စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်ချိန်မှာ ကြည့်ကောင်းလှပနေစေဖို့ နည်းလမ်း ( ၁ဝ )ခု

Posted by Ni Ni February 2, 2021
Mzrobzt74f84sqbihju1

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ ကောင်းချီးမင်္ဂလာတေွနဲ့ ပြည့်စုံနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန် လရင့်လာတာနဲ့အမှျ မိခင်လောင်းရဲ့ ခန္ဓာကိုယ်ဟာလည်း ပြောင်းလဲလာပါတယ်။ ဒီလို ပြောင်းလဲနေချိန်တေွမှာ တစ်သားမေွး တစ်သေွးလှ ဖြစ်ရအောင် ဘယ်လိုနေထိုင်ကြမလဲ ဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ရှုနိုင်ပါတယ်။

Lfjw1emcudaszvnn5nkr

၁။ ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်ပါ
-----------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်တာက ပိုမိုလှပစေပါတယ်။ အရောင်တစ်မျိုးတည်းပါတဲ့ အဝတ်အစားတေွက ရှုပ်ယှက်နေတဲ့ အဆင်တေွထက် ပိုပြီး လိုက်ဖက်ပါတယ်။

၂။ ပြည့်ဖြိုးလာတဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်အောင်ဝတ်ပါ
--------------------------------------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ ၀လာတတ်ပေမယ့် ဒီလို ၀လာတာလေးကို ပေါ်လွင်အောင်ဝတ်တာက စွဲဆောင်မှု ရှိစေပါတယ်။ အကျင်္ီကားကား ဂါ၀န်ဖားဖား လေးတေွ၊ လည်ပင်းအလှပေါ်လွင်စေတဲ့ အကျီင်္လေးတေွ ၀တ်ဆင်သင့်ပါတယ်။

၃။ ဆံပင်ပုံစံ ပြောင်းလဲပါ
----------------------------------

မိမိရဲ့ ခန္ဓာကိုယ်က ပြောင်းလဲလာတာနဲ့အမှျ မိမိနဲ့ လိုက်ဖက်မယ့်ဆံပင်ပုံစံကို ပြောင်းလဲထားသင့်ပါတယ်။ ဆံပင်အတွက် ဆံညှပ်အသစ် ဆံထိုးအသစ်လေးတေွလည်း ပန်ဆင်ကြည့်သင့်ပါတယ်။

Ccynyyfgyzrtsvdwdf0m

၄။ ကိုယ်ဟန် အနေအထားကို ဂရုပြုပါ
---------------------------------------

ကိုယ်ဝန်ကြောင့် မိမိရဲ့ ကိုယ်ဟန်အနေထား ပုံမကျတော့တာမျိုး ဖြစ်တတ်ပါတယ်။ တတ်နိုင်သမျှ မတ်မတ်လျေှာက်ပါ။ ထိုင်ရင်လည်းခါးမတ်အောင် ခေါင်းအုံးခုခံပြီး ထိုင်ပါ။

၅။ သင့်တော်တဲ့ ဖိနပ်ရေွးချယ်ပါ
------------------------------------

တချို့ အမျိုးသမီးတေွက ကိုယ်ဝန်ဆောင်ချိန်မှာ ဖိနပ်ဆိုဒ် ပြောင်းသွားတတ်ပါတယ်။ ခြေညှပ်ဖိနပ်အပါး၊ ဒေါက်အပါး၊ တစ်ပြေးညီဖိနပ်တေွက ပိုပြီး အဆင်ပြေစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖိနပ်အသစ် လိုနိုင်ပါတယ်။

၆။ တတ်နိုင်သမှျ နားနေပါ
------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းလွယ်ပါတယ်။ ဒါကြောင့် အိပ်ရေးမပျက်စေဘဲ တတ်နိုင်သမှျ နားနားနေနေ နေပါ။ တရေးတမော အိပ်ပါ။

၇။ လေ့ကျင့်ခန်း လုပ်ပါ
----------------------------

ကိုယ်ဝန်ဆိုတာ ရောဂါတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ မိမိနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းကို ဆရာဝန်နှင့်တိုင်ပင်ပြီး လုပ်ပါ။

Wsrbqzpqn8xjwxtm8rkn

၈။ သင့်တော်မယ့် မိတ်ကပ်အမျိုးအစား သုံးပါ
------------------------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ သဘာဝအတိုင်းလှပနိုင်ပေမယ့် မိတ်ကပ်အနည်းငယ်လိမ်းဖို့တော့ လိုနိုင်ပါတယ်။ သင့်ရဲ့မိတ်ကပ်မှာ ပြဒါးဓာတ် ခဲဓာတ်တေွ မပါဖို့တော့ ဂရုပြုပါ။

၉။ ကောင်းမွန်မှျတစွာ စားပါ
--------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် လိုအပ်ချက်လည်း ပြောင်းလဲနိုင်ပါတယ်။ အသင့်စား အစားအသောက်တေွကို ရေှာင်ပြီး လတ်ဆတ်တဲ့ အသီးအရွက် အသားငါး အစေ့အဆံတေွကို များများစားပါ။

၁၀။ ရေများများ သောက်ပါ
------------------------------

ကိုယ်ဝန်ဆောင်ချိန် ကျန်းမာဖို့ ရေများများသောက်ဖို့လည်း လိုပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းက လမစေ့ဘဲ မီးဖွားခြင်းကို ဖြစ်စေနိုင်သလို အသားအရေလည်း ညစ်နွမ်းစေပါတယ်။ဒီ ၁၀ ချက်အပြင် တရားထိုင်ခြင်း၊ စာအုပ်ကောင်းကောင်း ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းတို့လိုမျိုး မိမိကို စိတ်ပျော်ရွှင်စေမယ့် နည်းလမ်းတေွလည်း လုပ်သင့်ပါတယ်။ ပျော်ရွှင်နေတဲ့ သူဟာ လှပတာပဲ မဟုတ်ပါလား။
#Ref...Dr.Grace
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.