စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်ချိန် တီဘီဆေးသောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်လား

Posted by May Thaw Htoo June 9, 2022
Nkdqequ03paj69tt0loa

တီဘီရောဂါဆိုတာ လေထဲကနေ တစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ကိုယ့်နားမှာ ဆေးသေချာကုမထားတဲ့တီဘီရောဂါသည်ရှိနေပြီဆိုရင် ကြောက်ရပါပြီ။ ဒါ့အပြင် တီဘီဆိုတာ ခုခံအားနည်းနေတဲ့အချိန် ဝင်တတ်တာကြောင့် ခုခံအားနည်းနေတတ်တဲ့ ကိုယ်ဝန်သည် တွေ ပိုလို့တောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒီလို ဂရုစိုက်နေရင်းကနေ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါဖြစ်သွားခဲ့ပြီဆိုရင် ဘယ်လို လုပ်ကြမလဲ။ ကိုယ်ဝန်သည်တွေဆိုတာ ဆေးတွေ လျှောက်သောက်လို့ မရဘူးဆိုတော့ တီဘီဆေးရော သောက်လို့ရလား။ တီဘီဆေးတွေက ကလေးကို ထိခိုက်နိုင်လား။

Awusc9gkhioiwy35jwy1

ကိုယ်ဝန်ဆောင်တွေ တီဘီဖြစ်ရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ
----------------------------------------------------------------------

တီဘီဆေးအကြောင်းအရင်မပြောခင် မိခင်မှာဖြစ်နေတဲ့ တီဘီကို သေချာမကုသရင် ဗိုက်ထဲက ရင်သွေးလေးကို တီဘီက ဘယ်လို ဒုက္ခပေးနိုင်သလဲ ဆိုတာ အရင်ေ ပြာချင်ပါတယ်။မွေးလာရင် ကလေး ပေါင်မပြည့်တာမျိုးတွေဖြစ်နိုင်တယ်။လေထဲက တစ်ဆင့်ကူးစက်တဲ့ တီဘီရောဂါ ဖြစ်နေတဲ့ မိခင်နားနေနေတာဆိုတော့ ခုခံအားနည်းတဲ့ ကလေးလည်း အချိန်မရွေး တီဘီရောဂါ ကူးစက်သွားနိုင်တယ်။
ဖြစ်နိုင်ချေ အနည်းဆုံးဆိုပေမယ့် ဖြစ်တတ်တဲ့ နောက်တစ်ခုကတော့ ကလေးမှာ မွေးကတည်းက တီဘီရောဂါ ပါလာတာမျိုးပါ။ မိခင် တီဘီရောဂါရှိရင် ဗိုက်ထဲကကလေးကို တီဘီက ဒီလို ဒုက္ခတွေ ပေးနိုင်တယ်ဆိုတော့ တီဘီဆေး သောက်မှ ရတော့မှာပေါ့။ ဆေးတို့ရဲ့ ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးတွေကလည်းရှိ ကိုယ်ဝန်ကြီးနဲ့လည်း ဖြစ်နေတော့ ဆေးသောက်မှ ကလေးကို ပိုပြီး ထိခိုက်သွားရင် ဘယ်လို လုပ်မလဲ။ ဒါတွေကို ဖြေရှင်းဖို့အတွက် တီဘီဆေး ဘယ်နှစ်မျိုးလဲဆိုတာကို အရင် ပြောရပါလိမ့်မယ် ။ ။

Qzmisn6ak93ctkbtueze

First line anti-tb drugs . ( ပထမ ဦးစားပေး တီဘီဆေးများ )
------------------------------------------------------------------

HRZES လို့ အတိုကောက်မှတ်လေ့ရှိတဲ့ ပထမဦးစားပေး တီဘီဆေးတွေကတော့

Isoniazid (H/Inh)
Rifampicin (R/Rif) (In the United States rifampicin is called rifampin)
Pyrazinamide (Z/Pza)
Ethambutol (E/Emb)

Oyjn8vz8hj2hvwauegka

Second Line anti-TB drugs ( ဒုတိယ ဦးစားပေး တီဘီဆေးတွေကတော့
------------------------------------------------------------------------------

