ကိုယ်ဝန်ဆောင် သွေးတိုးကြောင့် မေမေရော ဘေဘီလေးပါ မထိခိုက်စေဖို့အတွက် ကာကွယ်တဲ့ အနေနဲ့အနေ မေမေတိုင်း နေ့စဉ်မှာ ဒီလိုလေးတွေ စားပေးစေချင်ပါတယ်။
၁။ သလဲသီး
--------------
သလဲသီးက ဒီအတိုင်းစားလို့ရသလို ဖျော်သောက်လို့လည်းရတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးတစ်မျိုးပါ။ လေ့လာမှု တစ်ရပ်အရ သလဲသီးဖျော်ရည် ပုံမှန်သောက်ပေးတာက သွေးတိုးကျစေဖို့ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။သကြား ထပ်ထည့်မထားတဲ့ သလဲသီးဖျော်ရည်ကို သောက်သုံးပေးတာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို သက်သာစေမှာပါ။
၂။ သံလွင်ဆီ
---------------
သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ သံလွင်ဆီမှာ polyphenols လို့ခေါ်တဲ့ နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး သွေးပေါင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ့် အစားအစာတွေကို သံလွင်ဆီနဲ့ ချက်ပြုတ်တာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။
၃။ Pistachios (ရင်ကွဲစေ့)
-----------------------------
Pistachios (ရင်ကွဲစေ့) က သွေးကြောတွေကို ပြေလျော့စေပြီး နှလုံးခုန်နှုန်းကို စည်းချက် မှန်စေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ Pistachios (ရင်ကွဲစေ့) ကို စားသုံးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
၄။ အစေ့အဆန်
------------------
ဆားထပ်စွက်မထားတဲ့ အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ သွေးပေါင်ကျစေနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးထားပါတယ်။ တစ်နေ့ကို နေကြာစေ့၊ ဖရုံစေ့ တို့လိုမျိုး အစေ့အဆန်တွေကို လက်တစ်ဆုပ်စာ ပုံမှန် စားသုံးပေးပါ။
၅။ ငှက်ပျောသီး
------------------
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန် အနေအထားကို အကောင်းဆုံး ထိန်းညှိဖို့ဆိုရင် ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီးလိုမျိုး အသီးအနှံတွေကို စားပေးပါ။ ငှက်ပျောသီးကို ခပ်ပါးပါးလေး လှီးပြီး ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အခြားသော အစားအစားတွေ ဖြစ်ကြတဲ့ cereal ဒါမှမဟုတ် oatmeal တို့ထဲကို ထည့်ပြီး မနက်စာ စားပေးတာက သွေးတိုးတာကို သိသိသာသာ သက်သာစေမှာပါ။
၆။ အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်
----------------------------------
အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ်မှာ ကယ်လ်ဆီယမ် ကြွယ်ဝပြီး အဆီ ပါဝင်မှုနည်းပါတယ်။ ဒီအချက်တွေကပဲ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်မှာပါ။American Heart Association ရဲ့ အဆိုအရ တစ်ပတ်ကို အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ်ကို ၅ ကြိမ် ဒါမှမဟုတ် ၅ ကြိမ်နဲ့အထက် စားသုံးသူတွေဟာ သွေးတိုးဖြစ်နိုင်ခြေ ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းလောက် နည်းနေတယ် ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကိုယ်တိုင် ကျန်းမာပြီး ဘေဘီလေးကို အာဟာရပြည့်ပြီး အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ် စားသုံးပေးပါ။ဒါတွေအပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်ငါး စတာတွေကို စားသုံးပေးတာက သွေးတိုးကျစေသလို ဘေဘီလေးကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး