စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင် ရေမြွှာရည်နည်းရင် ကလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ?

Posted by May Thaw Htoo June 13, 2022
Aiujha8698nqkclnvxuq

ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် တွေတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ရေမြွှာရည်နည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါရစေ။ မေမေတိုင်းကြုံရတာမဟုတ်ပေမယ့် တကယ်လို့များဆိုတဲ့အခြေအနေအတွက်ကာကွယ်နိုင်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်ပြဿနာကင်းစေဖို့ ဂရုစိုက်သင့်တဲ့ စားသောက်နေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။

Dbbgx9smxjt8uzcba70s

ရေမြွှာရည်နည်းရင် ဗိုက်ထဲကဘေဘီလေးကို အခုလိုမျိုးတွေထိခိုက်စေနိုင်ပါတယ်။

၁။ ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ်
၂။ ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ်
၃။ ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်
၄။ အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။

Jkfo4iamiex0sgz9nawu

ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ
-----------------------------------------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။

ရေများများသောက်ပါ
-----------------------

ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။

အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ
------------------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ
----------------------------------------

အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။

ကဖင်းရှောင်ပါ
-----------------

ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။

ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ
------------------------------------------

ဂျင်ဆင်းလက်ဖက်ရည်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေကိုလည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ရှောင်သင့်ပါတယ်။ ဒီလိုသောက်စရာတွေက ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓါတ်ဆုံးရှုံးစေနိုင်တာကြောင့်ပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ
------------------------------

ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးတာက ခန္ဓါကိုယ်ကအစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်သလို အချင်းနဲ့ သားအိမ်ဆီကိုသွေးရောက်ရှိမှုတိုးစေပြီးရေမြွှာရည်ကိုတိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လမ်းလျှောက်ပေးတာမျိုး ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးလုပ်ပေးပါ။

Zamsaf9ulzdjjvnn2ytf

ဘာတွေစားရမလဲ
--------------------
ရေမြွှာရည်နည်းတဲ့မေမေတို့အနေနဲ့ရေမြွှာရည်တိုးစေဖို့ဆိုရင်
---------------------------------------------------------------

သခွားသီး၊
ဆလတ်ရွက်၊
ဟင်းနုနွယ်၊
မုန်လာဥဖြူ၊
ပန်းဂေါ်ဖီစိမ်း၊
ပန်းဂေါ်ဖီ
စတော်ဘယ်ရီ၊
ဖရဲသီး၊
ခရမ်းချဉ်သီး၊
သခွားမွှေး၊
စပျစ်သီး၊
အုန်းစိမ်းရည်စတာတွေလည်း စားပေးလို့ရပါတယ်။

#Ref....ဒေါက်တာသူရိန်လင်းလင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.