Streptomycin
Fluoroquinolones (Ciprofloxacin, Ofloxacin , Sparfloxacin ,Levofloxacin)
Aminoglycosides(kanamycin, amikacin and capreomycin)
Ethionamide
p-Amino salicylic acid
Cycloserine တို့ ဖြစ်ပါတယ်။ ဒီဆေးတွေ အားလုံးကို ကိုယ်ဝန်သည်တွေ စိတ်ချစွာ သောက်လို့ရလား
လေ့လာချက်တွေအရတော့ ပထမ ဦးစားပေးဖြစ်တဲ့ HRZE တီဘီဆေး ၄မျိုးလုံးဟာ ကိုယ်ဝန်သည်တွေ စိတ်ချစွာသောက်လို့ရပြီး ကလေးကို မွေးရာပါချို့ယွင်းချက်ေတွ မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် ဒီ ဦးစားပေး ဆေး ၄ မျိုးကို ကိုယ်ဝန်သည်တွေ စိတ်ချသောက်လို့ရပါတယ်။

ဒါဆို ဘယ်တီဘီဆေးတွေက ကလေးကို ဒုက္ခပေးနိုင်သလဲ ။
ဒုတိယ ဦးစားပေး တီဘီဆေးတွေဖြစ်တဲ့
-------------------------------------------------------------

Streptomycin
Aminoglycosides(kanamycin, amikacin and capreomycin)
Cycloserine
Fluoroquinolones (Ciprofloxacin, Ofloxacin , Sparfloxacin ,Levofloxacin)
Ethionamide တို့ကတော့ ဗိုက်ထဲက ရင်သွေးလေးကို ဒုက္ခပေးနိုင်တာကြောင့် ကိုယ်ဝန်သည်ေတွ လုံးဝမသောက်သ့င်တဲ့ ဆေးတွေပါ။
ကဲ ဒီတော့ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါ ဖြစ်လာခဲ့ရင် ကလေးထိမှာစိုးလို့ဆိုပြီး ဆေးမသောက်ဘဲ မနေနဲ့နော်။ ပထမ ဦးစားပေး HRZE ဆေး ၄ မျိုးက ကိုယ်ဝန်သည်ေတွ စိတ်ချသောက်လို့ရပြီး ဗိုက်ထဲက ကလေးကို ဘာပြဿနာမှ မဖြစ်စေပါဘူး။ပထမဆေးတွေနဲ့ မနိုင်တဲ့ တီဘီရှိတယ်ဆိုပြီး ပထမ ဦးစားပေး ဆေးတွေကို အထင်မသေးလိုက်ပါနဲ့။ ညွှန်ကြားထားတဲ့အတိုင်း ရက်ပြည့်အောင် သေချာသောက်ရင် တီဘီရောဂါကို အရှင်းတိုက်ထုတ်နိုင်တာ ဒီ HRZE လို့ ခေါ်တဲ့ ပထမ ဦးစားပေးဆေး ၄ မျိုးပါ။ ဒါကို သောက်တဲ့သူက ညွှန်ကြားထားတဲ့အတိုင်း သေချာ မသောက်လို့ ဆေးယဉ်ပါး တီဘီေတွ ဖြစ်ပြီး ဒုတိယ ဦးစားပေးဆေးတွေသောက်ရတော့တာပေါ့။ ဒီ ဒုတိယ ဦးစားပေးဆေးတွေက သာမာန်လူတွေ အတွက်တော့ ပြဿနာမရှိပေမယ့် ကိုယ်ဝန်သည်အတွက်တော့ မတည့်ဘူးဆိုတာ သိပြီဆိုတော့ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါဖြစ်နေပြီဆိုရင် ပထမ ဦးစားပေး ဆေး၄ မျိုးကို ညွှန်ကြားထားတဲ့အတိုင်း သေချာ ဂရုစိုက်သောက်ပြီး တီဘီရောဂါကို အပြတ်တိုက်ထုတ်ဖို့ လိုပါတယ္။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.