စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးငယ်တွေ အိပ်နေရင်း အသံထွက်တာ ဘာကြောင့်လဲ

Posted by Ni Ni January 27, 2021
Eoy8mlmqabqiq6bek4p4

လေ့လာမှုတေွအရတော့ ကလေးငယ် ၁၀ ယောက်မှာ တစ်ယောက်ကတော့ အိပ်နေရင်း အသံထွက်တတ်တယ်လိို့ ဆိုပါတယ်။ ဒါဆို ဘာကြောင့် အသက်ထွက်တာဘာလဲ၊ လူတစ်ယောက်က အိပ်ပျော်နေပေမဲ့ အသက်ရှူသွင်း ရှူထုတ်တဲ့ လုပ်ငန်းစဉ်ကတော့ ပုံမှန်အတိုင်းပဲဖြစ်ပျက်နေပါတယ်။ ဒီလို ၀င်လေထွက်လေဖြစ်နေတဲ့ လမ်းကြောင်းမှာ အရာတစ်ခုခုက လာပိတ်ဆို့မှုဖြစ်တဲ့အခါမှာ အိပ်ပျော်နေရင်း အသံထွက်တယ်ဆိုတာ ဖြစ်လာပါတော့တယ်။အသက်ရှူတဲ့လမ်းကြောင်းက လေအဝင်အထွက်နဲ့အမှျ တုန်ခါမှုဖြစ်ပေါ်ပါတယ်။ ၀င်လာတဲ့ လေပမာဏပေါ်မူတည်ပြီး တုန်ခါမှုအနည်းအများ ဖြစ်စေတယ်။ အသက် ၃ နှစ်နဲ့အထက် ကလေးငယ်တေွက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဆိုရင် စဟောက်တတ်ပါတယ်။ ကလေးငယ်ဟောက်တာက Obstructive Sleep Apnea လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူရပ်သွားတဲ့့ ပြဿနာကြောင့် မဟုတ်ဘူးဆိုရင်တော့ သိပ်စိုးရိပ်စရာမရှိပါဘူး။ သို့ပေမဲ့ အိပ်ပျော်နေရာကနေ ရုတ်တရက် အသက်ရှူမရတော့ပဲ လန့်နို်းတဲ့အထိ ဖြစ်မယ်ဆိုရင်တော့ ကလေးဆရာဝန် တစ်ယောက်ယောက်နဲ့ ပြသကြည့်သင့်ပါပြီ။အများအားဖြင့်ကလေးငယ်တေွ အိပ်နေရင်း အသံထွက်ရတဲ့ အကြောင်းအရင်းကတော့.........

Mimclfgxddgbnt2ihov0

၁။ ဓာတ်မတည့်မှု
--------------------

ကလေးအတော်များများက ပန်းဝတ်မှုန်နဲ့ မတည့်တဲ့ ပြဿနာရှိတတ်ကြပါတယ်။ ဒီလိုသူတို့နဲ့ မတည့်တဲ့ ပန်းဝတ်မှုန်ကို ရှူရိှုက်မိတဲ့အခါမျိုးမှာ နှာခေါင်းပိတ်တာ၊ နှာစေးတာတေွှဖစ်တာပြီး အသက်ရှူရ ခက်ခဲလာစေတယ်၊ ဒီလိုနဲ့အိပ်ပျော်သွားတဲ့အခါ ပုံမှန် မဟုတ်တဲ့ အသံတေွ ထွက်ပေါ်လာစေပါတယ်။

၂။ Adenoids ဂလင်းရောင်တာ၊ အာသီးရောင်တာ
-----------------------------------------------------

Adenoids ဂလင်းက နှာခေါင်းလမ်းကြောင်းမှာ တည်ရှိပြီး အာသီးရောကတော့ ပါးစပ်လမ်းကြောင်း အရေှ့ပိုုင်းမှာ တည်ရှိပါတယ်။ သူတို့ နှစ်ခုစလုံးက ခန္ဓာကိုယ်ပြင်ပက ဘတ်တီးရီးယားတေွ ၀င်ရောက်လာမှာကို တားဆီးပေးပါတယ်။ တစ်ခါတလေမှာတော့ သူတို့ကိုယ်တိုင်လည်း ပိုးဝင်ပြီး ရောင်ရမ်းမှုတေွ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအခါမှာဆို ခံစားရတဲ့ ကလေးငယ်တေွ အိပ်တဲ့အခါ အသံထွက်တာတေွ ဖြစ်လာပါတယ်။

