ထုံဆေးမျာဟာ မေ့ဆေးနှင့် opioid analgesics ပေါင်းစပ်မှု တစ်ခုဖြစ်ပြီး ၎င်းဟာ သင့်ကလေးအား နှလုံးခုန်နှုန်း ယာယီပြောင်းလဲခြင်း ၊ အသက်ရှူရခက်ခဲခြင်း တို့ဖြစ်စေပါတယ်။
ဒါ့အပြင် ငိုက်မျဉ်းခြင်း ၊ ကြွက်သားတည်ဆောက်ပုံ လျော့နည်းခြင်း တို့ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နို့စို့အရွယ် ရင်သွေးငယ်တွေမှာ ပိုအဖြစ်များပါတယ်။
ထိုသို့သော ပြဿနာများဟာ ရေတိုသာဖြစ်ပြီး ကြာရှည်မဟုတ်ပေမယ့် ထုံဆေးအသုံးပြုထားခြင်းကြောင့် ရင်သွေးကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်ပါတယ်။
စောင့်ကြည့်လေ့လာမှုများဟာ သင့်ရဲ့ လှုပ်ရှားမှုများကို အနည်းငယ် ကန့်သတ်ထားသော်လည်း ဆရာဝန်က ရင်သွေးငယ်ရဲ့ နှလုံးခုန်နှုန်း ပြောင်းလဲမှုကို စောင့်ကြည့်ပြီး အခြေအနေကို တိတိကျကျ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး