ကလေးတစ်ယောက်ကို အရွယ်တော်တော်လေးရောက်မှ အစားအစာတွေကို စတင်ကျွေးမယ်ဆိုရင် ကလေးအနေနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အဖိုးတန်ဗီတာမင် နဲ့ သတ္တုဓါတ်တွေကိုလက်လွတ်သွားနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေချိန်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေမပြည့်ဘူးဆိုတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေမှာအသေအချာပါ။ ခန္ဓါကိုယ်ရဲ့ ဆင့်ကဲဖြစ်စဉ်တွေနှေးသွားမှာပါ။ကလေးကို အစောဆုံးအနေနဲ့ ၄ လခွဲနောက်အကျဆုံးက ၆ လမှာကျွေးရမှာပါ။ ဒီလိုမှမဟုတ်ဘဲ ကလေးကို ၈ လကျော်မှ အစားစကျွေးမယ်ဆိုရင်တော့ ကလေးရဲ့အာရုံခံနိုင်စွမ်းထိခိုက်စေနိုင်သလို စကားပြောဆိုနိုင်မှုစွမ်းရည်နဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တွေကိုပါထိခိုက်စေနိုင်ပါတယ်။ အစားစားဖို့နဲ့စကားပြောဖို့အတွက်လိုအပ်တဲ့ အာရုံခံစားမှုနဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တွေကို အစောပိုင်းကာလအတွင်း အစားစားရင်းကနေရမယ့် ဝါးစားတာ၊မျိုချတာတွေကနေ အတွေ့အကြုံရယူရတာပါ။ ဒါကြောင့်ကလေးကို ၈ လကျော်မှ အစားစကျွေးမယ်ဆိုရင် ကလေးက ဒီသင်ယူခွင့်ကို ကန့်သတ်ခံလိုက်ရမှာဖြစ်ပါတယ်။ကလေးက အသက် ၆ လလောက်ရောက်လာပြီဆိုရင် ထမင်း၊ ကန်ဇွန်းဥ၊မုန်လာဥနီ၊ရွှေဖရုံသီး၊ ပန်းဂေါ်ဖီစိမ်းတို့ကိုကြိတ်ခြေပြီး စစားလို့ရပါပြီ။ ဒါက သူတို့အတွက် အာဟာရပြည့်ဝတဲ့ solid food ပါ။ ဒီကနေမှ ၇ လလောက်အရွယ်ရလာတဲ့အခါ ကြက်သားလိုမျိုးအရာတွေကို စပြီးကျွေးလို့ရပါပြီ။ ဒါတွေအပြင် ကလေးကို မိခင်နို့တိုက်ဖို့လိုသလို အာဟာရဖြည့်ပေးနိုင်မယ့် နို့မှုန့်တိုက်ဖို့လည်းလိုပါလိမ့်မယ်။ ဒီလိုဖွံဖြိုးဖို့အတွက် အရေးပါတဲ့ ကာလတွေမှာ ကလေးကို အာဟာရပြည့်ဝအောင်မကျွေးမိတာက ဘယ်လောက်တောင် ထိခိုက်စေလိုက်မလဲ။ ကလေးရဲ့ အသက်က ၆ လပြည့်ပြီဆိုတာနဲ့ ကလေးက ပိုးပြီးလိုအပ်လာတဲ့ ခန္ဓါကိုယ်ရဲ့ အာဟာရလိုအပ်ချက်အတွက်ဖြည့်တင်းပေးနိုင်ဖို့ အစာခြေစနစ် အပြည့်အဝဖွံ့ဖြိုးပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို အသက် ၆ လ ဆိုတာနဲ့ တတ်ကျွမ်းနားလည်သူနဲ့တိုင်ပင်ပြီး အစားစကျွေးဖို့ပြင်သင့်ပါတယ်။
ကလေးကို အစားစကျွေးတဲ့အခါ ဒါလေးတွေသတိထားပေးပါ
---------------------------------------------------------------
ကလေးကိုအစားစကျွေးတဲ့အခါ ဆားလုံးဝမထည့်ဘဲ သံဓါတ်ြဖည့်ပေးနိုင်မယ့် အစားအစာမျိုးကိုအဓိကထားရပါမယ်။
နောက်တစ်ချက်က အချိုမှုန့်ကိုရှောင်ရပါမယ်။
ကယ်လ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ အစားအစာကိုပဲ အဓိကထားကျွေးရပါမယ်။
လတ်ဆတ်သန့်ရှင်းမှုကိုလည်း အလေးထားပါ။
ကလေးကို သဘာဝအရသာအတိုင်းကျွေးပေးပါ။
ကလေးအတွက် လိုအပ်တဲ့ပမာဏအတိအကျဖြစ်အောင်လည်း ဂရုစိုက်ပေးပါနော်။
ကလေးကို ၈ လလောက်မှ အစားစကျွေးမယ်ဆိုရင် ဘာတွေဖြစ်နိုင်လဲ
-----------------------------------------------------------------------
ကလေးကို အစောဆုံး ၄ လခွဲနောက်အကျဆုံးအနေနဲ့ ၆ လမှာ အစားစကျွေးရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ကလေးကို ၆ လနောက်ပိုင်း ဒါမှမဟုတ် ၈ လမှ အစားစကျွေးမယ်ဆိုရင် ကလေးမှာ အခုလိုမျိုး အခြေအနေတွေခံစားရနိုင်ပါတယ်။
ကြီးထွားမှုနှေးသွားနိုင်တယ်
သံဓါတ်ချို့တဲ့မှုဖြစ်နိုင်တယ်
စကားပြောနောက်ကျနိုင်တယ်
အစားမစားဘဲ ကလေးက အစားစားဖို့ကြေးများသွားနိုင်တယ်
အစားအစာဓါတ်မတည့်တာမျိုးဖြစ်နိုင်တယ်
အာရုံခံနိုင်စွမ်းထိခိုက်စေနိုင်တယ်
လှုပ်ရှားမှုစွမ်းရည်တွေထိခိုက်စေနိုင်တယ်
ပန်းနာရင်ကြပ်ြဖစ်စေနိုင်တယ်
ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ဖျားနာခြင်း
အရေပြားပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ကလေးကို အရွယ်မရောက်ခင်အားကျွေးတာကလည်းမကောင်းသလိုနောက်ကျမျကျွေးတာကလည်း မကောင်းပါဘူး။ ဒီတော့ကလေးကခေါင်းမတ်မတ်ထားနိုင်ပြီ။ အစာတွေကို စိတ်ဝင်စားမှုရှိပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အစောဆုံး ၄ လခွဲ နောက်အကျဆုံး ၆ လအရွယ်မှာ Solid food စစားတတ်အောင်လေ့ကျင့်ပေးပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး