အိမ်ထောင်တစ်ခုမှာ အဓိက လိုအပ်တာကတော့ အချစ်ပေါ့။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု နားလည်မှု တေွ၊ လိုအပ်ချက်တေွကို တစ်ယောက်နဲ့ တစ်ယောက် ဖေးမပေးရမယ်။ တစ်ယောက်က ဒေါသထွက်ရင် တစ်ယောက်က အလေှျာ့ပေးနေရမယ်။ မိန်းမအလုပ် ယောကျာ်းအလုပ် မခွဲခြားပဲ အတူလုပ်ရမယ်။
အချို့ အိမ်ထောင်သည်တေွမှာ တစ်ယောက်နဲ့ တစ်ယောက်က ချစ်တော့ချစ်ကြတယ်။ ချစ်ပြီးတဲ့ နောက်ပိုင်းမှာ မလေှျာ့တတ်တဲ့ ဒေါသတေွ၊ အတ္တတွရှိတယ်။ တစ်ယောက် အားနဲချက်ကို တစ်ယောက်က ထိုးနှက်ကြတယ် အဲဒီအခါ အိမ်ထောင်ရေး အဆင်မပြေတာတေွ စတင်ပြီး ဖြစ်လာတတ်တယ်။တစ်ကယ်တော့ ကိုယ်ချစ်လို့ ယူထားတဲ့ အိမ်ထောင်ဖက်အပေါ်မှာ ဘယ်သူနဲ့ မှ မနှုိင်းယှဉ်မိဖို့ပဲ။
လူတေွအားလုံးဟာ လိုအပ်ချက် ကိုယ်စီရှိကြတာပါပဲ။ အိမ်ထောင်တစ်ခုမှာလည်း အမြဲတမ်း ဘယ်သူမှ Perfect ဖြစ်မနေပါဘူး။ ဘယ်သူမှ စင်လုံးချော ဖြစ်မနေပါဘူးဆိုတာလေးကို အမြဲ သိထားသင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးဖို့ ယုံကြည်ပေးဖို့ ဆိုတာကလည်း အိမ်ထောင်တစ်ခုတည်မြဲဖို့အတွက် အရမ်းကို လိုအပ်တာပါနော်။
ဘယအရာကို ကိုယ့်ရဲ့ အိမ်ထောင်ဖက်အပေါ်မှာ မလိမ်၊ မညာ ပဲ ဘာမှလုပ်လုပ် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် နဲ့ လုပ်ကြဖို့လိုအပ်ပါတယ်နော်..။
Sukyi (kyarlay)
သင်္ကြန်အထူးပရိုမိုးရှင်း - Mammypoko