ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ကတော့ အမျိုးမျိုး ပါပဲ။ ဒီ ကျန်းမာရေး ပြဿနာတွေက ဆေးခန်း ပြလောက် တဲ့အထိ မလိုအပ်ပေမယ့် ခံစားရ ခက်တာကတော့ အသေအချာ ပါပဲ။ဒီ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ထဲမှာ ဖော်ပြ ပေးထားတာမို့ ဖတ်ကြည့်လိုက်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေက
------------------------------
ဝမ်းချုပ်တာ
ကြွက်တက်တာ
မောပန်း နွမ်းနယ်တာ
ပူသလို အိုက်သလို ခံစားရတာ
ဆီး ခဏခဏ သွားတာ
အရေပြား နဲ့ ဆံသား ပြောင်းလဲတာ
ခြေလက်တွေ ဖောရောင်တာတွေ ခံစားရနိုင်ပါတယ်။
၁။ ဝမ်းချုပ်တာကို သက်သာစေဖို့
-----------------------------------
ဝမ်းချုပ်တာကို ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့်အမျှင်ဓာတ် ကြွယ်ဝတာတွေ စားပါ။ ပေါင်မုန့်ကြမ်း၊ cereals၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ပဲနီလေး စတာတွေ စားပေးပါ။လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးပါ။
ရေများများ သောက်ပါ။
သံဓာတ် အားဆေးတွေမလိုအပ်ဘဲ မသောက်ပါနဲ့။
၂။ ကြွက်တက်တာ သက်သာစေဖို့
-------------------------------------
ကြွက်တက်တာကို သက်သာစေဖို့ဆိုရင်
သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
ရေများများ သောက်ပါ
ခြေထောက်ကို အကြောဆန့်ပါ
ခြေထောက် လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။
၃။ ပင်ပန်းနွမ်းနယ်တာကို သက်သာစေဖို့
------------------------------------------
ကိုယ်ဝန်ဆောင် တော်တော်များများ ခံစားရတဲ့ မောပန်း နွမ်းနယ်တာကို သက်သာစေဖို့ဆိုရင်
လမ်းလျှောက်ပါ
သက်သောင့်သက်သာ နေပါ
ခပ်ဆန့်ဆန့်လေး လှဲလျောင်းပါ
ရေများများ သောက်ပါ
အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
၄။ ပူအိုက်တယ်လို့ ခံစားရတာကို သက်သာစေဖို့
-------------------------------------------------
ပူအိုက်တယ်လို့ ခံစားရတာကို သက်သာစေဖို့ဆိုရင်
ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ပါ
အခန်း အပူချိန်ကို သေချာ ထိန်းညှိပေးပါ
ပန်ကာ၊ လေအေးပေးစက် သုံးပါ
ရေချိုးတာမျိုး လုပ်ပေးပါ။
၅။ ခြေလက် ဖောရောင်တာကို သက်သာစေဖို့
-----------------------------------------------
ခြေလက် ဖောရောင်တာကို သက်သာစေဖို့ဆိုရင်
အကြာကြီး မတ်တတ် မရပ်ပါနဲ့
ခြေထောက် ချိတ်မထိုင်ပါနဲ့
ကိုယ်အလေးချိန် လျှော့ပါ
ခြေထောက်ကို သက်တောင့်သက်သာ ရှိအောင် ထားပေးပါ
အိပ်တဲ့အခါ ခြေထောက်ကို မြင့်မြင့်လေး ထားပေးပါ
လမ်းလျှောက်တာလိုမျိုး ခြေထောက် လှုပ်ရှားမှု ဖြစ်မယ့် လေ့ကျင့်ခန်းမျိုးကို လုပ်ပေးပါ။
Ref...ဒေါက်တာ ဖြိုးဝေလင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး