အရေပြားခြောက်သွေ့မှုက အသက်အရွယ်မရွေးကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ နူးညံ့ပြီး တုံ့ပြန်လွယ်သလို ခံနိုင်ရည်နည်းတဲ့ ကလေးငယ်လေးတွေမှာ အရေပြားခြောက်သွေ့တာက ပိုဆိုးပါတယ်။ အရေပြားခြောက်သွေ့တာတွေဖြစ်မယ်ဆိုရင် ကလေးငယ်ရဲ့အရေပြားမှာ နီရဲတာ၊ ခပ်တင်းတင်းကြီးဖြစ်နေတာ၊ယားယံတာ၊အရေပြားအဖတ်တွေလန်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအရေပြားမှာခြောက်သွေ့တာတွေက အနေရခက်စေပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ မိမိရင်သွေးလေးတွေရဲ့ အရေပြားကိုကာကွယ်ပေးသင့်ပါတယ်။
၁။ ရေချိုးချိန်ကိုကန့်သတ်ပြီး မှန်ကန်တဲ့ရေချိုးဆပ်ပြာကိုရွေးချယ်ပေးပါ
---------------------------------------------------------------------------
ကလေးကို အချိန်အကြာကြီး ရေချိုးပေးတာ၊ ရေပူနဲ့ချိုးပေးတာမျိုးမလုပ်ပါနဲ့။ ရေချိုးပေးတာက ညစ်ပေတာတွေကို သန့်စင်ပေးနိုင်ပေမယ့် အရေပြားပေါ်က သဘာဝအဆီတွေကိုလည်း ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် ကလေးအရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ကလေးရေချိုးချိန်ကို မိနစ် ၃၀လောက်ချိုးပေးမယ့်အစား ၁၀ မိနစ်လောက်ပဲချိုးပေးပါ။ ရေပူနဲ့ချိုးပေးမယ့်အစား ရေနွေးခပ်နွေးနွေးလေးကိုပဲ သုံးပြီးချိုးပေးပါ။ ဆပ်ပြာရည်နဲ့စိမ်ချိုးပေးတာမျိုး မလုပ်ပါနဲ့။ ကလေးကိုရေချိုးကန်ထဲမှာ ဆပ်ပြာရည်ထည့်ပြီးရေစိမ်ချိုးစေတာမျိုးကိုလည်းရှောင်ပါ။cleanser အနေနဲ့ကတော့ အမွှေးနံ့ကင်းစင်ပြီး ဆပ်ပြာမပါတာမျိုးကို သုံးပေးတာက ပိုကောင်းပါတယ်။ cleanserတွေက ပုံမှန်အသုံးပြုနေကျ ပစ္စည်းတွေထက် ပိုပြီးနူးညံ့ပါတယ်။ ကလေးတွေကို သန့်စင်ပေးဖို့အတွက် Bath oilsတွေကအသင့်တော်ဆုံးလို့ပြောချင်ပါတယ်။ ဒါပေမယ့် Bath oilsတွေကရေချိုးကန်ထဲမှာချော်လဲတာမျိုးကိုဖြစ်စေနိုင်တာကြောင့် ကလေးငယ်လေးတွေအတွက်တော့ အန္တရာယ်များပါတယ်။Bath oils သုံးမယ်ဆိုရင် အရင်ထက်ပိုပြီးသတိထားသင့်ပါတယ်။
၂။ ကလေးငယ်ကို moisturizer သုံးပေးဖို့မမေ့ပါနဲ့
------------------------------------------------------
ရေချိုးပေးပြီးတိုင်း ကလေးငယ်ကို တဘက်စတစ်ခုနဲ့ ရေခြောက်အောင်သုတ်ပေးရပါမယ်။ပြီးရင်တော့moisturizer တစ်ခုခုချက်ချင်း လူးပေးဖို့လိုပါတယ်။ ဒါမှရေချိုးလိုက်တုန်းက ကလေးအရေပြားကစုပ်ယူထားတဲ့အစိုဓာတ်ကို သဘာဝအတိုင်း အရေပြားမှာအစိုဓာတ်ရှိနေအောင်ထိန်းထားနိုင်မှာဖြစ်ပါတယ်။အရေပြားပေါ်မှာ moisturizer ခပ်ထူထူလူးပေးတာက အရေပြားအတွက်ပိုကောင်းပါတယ်။ ကလေးရဲ့အရေပြားကို တစ်နေ့နှစ်ကြိမ် အစိုဓာတ်ထိန်းခရင်မ် လူးပေးရပါမယ်။ ရေချိုးပြီးတစ်ကြိမ်နဲ့ အရေပြားပေါ်ကmoisturizerတွေကုန်သွားလောက်တဲ့အခါ တစ်ကြိမ် လူးပေးပါ။ကလေးငယ်အတွက် moisturizer ရွေးချယ်တဲ့အခါမှာလည်း ကလေးနဲ့သင့်တော်မယ့်moisturizer ကိုရွေးချယ်ဖို့က အရေးကြီးဆုံးပါ။ ကလေးအရေပြားနဲ့ မသင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကောင်းကျိုးထက် ဆိုးကျိုးပိုများပါစေပါလိမ့်မယ်။ အရေပြားခြောက်သွေ့တာကို မသက်သာစေမယ့်အပြင် အရေပြားကျိန်းစပ်တာကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။ နေရထိုင်ရမသက်မသာဖြစ်တာ ပိုဆိုးလာလေလေ ကလေးက အစားစားချင်စိတ်နည်းလာပြီး ကောင်းကောင်းလည်းမအိပ်တော့ပါဘူး။ ဒီလိုတွေဖြစ်တာက ကလေးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒါ့အပြင်parabens and phthalates – dibutyl phthalate (DBP)၊ dimethylphthalate (DMP) နဲ့ diethylphthalate (DEP) တို့လိုမျိုး ဓာတုပစ္စည်းတွေပါဝင်နေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သလို ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှု အထောက်အထားတွေအရ အဆိုပါဓာတုပစ္စည်းတွေက ကလေးငယ်တွေကိုကြီးထွားဖွံ့ဖြိုးပိုင်းမှာထိခိုက်စေနိုင်တယ်လို့တွေ့ရှိရပါတယ်။JOHNSON ကနေထုတ်ထားတဲ့ baby lotion ကတော့ တုံ့ပြန်ဓာတ်ပြုလွယ်တဲ့ ကလေးငယ်ရဲ့အသားအရေအတွက်သင့်တော်တဲ့ ပစ္စည်းတစ်ခုပါ။ JOHNSON ကနေထုတ်ထားတဲ့ CLINICALLY PROVEN MILDNESS က မွေးကင်းစကလေးငယ်တွေအတွက် အဓိကထုတ်ထားတာဖြစ်ပါတယ်။ ဒီbaby lotion ကအသားအရေကို နူးညံ့ချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့အပြင် ကလေးအသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်းရရှိစေနိုင်ပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်လိမ်းပေးရုံနဲ့ ကလေးငယ်အသားအရေ နူးညံ့ပြီး အစိုဓာတ်ပြည့်ဝစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ lotion ကparaben ပါဝင်မှုမရှိသလို အရေပြားဆရာဝန်တွေနဲ့ ကလေးအထူးကုဆရာဝန်တွေက သေသေချာချာစမ်းသပ်ထားပြီးပြီလည်းဖြစ်ပါတယ်။
၃။ နေအိမ်မှာ စိုထိုင်းမှုထိန်းစက်တပ်ဆင်ထားပါ
---------------------------------------------------
တကယ်လို့အခန်းတွင်းကလေထုကခြောက်သွေ့နေပုံပေါ်နေရင် အခန်းတွင်းမှာ အစိုဓာတ်ထိန်းပေးနိုင်မယ့် စိုထိုင်းမှုထိန်းစက်တပ်ဆင်ထားရပါမယ်။
၄။ ကလေးကိုရေဓာတ်ပြည့်နေအောင်ထားပေးပါ
-----------------------------------------------------
အရေပြားမှာ အစိုဓာတ်မရှိတာက ခန္ဓာကိုယ်ထဲမှာရေဓာတ်ခမ်းခြောက်တာရဲ့နောက်ဆက်တွဲဖြစ်စဉ်ပါ။ ဒါကြောင့်အရေပြားက အစိုဓာတ်တွေ အငွေ့ပြန်သွားတဲ့အခါ အစိုဓာတ်ရရှိစေနိုင်ဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ ကလေးကမွေးကင်းစအရွယ်ဆိုရင်တော့ မိခင်နို့နိုင်နိုင်တိုက်ပေးပါ။ရေအများကြီးသောက်ပေးရုံနဲ့ အရေပြားမှာ moisturizer မလူးပဲနေလို့တော့မရပါဘူး။ ရေအများကြီးသောက်ပြီး moisturizer မလူးပဲနေတာက တွင်းပေါက်ထဲကို ရေပုံးနဲ့ရေလောင်းချနေတာနဲ့တူတူပါပဲ။
၅။ ကလေးကိုနေဒဏ်လေဒဏ်ကနေကာကွယ်ပေးပါ
--------------------------------------------------------
ရာသီဥတုအေးတဲ့အခါ အေးမြတဲ့ရာသီဥတုအခြေအနေနဲ့ လေဒဏ်ကြောင့် လက်အရေပြားတွေခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်စေဖို့အတွက် လက်အိတ်တွေဝတ်ထားပေးပါ။ နွေးနွေးထွေးထွေးထားပေးပါ။ ဆောင်းရာသီမဟုတ်တဲ့အချိန်တွေမှာလည်း ကလေးရဲ့ အသားအရေကိုနေဒဏ်၊လေဒဏ်တွေကနေ ကာကွယ်ပေးပါ။
၆။ အသားအရေကိုထိခိုက်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေကိုရှောင်ကြဉ်ပါ
------------------------------------------------------------------------
တကယ်လို့ သင့်ကလေးငယ်ရဲ့ အသားအရေကတုံ့ပြန်လွယ်တယ်ဆိုရင် ကလေးရဲ့အရေပြားပေါ်မှာ ပေါင်ဒါမှုန့်တွေ၊ အမွှေးနံ့ပါတဲ့အမှုန့်တွေမသုံးပါနဲ့။ ကလေးအဝတ်အစားတွေကိုလျှော်မယ်ဆိုရင်လည်း အမွှေးနံ့မပါတဲ့ ဆပ်ပြာမှုန့်တွေကိုရွေးချယ်ပေးရပါမယ်။ ရေနယ်တဲ့အခါမှာလည်း ကလေးအဝတ်တွေမှာ ဆပ်ပြာတွေကျန်နေခဲ့တာမျိုးမဖြစ်အောင် နှစ်ကြိမ်လောက်ရေနယ်ပေးရပါမယ်။ကလေးငယ်ကိုကြမ်းတမ်းပြီး တင်းကျပ်လွန်းတဲ့အဝတ်အစားတွေမဝတ်ပေးပါနဲ့။ သိုးမွှေးလိုမျိုးပိတ်စတွေက အရေပြားကိုရောင်ရမ်းနီမြန်းတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ကလေးငယ်ရဲ့ လက်သည်းတွေကို သန့်သန့်ရှင်းရှင်းထားပြီး ခပ်တိုတိုညှပ်ထားပေးပါ။ ဒါမှကလေးငယ်ကယားယံတဲ့နေရာတွေကို ကုတ်တဲ့အခါ ကုတ်ရာခြစ်ရာတွေမထင်ကျန်ခဲ့မှာဖြစ်ပါတယ်။
#Ref....ဒေါက်တာ ကောင်းသာ
#ရှမ်းပုတ်(မိုမိုလေး)