
လင်းပိုင်လေးတေွဟာ ကမ္ဘာပေါ်မှာ အလှပဆုံး အုပ်စုတစ်ခုဖြစ်တဲ့ ရေနေ နို့တိုက်သတ္တဝါ အုပ်စုထဲမှာ ပါ၀င်ပါတယ်။ လင်းပိုင်မျိုးစိတ် အများစုကတော့ ပင်လယ်ထဲမှာနေကြပြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သမုဒ္ဒရာတေွထဲမှာ တေွ့ရပါတယ် လင်းပိုင်လေးတေွရဲ့ ပါးစပ်ထဲမှာ သွားအချောင်း ၁၀၀ ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစာကို သွားနဲ့ ၀ါးမစားဘဲ မျိုချစား သောက်ကြပါတယ်။

လင်းပိုင်မျိုးစိတ်တေွ အများကြီး ရှိတဲ့အနက် တချို့ဟာ ရေမျက်နှာပြင်ပေါ်တတ်ပြီး လေမရှူဘဲနဲ့ ရေအောက်မှာ စက္ကန့် ၂၀ ထက်ကြာအောင် မနေနိုင်ကြပါဘူး။ တချို့ လင်းပိုင်တေွကတော့ မိနစ် ၃၀ ကြာအောင် ရေအောက်မှာ နေနိုင်ကြပါတယ်။ တချို့ မျိုးစိတ် အနည်းငယ်ကသာ ရေချိုထဲမှာ နေထိုင်ရှင် သန်ကြပြီး အာရှနဲ့ တောင်အမေရိက တို့မှာ တေွ့မြင်ကြရပါတယ်။

လင်းပိုင်လေးတေွကဟာ သူတို့ရဲ့ ခေါင်းပေါ်က အပေါက်လေးကနေ လေကို ရှူရှိုက်ကြပါတယ်။ ဘေဘီလင်းပိုင်တေွဟာ ၂ နှစ်ကနေ ၃ နှစ်အထိ သူမိခင်နဲ့အတူ နေထိုင်ကြပါတယ်။ လင်းပိုင်းလေးတေွဟာ အသက် ၁ရ နှစ်ကနေ နှစ် ၅၀ အထိ ရှင်သန် နေထိုင်ကြပါတယ်.။ လူတေွနဲ့ရင်းနှီးတဲ့ ပထမဆုံး ရေနေသတ္တဝါလည်း ဖြစ်ပါတယ်။ လူတေွနဲ့ ရင်းနှီးပြီး ချစ်စရာအကောင်းဆုံး ပုံစံလေးတေွလည်း လုပ်ပြတတ်သေးပါတယ်။
Ref မေ့ရင်သေွး