ကလေးတို့အတွက် ကမ္ဘာ့နားလည်မှု စွမ်းရည်အမြင်းဆုံးနဲ့ သူတို့ရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တေွကို ပြောပြပေးမယ်နော်။
ချင်ပန်ဆီမျောက်
=========
မျောက်သတ္တဝါအားလုံးထဲမှာ ချင်ပန်ဆီမျောက်ဟာ လူတေွရဲ့ ဆက်သွယ်မှုမှာ နားလည်မှု စွမ်းရည်အမြင့်ဆုံး ဖြစ်ပါတယ်။ အာဖရိကဘက်မှာ နေတဲ့ချင်ပန်ဇီ မျောက်တေွဟာ လူတေွရဲ့ နေထိုင်မှုနဲ့လိုက်ရောညီထေွ နေတတ်ကြပြီး လူတေွရဲ့ အရိပ်အကဲကို နားလည်မှုရှိတဲ့ သတ္တဝါလေးတေွ ဖြစ်ပါတယ်။
ဆင်
==
ကုန်းမြေပေါ်မှာရှိတဲ့ သတ္တဝါတေွထက် ဆင်ဟာ ခန္ဓာကိုယ်အကြီးဆုံး၊ အင်အားအကြီးဆုံးက ဆင်တေွပါ။ ကြီးမားတဲ့ ဦနေှာက်ကို ပိုင်ဆိုင်ထားသလို ဉာဏ်ရည်အမြင့်ဆုံးကိုလည်း ပိုင်ဆိုင်ထားပြီး ဆင်များ သန္ဓေတည်တဲ့ အချိန်ဟာ ၂၂လ ကြာမြင့်ပါတယ်။ မေွးဖွားလာတဲ့ ဆင်ကလေးရဲ့ ပျမ်းမျှပေါင်ချိန်ဟာ ၂၆၀ ပေါင်ရှိပါတယ်။ အာဖရိဘက်က ဆင်များက နားရွက်ကြီးပြီး၊ အာရှဘက်မှ ဆင်များကတော့ နားရွက်သေးတယ်။ ဆင်များဟာ လူတေွနဲ့ ဆက်သွယ်မှုမှာ နားလည်မှုစွမ်းရည်အမြင့်ဆုံး သတ္တဝါတေွ ဖြစ်ပါတယ်။
လင်းပိုင်
လင်းပိုင်များဟာ စွမ်းရည်မြင့်တဲ့ သတ္တဝါတေွ ဖြစ်ပါတယ်။ လင်းပိုင်များဟာ ထိုးထွင်းသိမြင်နိုင်မှု မြင့်မားကြပြီး ကြီးမားတဲ့ ဦးနေှာက်တေွရှိပါတယ်။ ပင်လယ်ထဲမှာ ကြုံတေွ့ရတတ်တဲ့ လူတေွရဲ့ ပြဿနာတေွကိုလည်း လင်းပိုင်များဟာ ဖြေရှင်းပေးတတ်ကြပါတယ်။ လင်းပိုင်များဟာ ဖြေရှင်းပေးတတ်ကြပါတယ်။ လင်းပိုင်များ အိပ်တဲ့အခါ တစ်ဖက်တည်းကိုပဲ စောင်းအိပ်တတ်ကြပြီး ကျန်တဲ့ တစ်ဖက်ကိုတော့ ရောက်ရှိလာမယ့် အန္တရယ်တေွကို အာရုံစူးစိုက် ထားတတ်ကြပါတယ်။ ပင်လယ်ငါးကြီးတေွထဲမှာ အလှဆုံးငါးလည်း ဖြစ်ပါတယ်။
အညိုရောင် ကြက်တူရေွး
=============
လူတေွနဲ့ ဆက်သွယ်ရာမှာ နားလည်မှုစွမ်းရည်မြင့်ပြီး လူတေွရဲ့ လှုပ်ရှားမှုတေွကို နားလည်လွယ်တဲ့ သတ္တဝါကတော့ ကြက်တူရေွးပါ။ ကြက်တူရေွးဟာ လူတေွနဲ့ အနေများသလို လူတေွလို စကားပြော စွမ်းရည်လည်း မြင့်မားကြပါတယ်။ ကြက်တူရေွးဟာ တခြားငှက်တေွနဲ့ မတူဘဲ တောက်ပတဲ့ အလှတရားတေွနဲ့ ဆွဲဆောင်ထားနိင်တဲ့ ငှက်တစ်မျိုးပဲ ဖြစ်ပါတယ်။
Ref; မေ့ရင်သေွး