter
-------------------

အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်တဲ့ အဆီဖြစ်တာကြောင့် လိမ်းထားရင် ရေဓာတ်ပြည့်ဝနေစေပါတယ်။ Shea Butter ပါတဲ့ ခရင်မ်လိမ်းတာကြောင့် အရေပြားတင်းအားကို ကောင်းမွန်စေပြီး အကြောပြတ်ရာကို သက်သာစေပါတယ်။

#Ref...ပြည်မြန်မာ
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.