ကလေးငယ်လေးပေါင်ချိန်မပြည့်မီခြင်းကို ၀မ်းနည်းပူဆွေးနေမဲ့အစား ကလေးငယ်လေးကိုတတ်နိုင်သမျှ ပြင်ဆင်ပေးနိုင်ပါတယ်။ နို့ချိုတိုက်ကျွေးပေးပါ။ မိခင်နို့ချိုဟာ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်မြှင့်တင်ဖို့ အကူအညီပေးပြီး ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါသေးတယ်။ ကလေးငယ်ကိုလည်း ဆရာဝန်နဲ့ အချိန်မှန်ပြသပေးပြီး ကလေးငယ်ရဲ့ တိုးတက်မှုကိုစောင့်ကြည့်တိုင်ပင်ဖို့ လိုပါသေးတယ်။
ကလေးငယ်အသက်ရလာတဲ့အခါ ကိုယ်အလေးချိန်ကို ဆက်လက်စောင့်ကြည့်နေဖို့လိုပါသေးတယ်။ ကလေးငယ်ဟာ ကိုယ်အလေးချိန် အလွန်အမင်းတိုးတက်လာခြင်းကလည်း အလေးချိန်နဲ့ အရပ်အမြင့် ပြဿနာဖြစ်လာနိုင်သေးလို့ပါ။
ကျန်မားတဲ့ခန္ဓာကိုယ်အလေးချိန် ရရှိဖို့ကြိုးစားဖို့လိုအပ်ပါသေးတယ်။ ပိုလျှံသောသကြားဓာတ်နဲ့ ပြုပြင်ထားသော အစားအစာများကျွေးခြင်းမှလည်း ရှောင်ရှားသင့်ပါသေးတယ်။ မိခင်နို့ရည်တစ်ခုတည်းကိုသာ ၆လသားအထိတိုက်ကျွေးပြီး ဖြည့်စွတ်စာများကိုတော့ ၆ လသားကျော်မှာ စတင်ကျွေးနိုင်ပါတယ်။
စိတ်ရှည်ဖို့လည်းလိုအပ်ပါသေးတယ်။ ကိစ္စရပ်များဟာ နေ့ချင်းညချင်းဖြစ်မလာပါဘူး။ ကိုယ်အလေးချိန်တက်လာခြင်းက အချိန်ယူရပါတယ်။ လချီ၍ပင်ကြာနိုင်ပါသေးတယ်။ ထို့အတွက်လည်းစိတ်ဓာတ်မကျဘဲ ဆက်လက်လုပ်ဆောင်နေဖို့လိုအပ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး