စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးကို ဆေးတိုက်ရလွယ်အောင် ဒီလိုတိုက်ပေးပါ...

Posted by May Thaw Htoo June 12, 2022
Wezgj2zyr1fncvnfy8f0

ဆေးသောက်ရတာကို သဘောကျတဲ့ကလေးရယ်လို့ ရှိမယ်မထင်ပါဘူး။ ကလေးတိုင်းက ဆေးထိုးဖို့ကြောက်သလိုဆေးသောက်ရတာကိုလည်း မကြိုက်ကြပါဘူး။ ကလေးတွေကို ဆေးတိုက်တိုင်း တိုက်ပွဲတစ်ခုဝင်နေရသလို မိဘတိုင်းခံစားကြရမယ်ထင်ပါတယ်။ တစ်ခါတလေများဆို ကလေးက ဆေးကိုမျိုမချဘဲထွေးထုတ်တာမျိုးတောင်ကြုံရနိုင်ပါသေးတယ်။ဒီလိုအခြေအနေမျိုးမှာ ကလေးကို ဆေးတိုက်မှဖြစ်မယ်ဆိုတဲ့ အသိပဲခေါင်းထဲရောက်ပြီး ကလေးကဆေးကိုမမျိုချရင် နှာခေါင်းပိတ်ပြီးတိုက်လိုက်မယ်လို့တွေးမိလုပ်မိတာရှိနိုင်ပါတယ်။ ဒါက မလုပ်သင့်ပါဘူး။ မတော်တဆကလေးက အသက်ရှူရပ်သွားတာမျိုးဖြစ်နိုင်သလို အသက်ဆုံးရှုံးတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ဆေးတိုက်ရခက်တဲ့ ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲဆိုတာနဲ့ဆေးတိုက်ရလွယ်အောင်ဘာတွေ လုပ်ဆောင်ပေးရမလဲဆိုတာကိုဖော်ပြပေးချင်ပါတယ်။

Vs1mu8agifwyvz4phqml

၁။ ဆေးကို စားစရာတစ်ခုခုနဲ့ရောပြီး တိုက်ပေးမယ်
-------------------------------------------------------

ကလေးကို တိုက်ရမယ့်ဆေးကို အမှုန့်ကြိတ်ပြီး သကြားနဲ့ရောကျွေးတာမျိုး၊ ဒိန်ချဉ်၊ ဖျော်ရည်၊ယိုလိုမျိုး ကလေးကြိုက်တတ်မယ့် အစားအစာတစ်ခုခုထဲရောထည့်ပြီးကျွေးကြည့်ပါ။ဆေးမှုန့်နဲ့ရောစပ်မယ့် အစားအစာပမာဏက ကလေးကုန်လောက်ရုံပမာဏဖြစ်ဖို့တော့သတိပြုပါ။ ကလေးက ဆေးနဲ့ရောထားတဲ့ အစားအစာကို အကုန်စားမှဆေးတစ်ခွက်လုံးသောက်မိမှာဖြစ်တာကြောင့်ပါ။

၂။ ကလေးကို စိတ်ရှည်ပေးပါ
--------------------------------

ကလေးတိုင်းလိုလိုက ဆေးကြောက်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကိုဆေးတိုက်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ချော့ပြီးတိုက်ပေးပါ။ ကလေးကို အော်ငေါက်တာမျိုး ရိုက်တာမျိုးမလုပ်ပါနဲ့။ ကလေးတွေက လူကြီးတွေရဲ့ အပြုအမူကိုအတုယူတတ်ကြတယ်ဆိုတာကို သတိရပါ။ ကလေးကို အော်ငေါက်လိုက်တဲ့အခါ ကလေးကကြောက်သွားပြီးဆေးတိုက်ရပိုခက်သွားနိုင်ပါတယ်။

၃။ ကလေးကို ဆေးတိုက်ရလွယ်မယ့် နည်းစဉ်းစားပါ
--------------------------------------------------------

ဆေးတိုင်းက အခါးဓာတ်ပါစမြဲပါ။ အခါးပြင်းတာနဲ့ လျော့တာပဲကွာပါလိမ့်မယ်။ ဒီလိုခါးတဲ့ဆေးတွေကို လူကြီးတွေတောင်သောက်ဖို့ခက်ရင် ဘေဘီလေးတွေက ပိုဆိုးပါလိမ့်မယ်။ ဒီလိုဆေးခါးတွေကို ကလေးတွေကို တိုက်ဖို့ဆိုရင်ဆေးကိုကြိတ် အရည်ဖျော်ပြီးsyringe ထဲထည့်လိုက်ပါ။ပြီးရင် ကလေးပါးစောင်ထဲကနေ ဖြည်းဖြည်းချင်းထည့်ပေးလိုက်ပါ။

Rtlgqfdahsj0efysjt2y

၄။ ဆရာဝန်လုပ်တမ်းကစားပါ
-----------------------------------

ကလေးကို သူရဲ့ကစားစရာတွေနဲ့အတူ ဆရာဝန်လုပ်တမ်းကစားဖို့ အစဖော်ပေးလိုက်ပါ။ ကိုယ်တိုင်လည်း ပါဝင်ကစားရင်း လူနာတစ်လှည့် ဆရာဝန်တစ်လှည့်လုပ်ပေးပါ။ ဒီလိုကစားပေးရင်း ဆေးသောက်လာအောင်ဆွဲဆောင်လိုက်ပါ။

၅။ ဆေးတွေကိုမျိုချတတ်အောင် သင်ပေးပါ
-------------------------------------------------

ကလေးကို အရွယ်လည်းနည်းနည်းရလာတာနဲ့ ဆေးတွေကို မျိုချတတ်အောင် သင်ပေးပါ။ ဆေးလုံးသေးသေးလေးတွေကနေစပြီးဆေးလုံးအကြီးတွေအထိ တဖြည်းဖြည်းချင်းမျိုချတတ်လာအောင်သင်ပေးပါ။ ဆေးသောက်တဲ့အခါရေပြည့်ပြည့်ဝဝသောက်ခိုင်းပါ။

၆။ ဆေးကိုတစ်လုံးချင်း တိုက်ပေးပါ
---------------------------------------

ကလေးတွေက လူကြီးတွေလိုမျိုး တစ်ခါတည်းနဲ့အများကြီးကို မျိုမချနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေကို ဆေးတိုက်တဲ့အခါဆေးတွေကို တစ်ခါတည်းအကုန်မသောက်ခိုင်းပါနဲ့။ တစ်လုံးပြီးမှ တစ်လုံးသောက်ခိုင်းပေးပါ။

Ispywfptqxdzo0tq0yyl

၇။ လေးအပေါ်မှာ ရိုးသားပါ
-------------------------------

ဆေးက ခါးနေတာကို ချိုလိုက်တာဆိုပြီး ပြောတာမျိုးမလုပ်ပါနဲ့။ ကလေးက တကယ်သောက်လိုက်တဲ့အခါ မချိုဘဲခါးနေတာသိသွားခဲ့ရင်နောက်တစ်ခါဆေးတိုက်ဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆေးတိုက်တဲ့အခါဆေးကတော့ခါးတယ်။ ဒါပေမယ့် ဒီဆေးသောက်လိုက်တဲ့အခါ နေမကောင်းတာ သက်သာသွားမယ်။ နေကောင်းသွားတဲ့အခါ သွားချင်တဲ့ဆီကို သွားလို့ရမှာဖြစ်သလို၊ စားချင်တာတွေလည်း စားလို့ရမယ်ဆိုတဲ့အကြောင်းနဲ့ သူငယ်ချင်းတွေနဲ့လည်း ကစားလို့ရမယ်ဆိုတဲ့အကြောင်း ရှင်းပြပေးပါ။ဒီနည်းလေးတွေကဆေးတိုက်ရခက်တဲ့ ဘေဘီလေးတွေရဲ့ဖေဖေမေမေတွေအတွက် အသုံးတည့်မယ်ထင်ပါတယ်။

#Ref......ဒေါက်တာကောင်းသာ
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.