ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် ဒါလေးတွေ စားပေးပါ။
၁။ ငါး
--------
လေ့လာမှုတွေအရ omega-3 ပါတဲ့ ငါးတွေ ဖြစ်ကြတဲ့ မက်ကာရယ်၊ ဆယ်လ်မွန် စတဲ့ ငါးတွေက စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ဒါပေမယ့် တစ်ခုရှိတာက ဒီငါးတွေက မာကျူရီ ပါဝင်မှု မြင့်တက်တာပါ။ မာကျူရီများတာက ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ အများကြီး စားဖို့တော့ မသင့်တော်ပါဘူး။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ စားပေးပါ။
၂။ ဟင်းနုနွယ်
-----------------
အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းနုနွယ်မှာ ဖောလစ်အက်ဆစ် ပါဝင်နေတာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာက ဦးနှောက်ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ဒါကလည်း စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ အချက်တစ်ခုပါ။
၃။ အခွံမာသီးတွေ
---------------------
Brazil nuts၊ သစ်ကြားသီး၊ အယ်လ်မွန်စေ့လိုမျိုး အခွံမာသီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုဖြစ်တာ၊ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်စိတ်များတာလိုမျိုး စိတ်အခြေအနေတွေကို သက်သာစေနိုင်တဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ selenium ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအခွံမာသီးတွေကို စားပေးမယ်ဆိုရင် မေမေအနေနဲ့ စိတ်ခံစားမှု ကောင်းစေမှာပါ။
၄။ အနက်ရောင် ချောကလက်
--------------------------------
အနက်ရောင်ချောကလက် တစ်တုံး ကနေ ၃ တုံးလောက်အထိစားပေးတာက ခန္ဓာကိုယ်ကနေ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့ အားပေးနိုင်ပါတယ်။ ချောကလက်မှာ ကြွက်သားတွေကို ပြေလျော့စေပြီး စိုးရိမ်ပူပန်မှုကို သက်သာစေနိုင်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် အနက်ရောင် ချောကလက် စားပေးပါ။
၅။ ပဲနီလေး
--------------
ပဲနီလေးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး စိတ်ခံစားမှု ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။ သံဓာတ် ပါဝင်မှု မြင့်မားတာကလည်း ခန္ဓာကိုယကို အင်အားပြည့်ဝစေပြီး စိတ်ပင်ပန်းမှုကို လျော့ကျစေပါတယ်။
၆။ ငှက်ပျောသီး
------------------
ငှက်ပျောသီးမှာ ဗီတာမင် B6 နဲ့ tryptophan တို့လိုမျိုး ပျော်ရွှင်ခြင်း ဟော်မုန်းကို ဖြစ်ပေါ်စေတဲ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ စိုးရိမ်ပူပန်မှုကို သက်သာစေပြီး ကောင်းကောင်းအိပ်ပျော်စေသလို စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။
#Ref....ဒေါက်တာ ဖြိုးဝေလင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး