စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ရှိမှန်း မသိတာမျိုး ဖြစ်နေလား

Posted by May Thaw Htoo May 27, 2022
Uuxbo6mgkloj21hzflwb

မွေးဖွားခါနီး အချိန်အထိ ကိုယ်ဝန်ရှိမှန်း မသိရှိနေတာကို Cryptic Pregnancy (အုံ့ပုန်းကိုယ်ဝန်) လို့ခေါ်ပါတယ်။ ရှားပါးဖြစ်ခဲတဲ့ ဒီလိုကိုယ်ဝန်မျိုးဟာ သန္ဓေတားနည်းတွေ သုံးစွဲထားပြီး ကိုယ်ဝန် ရှိလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့ အချိန်မှာ ဖြစ်နိုင်ပါတယ်။ Human Chorionic Gonadotrophin (hCG) လို့ ခေါ်တဲ့ ကိုယ်ဝန်ရှိချိန်မှာ ထွက်လေ့ရှိတဲ့ ဟော်မုန်းကလည်း ပမာဏအရမ်းနည်းနေတတ်ပြီး ပျို့အန်မူးဝေ အားနည်းတာလိုမျိုး ကိုယ်ဝန်ဆောင် လက္ခဏာတွေလည်း မပြတတ်ပါဘူး။ လက္ခဏာပြရင်တောင် ကိုယ်က တခြား သာမန်နေမကောင်းတဲ့ လက္ခဏာလို့ ယူဆလိုက်မိတတ်ပါတယ်။ ဒီလို ကိုယ်ဝန်ရှိမှန်းမသိ ရှိနေတဲ့အခါ ဘယ်လိုတွေ ဖြစ်နိုင်မလဲ ဆိုတာကိုတော့ ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။

.

Ycjfaoell6qplrqjrucq

ဖြစ်ပွားရသည့် အကြောင်းရင်းများ
--------------------------------------------

ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကတော့-

ဟော်မုန်းပြောင်းလဲမှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ Polycystic Ovarian Syndrome ဖြစ်နေခြင်း – သားအိမ်မှာ ရေအိတ်လေးတွေ တည်တတ်တဲ့ ဒီရောဂါက ဟော်မုန်းမညီမျှမှုတွေ ဖြစ်စေတဲ့အတွက် ဖြစ်ပါတယ်။

၂။ မကြာသေးမီက ကိုယ်ဝန်ဆောင်ထားခြင်း – ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေဟာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရပါတယ်။ မကြာသေးမီက ကိုယ်ဝန်ဆောင်ထားရင် ဟော်မုန်းတွေ မညီမျှတတ်ပါဘူး။

၃။ ခန္ဓာကိုယ် အဆီ နည်းလွန်းခြင်း – ဒီအချက်ကြောင့်လည်း (အထူးသဖြင့် အားကစားသမားတွေမှာ) ဟော်မုန်းမညီမျှတတ်ပါဘူး။

၄။ သွေးဆုံးခါနီးဖြစ်ခြင်း – ဒီလိုအချိန်ဟာ တစ်ခါတစ်လေ အသက် ၃၀ လောက်တည်းက ဖြစ်တတ်ပါတယ်။

၅။ သန္ဓေတားဆေးများ – ဒီလိုတားဆေးတွေမှာပါတဲ့ ဟော်မုန်းတွေက ပုံမှန်ကိုယ်ဝန်ဆောင် ဟော်မုန်းတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

၆။ စိတ်ဖိစီးမှုများလွန်းခြင်း – စိတ်ဖိစီးမှုကလည်း ဟော်မုန်းတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

M6txsn3vgrfedz6q8fhs

အုံ့ပုန်းကိုယ်ဝန်လက္ခဏာများ
-----------------------------------

ပုံမှန် ကိုယ်ဝန်ဆောင်လက္ခဏာတေွနဲ့ တူတူပါပဲ။ တစ်ယောက်နဲ့တစ်ယောက်လည်း ကွာခြားမှုတေွ ရှိနိုင်ပါတယ်။

ပျို့ခြင်း
အန်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
ခံတွင်းပျက်ခြင်း
ဆီးခဏခဏ သွားခြင်း
ဝလာခြင်း
ခေါင်းကိုက်ခြင်း
ရင်ပြည့်ခြင်း
ခါးနာခြင်း
ဗိုက်နာခြင်း
လျှာအရသာ ပျက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Ugdtyjj0hwitdnhwsqis

ကိုယ်ဝန်ရှိမှန်းမသိ ဖြစ်နေရသော အကြောင်းရင်းများ
----------------------------------------------------------------

ကိုယ်ဝန်ရှိမှန်းမသိ ဖြစ်နေရသော အကြောင်းရင်းများမှာ-

ရာသီရက် နည်းသွားပြီး စွန်းရုံလောက်သာ လာသော်လည်း လစဉ်ရာသီလာနေနိုင်သေးခြင်း၊
သွေးစစ် ဆီးစစ် အာထရာဆောင်း ရိုက်သော်လည်း ကိုယ်ဝန်မပေါ်ခြင်း၊
မွေးဖွားရန် သားအိမ်စောစီးစွာ ညှစ်သည်ကို ရာသီလာစဉ် ၀မ်းဗိုက်နာခြင်းနှင့် မှားခြင်း၊
ကလေး ကြီးထွားလာသော်လည်း ခါးရိုးဘက်ကိုသာ ကြီးလာခြင်း၊
ကလေးလှုပ်ရှားမှုကို လေထိုးသည်နှင့် အထင်မှားခြင်းတို့ပဲ ဖြစ်ပါတယ်။
သန္ဓေသားကြီးထွားမှု ရှိပေမယ့် အရမ်းနှေးနေတတ်ပါတယ်။ တစ်ခါတစ်ရံ ကြီးထွားမှု ရပ်နေတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် သတိမထားမိကြပါဘူး။ အမျိုးသမီးတွေဟာ တစ်ခါတစ်ရံမှာလည်း စိတ်ဖိစီးမှုကြောင့် ဖြစ်စေ တခြားကျန်းမာရေးအကြောင်းရင်းတွေကြောင့် ဖြစ်စေ ရာသီပျောက်တတ်တာကြောင့် ရာသီထိန်သွားပေမယ့်လည်း သတိမထားမိတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့ ကိုယ်ဝန်အချိန်တွေမှာလည်း ရာသီသွေးးလိုလို သွေးအနည်းငယ် ဆင်းတတ်ပါသေးတယ်။ ဒါ့အပြင် အုံ့ပုန်းကိုယ်ဝန်မှာ hCG ဆိုတဲ့ ကိုယ်ဝန်ဆောင်ဟော်မုန်း ပမာဏ နည်းလွန်းတဲ့ အတွက် ဆီးစစ် သွေးစစ်တဲ့အခါမှာလည်း ကိုယ်ဝန်မပေါ်ပါဘူး။

အာထရာဆောင်းမှာ သန္ဓေသားမပေါ်ရတဲ့ အကြောင်းကတော့ မွေးရာပါ ဒါမှမဟုတ် တခြား အကြောင်းရင်းတွေကြောင့် သားအိမ်က ပုံမှန်အနေအထား မဟုတ်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။

ကလေးကြီးထွားမှု နှေးသလို ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကလည်းအရမ်းနည်းတဲ့အတွက် ဒီလို အုံ့ပုန်းကိုယ်ဝန်တွေဟာ ပုံမှန်ထက် ကိုယ်ဝန်ဆောင်ချိန် ပိုကြာတတ်ပါတယ်။ ကိုယ်ဝန်ရှိမှန်းမသိ ရှိနေပြီး မဆင်ခြင်မိတဲ့အတွက် ကိုယ်ဝန်ဆောင်နဲ့ သက်ဆိုင်တဲ့ အန္တရာယ်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ စတဲ့ ရောဂါတွေအတွက် အန္တရာယ်ရှိတဲ့အပြင် မိခင်ကလည်း ကိုယ်ဝန်ဆောင်ချိန်အတွင်း အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုလုပ်မိတတ်ပါတယ်။

မီးဖွားတဲ့အချိန်မှာလည်း ပုံမှန်ကိုယ်ဝန်ဆောင်တွေ မီးဖွားရင်ကြုံတွေ့ရတဲ့အတိုင်း ကြုံတွေ့နိုင်ပါတယ်။ မီးဖွားဖို့အတွက် ပုံမှန်ထက်စောပြီး ဗိုက်နာတတ်ပါတယ်။ ဒါ့အပြင် ကျောနာခါးနာခြင်း၊ ပျို့အန်ခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဝမ်းလျှောခြင်း၊ ရင်တုန်ခြင်း၊ စိတ် ဂယောက်ဂယက်ဖြစ်ခြင်း၊ မိန်းမကိုယ် ရောင်ရမ်းနာကျင်ခြင်း၊ ခြေထောက်နာခြင်း၊ အစရှိတဲ့ လက္ခဏာတွေလည်း ကြုံရနိုင်ပါတယ်။

ဒါဆိုဒီလို အုံ့ပုန်းကိုယ်ဝန် မဖြစ်ရလေအောင်
---------------------------------------------------

၁။ မိမိမှာ ဆက်တိုက် လစဉ် ဝမ်းဗိုက်နာနေရင် ဆရာဝန်နှင့်ပြသ တိုင်ပင်ကြည့်ပါ။

၂။ ရာသီသွေး ပုံမမှန်ခဲ့ရင်လည်း ဆရာဝန်နှင့် ပြသ တိုင်ပင်ကြည့်ပါ။

ဒီလိုကိုယ်ဝန်အမျိုးအစားဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။ ဒါပေမယ့်တကယ်လက်တွေ့မှာ ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။


မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.