ကိုယ်ဝန်ဆောင်တာကမေမေတစ်ယောက်အတွက် ကြီးမားတဲ့စွန့်စားမှုကြီးပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတွေကတော်တော်များပါတယ်။ သိသိသာသာပြောင်းလဲမှုတွေလည်းဖြစ်မှာဖြစ်သလို စိတ်ခံစားမှုနဲ့ ကိုယ်တွင်းမှာ မအီမသာဖြစ်တာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီထဲမှာ အဆိုးဆုံးတစ်ခုက ကိုယ်ဝန်ဆောင်ကာမှာ ပျို့အန်တာပါ။ စားချင်တိုင်းစားလို့မရသလို အနံ့ရရင်တောင် အန်ချင်နေတာမျိုးပေါ့။တော်တော်လေးနေရခက်တဲ့ပြဿနာတစ်ခုပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ပျို့အန်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။
၁။ နည်းနည်းစီနဲ့အကြိမ်ရေများများစားပေးပါ
------------------------------------------------
အစာအိမ်ထဲမှာဘာမှမရှိတာက ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စားချင်စိတ်မရှိဘူးဆိုရင်တောင်မှ နည်းနည်းချင်းစီ အကြိမ်ရေများများလေးစားပေးပါ။ ဒါမှသွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာရောက်မှာဖြစ်သလိုအော့အန်တာကိုလည်း သက်သာစေနိုင်မှာပါ။
၂။ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ
----------------------------------------------------------
ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မိခင်ရောကလေးပါကျန်းမာစေဖို့ အာဟာရပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ ဒီတော့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေနဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ။ အာဟာရလည်းပြည့်မှာဖြစ်သလို ပျို့အန်တာကိုလည်း သက်သာစေမှာပါ။ ပူစပ်တဲ့အစားအစာတွေ၊ အချဉ်ကဲတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေ၊ ဆီကြော်စာတွေကိုရှောင်ပါ။
၃။ အေးတဲ့အစားအစာလေးတွေပိုစားပေးပါ
-----------------------------------------------
ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အဖို့ ကိုယ်ဝန်ဆောင်နေချိန်မှာ မကြာခဏဆိုသလို ပျို့အန်တာမျိုးမဖြစ်ဖို့ဆိုရင် ချက်ပြုတထားတဲ့ ပူပူနွေးနွေးအစားအစာတွေထက်အေးအေးလေးစားလို့ရတဲ့ သစ်သီးတွေ၊ အရွက်သုပ်တို့လိုမျိုး အရာတွေကို စားပေးပါ။
၄။ ရေသောက်ပါ
-------------------
အစားတစ်ခုခုစားပြီးတိုင်းရေသောက်တာက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်နေချိန်မှာရေကိုပြည့်ဝအောင်သောက်ဖို့ မမေ့ပါနဲ့။
၅။ ပြည့်ပြည့်ဝဝအနားယူပါ
-----------------------------
စိတ်ဖိစီးမှုနဲ့ပင်ပန်းမှုဒဏ်တွေက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာစေဖို့ မမေ့ပါနဲ့။
၆။ သံပရာသီးရှုပေးပါ
--------------------------
သံပရာသီးနံ့က မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သံပရာရည်သောက်ပေးတာမျိုးဖြစ်ဖြစ် အိပ်ရာနားမှာ သံပရာခြမ်းလေးတွေထားတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။
၇။ ကိုယ်ဝန်ဆောင်အားဆေးတစ်ခုခုသောက်ပါ
-----------------------------------------------------
ကိုယ်ဝန်ဆောင်အားဆေးက ကိုယ်ဝန်ဆာင်ချိန်မှာ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ပျို့အန်တာကို သက်သာစေဖို့ ကိုယ်ဝန်ဆောင်အားဆေးတစ်ခုခုမှီဝဲပေးပါ။
၈။ လတ်ဆတ်တဲ့လေကို ရှုရှိုက်ပါ
------------------------------------
အိမ်မှာ လေဝင်လေထွက်ကောင်းအောင်လုပ်ထားပြီး သဘာဝလေနုအေးလေးကိုရှုရှိုက်ပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပျို့အန်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်နေ့တိုင်း အိမ်အပြင်ဘက်မှာ လမ်းလျှောက်ပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်မှုတွေဖြစ်နေလို့ စိတ်ညစ်မနေနဲ့နော်။ အခုပြောခဲ့တဲ့ နည်းလေးတွေကို လုပ်ကြည့်ပြီး အကောင်းဆုံးကျော်လွှားလိုက်ပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး