စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးအာဟာရမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်ဖို့ ဘာကြောင့် လိုအပ်တာလဲ?

Posted by May Thaw Htoo July 1, 2022
Vtvqifneafudclnnrljm

ဗီတာမင်ဆိုတာလူ့ခန္ဓါကိုယ်အတွက်မရှိမဖြစ်အရေးပါတဲ့အရာတွေပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေက ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ကျန်းမာစေဖို့ အဓိကအထောက်အကူပြုသလို ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊အမြင်အာရုံဖွံ့ဖြိုးဖို့၊အရိုးသန်မာစေဖို့၊ အရေပြားနဲ့ကိုယ်တွင်းအင်္ဂါကျန်းမာစေဖို့၊ရောဂါပိုးတွေကိုခုခံနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တချို့ကို ချို့တဲ့တဲ့အခါ ကျန်းမာရေးထိခိုက်မှုကြီးမားတဲ့အထိဖြစ်စေနိုင်ပါတယ်။ဖွံ့ဖြိုးကာစ ကလေးတွေအတွက်ဆို ပိုလို့တောင်အရေးကြီးပါသေးတယ်။ ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကျန်းမာသွက်လက်ဖို့ကအစ ဉာဏ်ရည်ထက်မြက်မှုအထိ မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်တွေကို ဘယ်ကရရှိနိုင်မလဲ။ အာဟာရဓါတ်တွေညီညွတ်မျှတအောင် အစုံမစားနိုင်သေးတဲ့အရွယ်ဖြစ်တာကြောင့် သူတို့ကိုကျွေးမယ့်အာဟာရထဲ ဗီတာမင်ဓါတ်ပြည့်ဝနေမှဖြစ်မှာပါ။ မိခင်နို့မှာ အာဟာရပြည့်ဝတယ်ဆိုပေမယ့် မိခင်နို့အပြည့်အဝမရနိုင်တဲ့ကလေးတွေ ဗီတာမင်နဲ့သတ္တုဓါတ်အချိုးမျှတစွာသောက်သုံးနိုင်ဖို့ အာဟာရဓါတ်တွေအပြည့်အဝပါဝင်နေတဲ့ကလေးနို့မှုန့်၊အာဟာရမှုန့်ကိုရွေးချယ်သင့်ပါတယ်။သူတို့လေးတွေစားမယ့် ကလေးအာဟာရထဲမှာ ဗီတာမင်ဓါတ်တွေဘာလို့ပါဝင်သင့်သလဲဆိုတာတော့အောက်မှာအသေးစိတ်ဖော်ပြလိုက်ပါတယ်။

W8dno96pzz9nvdjxfyod

၁။ Iron
----------

သံဓါတ်က သွေးတွင်းမှာရှိတဲ့ hemoglobin နဲ့ ကြွက်သားအတွင်းအောက်ဆီဂျင်ထိန်းသိမ်းပေးတဲ့myoglobinဖြစ်ပေါ်မှုအတွက် အရေးပါပြီးသွေးအားကောင်းစေပါတယ်။

၂။ Calcium
---------------

ကယ်လ်စီယမ်က အရိုးနဲ့သွားကို ကြံ့ခိုင်စေတယ်၊ အာရုံကြောအားကောင်းစေတယ်၊ ကြွက်သားသန်မာစေတယ်၊သွေးလည်ပတ်မှုကောင်းစေတယ်၊ ခန္ဓါကိုယ်ကို အစားအစာကနေ ခွန်အားအဖြစ်ပြောင်းလဲနိုင်စွမ်းပိုကောင်းစေပါတယ်။

၃။ Essential fatty acids(EFAs)
--------------------------------------

မရှိမဖြစ်လိုအပ်တဲ့fatty acidsတွေက ဆဲလ်တွေနဲ့ အာရုံကြောစနစ်ကို ကျန်းမာအောင် ထိန်းညှိပေးတယ်၊ နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေတယ်၊ကိုယ်ခံအားကောင်းစေတယ်၊ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကောင်းစေတယ်။ ဦးနှောက်လုပ်ဆောင်ချက်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။

Ath6geffdmnznstuab7u

၄။ Magnesium
-------------------

မဂ္ဂနီဆီယမ်က အရိုးသန်မာစေပြီး နှလုံးခုန်သံပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက်တွေကိုကောင်းစေပါတယ်။

၅။ Potassium
------------------

ပိုတက်စီယမ်က ဆိုဒီယမ်နဲ့အတူ ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုထိန်းညှိပေးဖို့လုပ်ဆောင်ရင်းသွေးဖိအားကိုပုံမှန်ဖြစ်စေပါတယ်။ ကြွက်သားရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီးကျောက်ကပ်ကျောက်တည်ခြင်းနဲ့အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။

၆။ ဗီတာမင် A
------------------

ဗီတာမင် A က အရိုးဖွံ့ဖြိုးကြံ့ခိုင်ဖို့နဲ့ အမြင်အာရုံအတွက် အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကိုရောဂါပိုးတွေရန်ကကာကွယ်ပေးပါတယ်။ ဆံပင်၊လက်သည်း၊အရေပြား စတဲ့ နေရာအစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ခန္ဓါကိုယ်ဆဲလ်တွေ၊တစ်ရှူးတွေကျန်းမာဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပါတယ်။

Nvrexapplllf1variygk

၇။ ဗီတာမင် C
-----------------

ဗီတာမင် C ကသွေးနီဥဆဲလ်တွေဖြစ်ပေါ်မှု၊အရိုးနဲ့တစ်ရှူးပြန်လည်ကောင်းမွန်ရေးကူညီထောက်ပံ့ပေးပြီး ကလေးရဲ့သွားဖုံးကို ကျန်းမာစေပါတယ်။သွေးကြောတွေကို ကျန်းမာစေပြီး အနာကျက်မြန်စေတယ်၊ ကိုယ်ခံအားကောင်းစေလို့ရောဂါဘယကင်းစင်စေပါတယ်။ ခန္ဓါကိုယ်မှာ သံဓါတ်စုပ်ယူနိုင်စွမ်းလည်းပိုကောင်းစေပါတယ်။

၈။ ဗီတာမင် D
-----------------

ဗီတာမင် Dကြောင့် ကယ်လ်စီယမ်လိုမျိုး သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်းပိုကောင်းစေပြီး သွားနဲ့အရိုးကြံ့ခိုင်စေပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်ဖြစ်တဲ့အပြင် ကိုယ်ခံအားစနစ်၊ အင်ဆူလင်ထုတ်လုပ်မှုနဲ့ဆဲလ်တွေဖွံ့ဖြိုးမှုမှာဟော်မုန်းတစ်ခုလို လုပ်ဆောင်ချက်ရှိပါတယ်။

၉။ ဗီတာမင် E
-----------------

ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicalsတွေထွက်ရှိမှုကို ထိန်းချုပ်ကန့်သတ်ပေးပါတယ်။ ကိုယ်ခံအားစနစ်အတွက် အရေးပါသလို မျိုးဗီဇဆဲလ်တွေပြန်လည်ပြုပြင်ကောင်းမွန်စေရေးနဲ့ တခြားဇီဝကမ္မဖြစ်စဉ်တွေမှာထောက်ပံ့ကူညီပေးပါတယ်။

၁ဝ။ Zinc
------------

ဇင့်ဓါတ်ကရောဂါပိုးတွေရန်က ခုခံကာကွယ်ပေးနိုင်တဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို ကူညီပေးတဲ့အပြင် ခန္ဓါကိုယ်ဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုနဲ့ပြုပြင်ကောင်းမွန်ရေးတို့မှာ မရှိမဖြစ်အရေးပါပါတယ်။

၁၁။ ဗီတာမင် B အုပ်စု
-------------------------

ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့B2၊ B3၊ B6၊ နဲ့ B12 တို့က ခန္ဓါကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုအထောက်အကူပြုခြင်း၊ ခွန်အားတိုးစေခြင်း၊သွေးလည်ပတ်မှုကောင်းစေခြင်း၊ အာရုံကြောစနစ်ကိုအားကောင်းစေခြင်း အာနိသင်တွေရှိပါတယ်။folic acid အပါအဝင် ဗီတာမင် B အုပ်စုဝင်တွေဟာ အရေပြားနဲ့ကြွက်သားကျန်းမာကြံ့ခိုင်စေဖို့နဲ့ ဆဲလ်ဖွံ့ဖြိုးမှုကိုထောက်ပံ့မြှင့်တင်ပေးပါတယ်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန််ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.