စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်နှင့် ခြေထောက်ထုံကျင်ပြဿနာ

Posted by May Thaw Htoo June 22, 2022
Lzrpdksr4aefaxseeufd

ကိုယ်ဝန်ဆောင်ကာလမှာ မိခင်တိုင်းခံစားရတဲ့ ပြဿနာတစ်ရပ်ကခါမှာ အမျိုးသမီးတိုင်း ခံစားရလေ့ရှိပါတယ်။ မီးဖွားခါနီလေ ဒီလိုနာတာ၊ ကျဉ်တာတွေကို ခံစားရလေ့ရှိပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အခါ ခါးနာတာပိုသိလာလာမယ်၊ တင်ပါးဘေးနှင့်အနောက်မှာ နတာ၊ ကျဉ်တာ၊ ထုံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး ခံစားရလာမယ်၊ ခြေထောက်တွေ ထုံကျဉ်ပြီး ခြေမသယ်ချင်လောက်အောင် ညောင်းညာခြင်း တွေ ခံစားရနိုင်ပါတယ်။ ဒီဝေဒနာက ကိုယ်ဝန်ဆောာင်တိုင်း ခံစားရပြီး အနေရခက်တာမို့ ဒီအကြောင်းလေးကိုစာဖတ်ပရိတ်သတ်အတွက် ကျန်းမာရေးဗဟုသုတအဖြေစ် ဝေမျှလိုက်ရပါတယ်။ဖြစ်ရတဲ့အကြောင်းအရင်းက ဒီလိုတင်းပါးနောက်ဘက်၊ ပေါင်အတွင်း၊ ပေါင်အပြင်၊ ခြေထောက်အောက်ပိုင်းနာတာ၊ထုံကျဉ်တာနှင့်စပ်ဖျဉ်းဖျဉ်း ဖြစ်တာဟာ ကျောရိုးအောက်ပိုင်း(Lower Lumber) ကနေ တင်ပါးဆီ၊ ဒီကတစ်ဆင့် ခြေထောက်အောက်ပိုင်းကနေ ခြေဖဝါးထိဆင်းသွားတဲ့ အာရုံကြော (Sciatic Nerve) ကို ကြီးထွားဖွံဖြိုးလာတဲ့ ကလေးရဲ့ဦးနှောက် (သို့) ခန္ဓာကိုယ်က ဖိမိတဲ့အခါ Sciatica လို့ခေါ်တဲ့ နာတာ၊ ထုံကျဉတာနဲ့ စပ်ဖျဉ်းဖျဉ်းဝေဒနာကို ခံစားရပါတော့တယ်။ အထူးသဖြင့် ကိုယ်ဝန် ၅ လ၊ ၆ လကျော်ရင် ဒီဝေဒနာကို သိသိသာသာ ခံစားရတော့တယ်။ ကိုယ်ဝန်ရင့်လာတာနှင့်အမျှ ကြီးထွားဖွံ့ဖြိုးလာတဲ့ ကလေးအတွက် ဆန့်ကားလာတဲ့ သားအိမ်ဟာ တင်ပါးဆုံရိုးကွင်းကို ပျော့ပျောင်းပြန့်ကားလာစေတဲ့အခါမှာလည်း ဒီဝေဒနာကို ခံစားရပါတယ်။ အထိုင်များတဲ့ ရုံးအလုပ်လုပ်သူ မိခင်လောင်းတွေဆို ဒီဝေဒနာကို ပိုပြီးဆိုးရွားစွာ ခံရတတ်ပါတယ်။

K3deehocihwvsf5xhtwq

ဘယ်လိုကာကွယ်မလဲ
------------------------

ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားသောက်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ဒိဝေဒနာကို ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် လုံလောက်တဲ့ အနားယူမှုကို ရယူဖို့လိုပါတယ်။ လှုပ်လှုပ်ရှားရှားနေချိန် နာကျင်၊ ထုံကျဉ်လာပြီဆိုရင် ခဏနားပေးပါ။ အထိုင်၊ အထနဲ့ လှုပ်ရှားသွားလာ၊ အိပ်တဲ့အခါ အနေအထား မှန်မှန်နဲ့ဖြည်းဖြည်းညင်သာ လှုပ်ရှားပါ။ ရုတ်ခြည်းဆတ်ခနဲ လှုပ်ရှားတာမျိုးကို ရှောင်ပါ။ဒေါက်မြင့်ဖိနပ်တွေထက် သက်သောင့်သက်သာဖြစ်မယ့် ဖိနပ်ပါးတွေကိုသာ စီးပါ။ ဒီနည်းလေးတွေ သုံးမယ်ဆိုရင် Sciatica ဝေဒနာကို ကာကွယ်နိုင်ပါတယ်။

Eqinxopiskeqzw47o6yc

ဒီလိုကုသမယ်
---------------

ကိုယ်ဝန်ရင့်လာလို့ တင်ပါး၊ ပေါင်နဲ့ ခြေထောက်တွေ နာတာ၊ ထုံကျဉ်တာမျိုးဖြစ်လာပြီဆိုရင် မိခင်လောင်းအနေနှင့် လုံလောက်တဲ့အနားယူမှု ကောင်းကောင်းယူပေးရပါမယ်။ ညအိပ်တဲ့အခါ နာကျင်တာ၊ ထုံကျဉ်တာ သက်သာအောင် ခေါင်းအုံးပျော့ပျော့လေးကိုတင်ပါးနဲ့ ခြေထောက်အောက် ခုခံပြီးမှအိပ်ပါ။ နာကျင်တဲ့ဘက်မဟုတ်တဲ့ အခြားဘက်စောင်းပြီး အိပ်ပေးပါ။ Sciatica ဝေဒနာခံစားနေရတဲ့အခါ နာကျင်မှုသက်သာစေဖို့ ဒဏ်ဖြစ်တဲ့နေရာနားတစ်ဝိုက်ကို ရေနွေးအိတ်ကပ်ပေးတာ၊ ရေနွေနဲ့ ရေချိုးပေးတာမျိုး လုပ်နိုငပါတယ်။ ညစာကို နည်းနည်းသာ စားပေးပါ။ ဒဏ်ဖြစ်တဲ့နေရာကို ပွတ်သပ်နှိပ်နှယ်ပေးတာကလည်း နာကျင်မှုကို လျော့ပါးစေပါသည်။

Iyuwlftpadpour51fvou

Sciatica သက်သာဖို့ လေ့ကျင့်ခန်းလုပ်ကြစို့
-----------------------------------------------

ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် ပုံမှန်လေ့ကျင့်ခန်းလေး မှန်မှန်လုပ်ပေးရင် နာကျင်တာ၊ ထုံကျဉ်တာစတဲ့ ဝေဒနာတွေကို သက်သာစေတဲ့အပြင် ကြွက်သားတွေကို သန်မာစေလို့ ကလေးမီးဖွားတဲ့အခါမှာလည်း လွယ်ကူစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းနှင့် ယောဂလေ့ကျင့်ခန်းမျိုး၊ ရေကူးတာမျိုးစတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို နေ့စဉ် မိနစ် ၂၀ (သို့) နာရီဝက်လောက် အနည်းဆုံး လေ့ကျင့်လုပ်ဆောင်ပေးမယ်ဆိုရင် ကြွက်သားတွေ သန်မာပြီး ခါးအောက်ပိုင်းကြွက်သားတွေ နာကျင်မှု၊ ထုံကျင်မှုကို သက်သာစေပါတယ်။

Lqezkbfsv1yaw0nivmo5

Sciatica ကြောင့် ညအိပ်မပျော်ခဲ့ရင်
------------------------------------

တချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာ Sciatica က ဆိုးလာရင် ညအိပ်မပျော်တဲ့အထိ နှောင့်ယှက်တာ ခံရပါတယ်။ အများအားဖြင့် မီးဖွားခါနီး ကိုယ်ဝန်ရင့်ချိန်မှာ ဒီပြဿနာနှင့် ကြုံရပါပြီ။ ဒီအချိန်မှာ ၀မ်းဗိုက်ကလည်း အရမ်းကြီးထွားလာပြီ ဖြစ်လို့ ဟိုဘက်စောင်းမရ၊ ဒီဘက်စောင်းမရတဲ့ သက်သောသ့်သက်သာ အနေအထားဖြစ်အောင်နေဖို့ ခက်လာသလို၊ ကလေးရဲ့လှုပ်ရှားမှုကြောင့် သော်လည်းကောင်း၊ ၀မ်းဗိုက်ကြွက်သားတွေ တောင့်တင်းမှုကြောင့်သော်လည်းကောင်း ညဘက်ကောင်းကောင်းအိပ်မပျော်တော့ပါဘူး။ ဒါက ကိုယ်ဝန်ဆောင်တိုင်း ပုံမှန်ဖြစ်နေကျ ပြဿနာပါပဲ။

ဒီပြဿနာကြံုခဲ့ရင်--

- အိပ်တဲ့အခါပက်လက်အိပ်တာထက် ဘေးစောင်းပြီးအိပ်ပါ။ ဘေးတစောင်းအနေအထားမှာ ၀မ်းဗိုက်အောက်ကို ခေါင်းအုံးပျော့လေးခံပြီးမှ အိပ်ပါ။

- ညမအိပ်ခင် ရေနွေးနွေးလေးတစ်ခွက် (သို့) နွားနို့နွေးနွေးလေးတစ်ခွက် သောက်ပေးပါ။ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ရေစိမ်ချိုးပါ။

- ညမအိပ်မီ ကြောပြေလျော့ လေ့ကျင့်ခန်းလေးလုပ်ပြီး ခန္ဓာကိုယ်အကြောတွေကို ဖြေလျော့ပေးပါ။

- အိပ်ရာဝင်ချိန်ကို ပုံမှန်ထားပေးပါ။ ညစဉ် (၉) နာရီ အိပ်ရာဝင်ပါ။ အိပ်ချိန်မှန်ဖို့အတွက် အချိန်မှန်အိပ်ပေးဖို့လိုပါတယ်။

- ညအိပ်ချိန်မှာ ကဖင်းပါတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်ခြင်းကိုရှောင်ကြဉ်ပါ။

သတိပြုရမှာက
-----------------

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ အနေအထိုင်၊ အသွားအလာ၊ အစားအသောက်ကအစ နေရာတိုင်းမှာ သတိခထားရပါတယ်။ ယနေ့ခေတ်မှာဆေးဝါးတွေက ပေါပေါနဲ့ လွယ်လွယ်ကူကူ ၀ယ်လို့ရနေတော့ နည်းနည်းနာတာ၊ ကိုက်တယနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ချိုချဉ်စားသလို ကိုယ်သဘောနဲ့ကိုယ် ထင်သလို သောက်နေကြတာ တွေ့ရပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက သုံးတတ်ရင်ဆေးပေမဲ့ မသုံးတတ်တဲ့အခါဘေးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေနှင့် အကိုက်အခဲပျောက်ဆေသာမကမည်သည့် ဆေးဝါးကိုမဆိုသောက်တော့မယ်ဆိုရင် မိခင်ရော ကလေးပါ ထိခိုက်မှုမရှိရလေအောင် ဆရာဝန်၊ဆရာမနှင့် တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါကြောင်း အသိပေးတိုက်တွန်းရေးသားလိုက်ပါတယ်။
#Ref...Sheri (U.O.N,Ygn)
Ziwaka magazine
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.