စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

နို့တိုက်မိခင်တေွ ပျားရည် ရေှာင်ဖို့ လိုပါသလား

Posted by Ni Ni December 27, 2020
Nwpuzqezqc0spnj1wpku

နို့တိုက်မိခင်တေွမှာ နို့ထဲကနေတစ်ဆင့် ကလေးဆီ ရောက်မှာစိုးလို့ ရေှာင်တဲ့အစားအစာတေွ ရိှပါတယ်။ အဲ့ဒီ အစားအစာတေွထဲက တစ်ခုက ပျားရည်ပါ။ ပျားရည်ကို ကလေးအစာ အဆိပ်သင့်ခြင်း (Infant Botulism) ဖြစ်မှာ စိုးတဲ့အတွက် တစ်နှစ်အောက်ကလေးတေွမှာ မကျေွးကြပါဘူး။ ကလေးအစာအဆိပ်သင့်တယ် ဆိုတာ Clostridium Botulism လို့ခေါ်တဲ့ ပိုး တစ်မျိုးကြောင့် ဖြစ်ရတာပါ။

Wr1lc5sakud8yw4hbiem

နို့တိုက်မိခင်တေွ ပျားရည် စားလို့ရလား
-----------------------------------------------

နို့တိုက်မိခင်တေွ ပျားရည်စားလို့ရလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ စားလို့ရပါတယ်။ ဒါပေမဲ့ ပျားရည်အစိမ်းစားတာကိုတော့ ရေှာင်သင့်ပါတယ်။ ပျားရည်အစိမ်းမှာ Clostridium Botulism ပိုးတေွ ပိုပါနိုင်ပါတယ်။Botulism ပိုးဟာ အမေရဲ့ အစာခြေလမ်းကြောင်းထဲရောက်ရင် သေသွားပါတယ်။ ဒါကြောင့် အမေရဲ့ သေွးထဲ မရောက်နိုင်သလို မိခင်နို့ထဲမှာလဲ မပါနိုင်ပါဘူး။ ပိုးရဲ့ အရွယ်အစားဟာလည်း မိခင်နို့ထဲမှာ ပါဖို့ ကြီးလွန်းနေသလို ပိုးကထုတ်တဲ့ အဆိပ်ကလည်း မိခင်နို့ထဲမှာ မပါတဲ့အတွက် မိခင်နို့ကနေ ကလေးဆီ ကူးနိုင်စရာ မရိှပါဘူး။လူကြီးတေွနဲ့ မတူဘဲ ကလေးတေွရဲ့ အစာအိမ်မှာ လုံလောက်တဲ့ အက်စစ်ဓာတ် မရိှတဲ့အတွက် Botulism ပိုးကို သတ်နိုင်စွမ်း မရိှပါဘူး။ ကလေးငယ်က ပျားရည်အစိမ်းကို စားမိတယ်ဆိုရင် Botulism ပိုးဟာ အူလမ်းကြောင်းမှာ ပွားများနိုင်ပြီး အဆိပ်တေွထုတ်တဲ့အတွက် ကလေးအစာအဆိပ်သင့်ခြင်း (Infant Botulism) ကို ဖြစ်စေပါတယ်။

Apr717hvq5oqwa76y4nj

နို့တိုက်နေတုန်း ပျားရည်စားမယ်ဆို ဘာတေွ သတိထားရမလဲ
----------------------------------------------------------------------

၁။ ပိုးတေွလက်မှာ ကပ်ပြီး ကလေးကို ကူးမှာကို ရေှာင်ဖို့အတွက် လက် သေချာ ဆေးပါ။
၂။ ပျားရည် မဝယ်ခင် ထုတ်လုပ်ရက်နဲ့ သက်တမ်းကုန်ဆုံးရက်ကို သေသေချာချာ စစ်ဆေးပါ။
၃။ ပိုးသတ်ပြီးသား (Pasturized) ပျားရည်ကို ရေွးခြယ်ဝယ်ယူပါ။
၄။ သင့်တော်တဲ့ ပမာဏသာ ချင့်ချိန်စားပါ။
၅။ ဘယ်လို ပျားရည် အမျိုးအစားကို စားသင့်လဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

Jiniqnjy1dmczmkmfrlp

ပျားရည်က နို့တိုက်မိခင်ကို ဘယ်လို အကျိုးပြုနိုင်သလဲ
-----------------------------------------------------

ပျားရည်ဟာ သဘာဝအတိုင်းတေွ့ရတဲ့ အချိုအရသာ ရိှတဲ့ စားစရာဖြစ်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူး အများအပြား ရိှပါတယ်။

၁။ ပျားရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အချိုအရသာရိှတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။
၂။ သံဓာတ်ပါဝင်တဲ့အပြင် ကယ်လ်ဆီယမ်၊ ဖောလိတ်၊ ဗီတာမင် ဘီ နဲ့ စီ တို့လည်း ပမာဏ အနည်းငယ် ပါဝင်ပါတယ်။
၃။ မိခင်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။
၄။ အနာအကျက်မြန်စေပြီး အူတွင်း အနာဖြစ်တာနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာဝေဒနာတေွကို သက်သာစေနိုင်ပါတယ်။
၅။ အူရောင်တာ၊ အအေးမိတာနဲ့ လည်ချောင်နာတာတေွကို သက်သာနိုင်ပါတယ်။
၆။ ကင်ဆာနဲ့ နှလုံးရောဂါတေွကို ကာကွယ်နိုင်စွမ်း ရိှပါတယ်။

ကို်ယ်ဝန်ဆောင်မိခင်တေွနဲ့ နို့တိုက်မိခင်တေွမှာ ပျားရည်ရဲ့ ဆိုးကျိုး ရိှ၊ မရိှဆိုတာ သိပ္ပံနည်းကျ စမ်းသပ်ထားတာမျိုးတော့ မရိှပါဘူး။ အကြမ်းဖျင်း ပြောရမယ်ဆို ပန်းဝတ်မှုန်နဲ့ ပျားနဲ့ ပတ်သတ်လို့ ဓာတ်မတည့်တာမျိုး ဖြစ်ဖူးတယ်ဆိုရင်တော့ ရေှာင်သင့်ပါတယ်။ ဆီးချိုရိှတဲ့သူတေွနဲ့ သေွးတွင်းသကြားဓာတ် နည်းတဲ့ သူတေွမှာတော့ သတိထားပြီး စားသင့်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိတဲ့သူတေွ၊ တစ်နှစ်အောက် ကလေးငယ်ရှိတဲ့ နို့တိုက်မိခင်တေွအနေနဲ့ ပျားရည်ကို ပုံမှန်စပြီး စားတော့မယ်ဆိုရင် မစားခင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးပါ။
#Ref....Dr.MTA
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.