ကျွမ်းကျင်ပညာရှင်များရဲ့ အတည်ပြုချက်အရ မွေးကင်းစကလေးများဟာ သူတို့မိခင်ရဲ့ အသံကို အသိအမှတ်ပြုနိုင်ကြတယ်ဆိုတာ သိရှိခဲ့ကြပါတယ်။ ဒီလိုသိရှိခဲ့ကြတာလည်း အနည်းငယ်တော့ ကြာမြင့်ခဲ့ပါပြီ။
မွေးကင်းစရင်သွေးငယ်လေးများအနေနဲ့ မိခင်ဖြစ်သူရဲ့ အသံကို မှတ်မိနိုင်ရုံတင်မက ကြားရတဲ့အချိန်တွေမှာ စိတ်ကျေနပ်အားရမှုကို ဖြစ်ပေါ်စေပါတယ်။ အချို့သော ကလေးငယ်များကတော့ ပန်ကာများ ၊ အဝတ်လျှော်စက်များကဲ့သို့သော ဆူညံသံများကြောင့် စိတ်ရှုပ်ထွေးရပါတယ်။
အံ့အားသင့်စရာ ထူးခြားချက်အနေနဲ့ ကလေးငယ်များဟာ မိခင်ရဲ့အသံကို မွေးဖွားခြင်းမပြုမီ သန္ဓေသားဘဝမှာကတည်းက သိရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ မိခင်ဝမ်းထဲရှိ သန္ဓေသားလေးများဟာ ကိုယ်ဝန်သက်တမ်း နောက်ဆုံး ၁၀ပတ်မှာ မိခင်ရဲ့အသံကို တက်ကြွစွာ နားထောင်ခဲ့ကြတယ်လို့ အဖြေထွက်ခဲ့ပါတယ်။
ထိုသို့နားထောင်ခဲ့ခြင်းများကြောင့်ပဲ မီးဖွားပြီးနောက်မှာ မိခင်ဖြစ်သူရဲ့အသံနဲ့ ဘာသာစကားတို့ကို သိရှိနားလည်ပြီး အသိအမှတ်ပြုနိုင်တာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး