ရင်သွေးငယ်လေးရဲ့ အမြင်အာရုံဟာ တစ်နှစ်သားအရွယ်မှာ အခြေအနေတစ်ခုအထိ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါပြီ။ ဒါပေမယ့် ၃နှစ်ကနေ ၅နှစ်သားအရွယ်ရောက်တဲ့အထိ အမြင်အာရုံအပြည့်အဝ ဖွံဖြိုးခြင်း မရှိသေးပါဘူး။
ပထမနှစ်မှာ ရင်သွေးလေးရဲ့ အမြင်အာရုံဟာ သိသိသာသာကို တိုးတက်လာပါတယ်။ မွေးကင်းစနို့စို့အရွယ်ကလေးငယ်တွေဟာ အလင်းနှင့်ရွေ့လျားမှုလောက်ကိုသာ ပုံဖော်နိုင်ပြီး ကြီးမာသောအရာဝတ္ထုများနဲ့ မျက်နှာများကိုတော့ မြင်နိုင်ပါတယ်။ အကြည့်ချင်းဆုံခြင်းနဲ့ ၁၂လက်မအကွာရှိ အရာများကိုတော့ ၁လသားအရွယ်မှာ စတင်မြင်နိုင်ပါတယ်။
၃လနဲ့ ၄လအရွယ်မှာတော့ သေးငယ်သောအရာများကို စတင်အာရုံစိုက်လာနိုင်ပါတယ်။ နက်ရှိုင်းသောအမြင်အာရုံ တိုးတက်လာတာနဲ့အမျှ ၃ပေအတွင်းရှိ အရာများနှင့် ပတ်ဝန်းကျင်လှုပ်ရှားမှုများကို ကြည့်လာနိုင်ပါတယ်။ ရင်သွေးငယ်လေးရဲ့ မျက်နှာအနီးကပ်ပြီး ကစားစရာများကို ဘယ်ညာ ရွေ့လျားကြည့်ပါက လိုက်လံကြည့်ရှုနေတာကို တွေ့နိုင်ပါတယ်။
ရင်သွေးငယ်လေးရဲ့ စူးစမ်းလိုစိတ် စတင်ပေါ်ပေါက်လာခြင်းကြောင့်ဖြစ်ပြီး တကယ်လို့ ၄လအရွယ်မှာ ရွေ့လျားနေသောအရာများကို လိုက်လံမကြည့်ရှုဘူးဆိုရင် ကလေးမျက်စိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။
HYA (kyarlay)