စျေး မီဒီယာ
မမွေးဖွားမှီ

မီးဖွားရာမှာ လွယ်ကူချောမွေ့စေမယ့် နည်းလမ်းကောင်းလေးများ

Posted by May Thaw Htoo July 12, 2022
Tor1evvkzdxcmjzfrc89

ကိုယ်ဝန်ဆောင်ကာလမှာ သင့်အနေနဲ့ မီးဖွားဖူးသူတွေ ၊ သားဖွားကျွမ်းကျင်ဆရာဝန်တွေ သူနာပြုတွေထံကနေ အကြံဉာဏ်တွေ တောင်းခံထားသင့်ပါတယ်။ မီးဖွားခြင်းအတွက် ကြိုတင်လေ့လာမှုတွေ ၊ ဗဟုသုတစာပေများကိုလည်း ကြိုတင်ဖတ်ရှုထားသင့်ပါတယ်။ ဒီနေရာမှာ မီးဖွားခြင်း ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာပြီးဆုံးနိုင်ဖို့ မိခင်လောင်းရဲ့ ခန္ဓာကိုယ်ဟာ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်သက်တမ်းအလိုက် သင့်တော်တဲ့ လေ့ကျင့်ခန်းများကို ရွေးချယ်ပြုလုပ်ထားရပါမယ်။ လေ့ကျင့်ခန်းပြုလုပ်တာနဲ့တပြိုင်နက် အာဟာရပြည့်ဝမျှတဖို့အတွက် အစားအစာများကို လုံလောက်စွာ စားသုံးပေးရပါမယ်။ နောက်ပြီး သင့်ရဲ့စိတ်အခြေအနေမှာ စိုးရိမ်ကြောက်ရွံ့ခြင်းတွေ ကွယ်ပျောက်ပြီး တည်ငြိမ်မှုရရှိစေဖို့ စိတ်လေ့ကျင့်ခန်းများ ဥပမာ-တရားထိုင်ခြင်း တို့ကို ပြုလုပ်ပေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ ရေချိုးတဲ့နေရာမှာ ရေနွေးကိုအသုံးပြုခြင်းက မီးဖွားချိန်မှာ သာမန်မိခင်လောင်းတွေထက် ပိုမိုအဆင်ပြေ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းပူတဲ့ ရေနွေးတွေကိုတော့ ရေချိုးတဲ့နေရာမှာ အသုံးမပြုဖို့ အကြံပြုပါရစေ။ အရမ်းပူတဲ့ ရေနွေးတွေဟာ သန္ဓေသားအပေါ် သက်ရောက်မှုရှိပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ အန္တရာယ်ရှိနိုင်တာကြောင့်ပါ။

မိခင်လောင်းတွေ အထိုင် ၊ အထပြုလုပ်ရာမှာလည်း နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ပြုလုပ်ရပါမယ်။ ခင်ပွန်း ၊ မိဘနဲ့ အခြားမိသားစုဝင်တွေကလည်း ကိုယ်ဝန်ဆောင်မိခင် မီးဖွားရာမှာ အဆင်ပြေလွယ်ကူချောမွေ့ နိုင်စေဖို့ ငွေအား ၊ လူအား ၊ အကြံဉာဏ်အား စသဖြင့် တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

မိခင်နှင့်ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.