Adzrl39xehk5uoxddbgg

၃။ နှာခေါင်းပိတ်တာ
--------------------------

အအေးမိ၊ နှာစေးနေရင်လည်း နှာခေါင်းလမ်းကြောင်းက ပိတ်ဆို့သွားပြီး အသက်ရှူရ ခက်စေပါတယ်။ ဒီအခါ ကလေးအသက်ရှူလိုက်တိုင်း၊ အထူးသဖြင့် အိပ်ပျော်တဲ့အခါတိုင်း တရွှီရွှီ အသံထွက်ပေါ်စေနိုင်ပါတယ်။

၄။ အဝလွန်တာ
---------------

တကယ်လို့ ကလေးက တစ်ချိန်လုံး တီဗီပဲ ထိုင်ကြည့်နေမယ်၊ ဂိမ်းပဲထိုင်ဆော့နေမယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထပ်ပိုပြီး များလာမှာ သေချာပါတယ်။ အဝလွန်လာတဲ့အခါမှာ အသက်ရှူလမ်းကြောင်းက ပိုကျဉ်းလာပါမယ်၊ ဒီအခါ ကလေးအနေနဲ့ အိပ်ပျော်ရင်း ဟောက်တာတေွ ဖြစ်လာပါတယ်။

၅။ မျိုးရိုးဗီဇဆိုင်ရာပြဿနာများ
------------------------------

ကလေးငယ်မှာ Down Syndrome လို၊ ကြွက်သားဖွံ့ဖြိုးမှု မမှန်တဲ့ရောဂါလို နှုတ်ခမ်းကွဲရောဂါလို ရောဂါတေွ ရှိနေမယ်ဆိုရင် ခန္ဓာကိုယ်က ကြွက်သားတေွက သာမန်ထပ် ပိုအားနည်းသွားတာကြောင့် အိပ်နေရင်း ဟောက်သံထွက်နိုင်ခြေ ပိုများပါတယ်။

Rpwitxuc2yzy03mczocw

၆။ ပန်းနာရင်ကျပ်ရောဂါ
-----------------------------

အစကတည်းက ပန်းနာရပ်ကျပ်ရောဂါ ရှိတဲ့ကလေးငယ်တေွရဲ့ နှာခေါင်းလမ်းကြောင်းက ရောင်ရမ်းနေတဲ့အတွက် အသက်ရှူရ ခက်ခဲစေနိုင်ပါတယ်။ အထူးသဖြင့် အိပ်ပျော်နေတဲ့အခါမှာ ပိုဆိုးတဲ့အတွက်အိပ်နေရင်း တရီွှရီွှမြည်တာတေွ ဖြစ်လာပါတော့တယ်။

၇။ ဆေးလိပ်ငေွ့ရှုရတဲ့ ကလေးတေွ
----------------------------------------------

ကိုယ်တိုင်ဆေးလိပ် မသောက်တတ်ပေမဲ့ သောက်တဲ့လူဆီကထွက်လာတဲ့ဆေးလိပ်အနံ့ကို ရှုရိှုက်ရတဲ့ ကလေးငယ်တေွမှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတေွ ဖြစ်ပေါ်တာစေပါတယ်။ နှာခေါင်း၊ လည်ချောင်းလမ်းကြောင်းတေွ ရောင်ရမ်းလာပြီး ပိတ်ဆို့တာတေွအထိ ဖြစ်တဲ့အတွက်ကြောင့် အိပ်ပျော်နေတဲ့အခါ ပုံမှန်မဟုတ်တဲ့အသံတေွ ထွက်လာစေပါတယ်။
#Ref...Dr. Barry
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.