စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေး နို့တိုက်စဉ်တွင် ရှောင်ကြဉ်ရမည့် အစားအစာ (၁၄) မျိုး

Posted by Ni Ni February 3, 2021
Fwzzgxdutyduws40liaj

မိခင်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် အနားရခဲ့သလောက် မေွးဖွားပြီး နို့တိုက်ချိန်တွင် အစာစငတ်တော့သည်။ ကိုယ်ဝန်ရှိချိန်တွင် မိမိတို့၏ ချဉ်ခြင်းကို ဖြေဖျောက်ရန်အတွက် အစားမျိုးစုံ စားခဲ့ကြသည်။ သို့သော် မီးဖွားပြီးချိန်မှာတော့ လျှာကို အလိုလိုက်၍မရတော့ပေ။တစ်ခုခုစားမည် ကြံစည်လိုက်တိုင်း ‘ဒါကိုစားလို့ဖြစ်ရဲ့လား။ ဒါစားလိုက်ရင် ကလေးဘာဖြစ်သွားနိုင်လဲ။’ ဟူ၍ အမြဲတေွးနေရပါသည်။ ဒါကြောင့် ထို ဒုက္ခများ မရှိစေရန်အတွက် အောက်တွင် နို့တိုက်ချိန်၌ ရှောင်ကြဉ်ရမည့် အစားအစာများကို ဖော်ပြထားသည်။

အသေးစိတ်မပြောမီ သိထာသင့်သည့် နှစ်ချက်ကို အရင်ပြောပါမည်
----------------------------------------------------------------------

နို့တိုက်ချိန်တွင် အာဟာရပြည့်ဝစွာရရန် အစာပုံမှန် စားသင့်ပါသည်။
လုံးဝရေှာင်ရမည့် အစားအစာဟူ၍ မရှိပေ။ ကလေးများသည် တစ်ယောက်နှင့် တစ်ယောက ်တုံ့ပြန်ပုံချင်း မတူကြပေ။ အိမ်နားက ကလေးနှင့် အဆင်ပြေသော အစားအစာသည် သင့် ကလေးအတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မည်။
ဒါဆိုရင် နို့တိုက်မိခင်တေွ ရေှာင်ရမည့် အစားအစာတေွကို ဆက်ပြောရအောင်။ ရေှာင်ရမယ်ဆိုတာ လုံးဝ မစားရဘူးလို့ ဆိုလိုတာ မဟုတ်ပါ။ လျေှာ့စားရမယ်လို့ ပြောခြင်းသာ ဖြစ်ပါသည်။

Zyswqxnm89bfqaxydegu

(၁) ကော်ဖီ
----------------

ကော်ဖီက ဘာလို့ ထိပ်ဆုံးမှာပါနေရတာဆိုရင် သူ့မှာပါတဲ့ ကဖင်းဓာတ်ကြောင့် ဖြစ်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ် (လက်ဖက်ရည်၊ ဆိုဒါ၊ အားဖြည့်အချိုရည်နဲ့ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးတေွလည်း ပါ ပါတယ်။) နို့ထွက်နည်းစေပါတယ်။ နောက်ပြီး ကလေးတေွက လူကြီးလိုမျိုး ကဖင်းဓာတ်ကို မစွန့်ထုတ်နိုင်တာကြောင့် ကိုယ်ထဲတွင် စုပုံလာပြီး စိတ်တိုခြင်း၊ အိပ်မပျော်ခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။ မိခင်နို့မှာရှိတဲ့ သံဓာတ်ကို လျော့နည်းစေပြီး သေွးအားနည်းစေပါတယ်။ ဒါကြောင့် နို့တိုက်ချိန်အတွင်း ကော်ဖီဖြတ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

(၂) ချောကလက်
--------------------

အရင်တုန်းကတော့ အားရင် ချောကလက်စားလို့ရပေမယ့် ခုမရတော့ပါဘူး။ ချောကလက်မှာ ကဖင်းနဲ့တူတဲ့ Theobromine ဓာတ် ပါဝင်ပါတယ်။ တကယ်လို့ ကိုယ်က ချောကလက်စားမိပြီး ကလေးလည်း ဂျီပိုကျလာရင်တော့ ချောကလက်ကို ရေှာင်လိုက်ပါ။ ကဖင်းစားသုံးမှုများနေတာ ဟုတ်၊ မဟုတ် သိလိုရင်တော့ ကလေးရဲ့ အပြုအမူကို ကြည့်ပါ။ တစ်နေ့ကို ကဖင်း ဒါမှမဟုတ် Theobromin ရ၅၀ မီလီဂရမ်ထက် ပိုစားမိတယ်ဆိုရင် ကလေး ဂျီကျတာ၊ အိပ်မပျော်တာတို့ ဖြစ်လာမှာ ဖြစ်ပါတယ်။


(၃) စစ်ထရပ်/ချဉ်သော အသီးများ
----------------------------------

ချဉ်တဲ့အသီးတေွမှာ ဗီတာမင် စီ များစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ အက်စစ်ဓာတ်ကြောင့် ဗိုက်နာတတ်ပါတယ်။ ကလေးရဲ့ နုနယ်တဲ့ အစာအိမ်က ကျင့်သားမရသေးတာကြောင့် သေးခံနေရာမှာ အနီကွက်ထခြင်း၊ ဂျီကျခြင်း၊ သွားရည်ယိုခြင်းတို့ ဖြစ်တတ်ပါတယ်။ တကယ်လို့ စစ်ထရပ်များတဲ့ သံပုရာသီး၊ စပျစ်သီးနဲ့ လိမ္မော်သီးတို့ကို ရေှာင်မည်ဆိုပါက သင်္ဘောသီး၊ နာနတ်သီး၊ စတော်ဘယ်ရီ၊ သရက်သီးနဲ့ အစိမ်းရောင်အရွက်တေွကို အစားထိုးပြီး စားသင့်ပါတယ်။

(၄) ပန်းပွင့်စိမ်း – Broccoli
-------------------------------------

လေပွစေနိုင်တဲ့ အစွမ်းရှိပါတယ်။ တခြား လေပွစေတဲ့ အစားအစာတေွကတော့ ကြက်သွန်နီ၊ ပန်းပွင့်၊ ပန်းဂေါ်ဖီနဲ့ သခွားသီးတို့ ဖြစ်ကြပါတယ်။


(၅) မာကျူရီ ပါဝင်မှုများသောငါး
-----------------------------------

မာကျူရီပါဝင်မှုများတဲ့ ငါးနဲ့ တခြား အစားအစာတေွကို စားသုံးတာကြောင့် မိခင်နို့ကနေ တစ်ဆင့် ကလေးဆီကို ရောက်ပြီး အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ FDA ရဲ့ အကြံပြုချက်မှာတော့ နို့တိုက်မိခင်တေွက မာကျူရီများတဲ့ မက်ကရယ်ငါးနဲ့ ငါးမန်းတိုု့ကို ရေှာင်ရပါမယ်။ စည်သွပ်ဘူး တူနာငါးအပါအဝင် တခြားငါးတေွကို တစ်ပတ််မှာ ၂ ကြိမ်ခန့်သာ အတန်အသင့် စားပါ။

P7z1bsqwe7lc2oxryuua

(၆) အရက်
---------------

အရက်သည်လည်း မိခင်နို့ကနေတစ်ဆင့် ကလေးဆီကို ရောက်ပြီး အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။

(၇) မြေပဲ
--------------

မိသားစုဝင်တေွထဲမှာ မြေပဲမတည့်တဲ့ ရာဇဝင်ရှိတယ်ဆိုရင်တော့ နို့မဖြတ်မချင်း မြေပဲရေှာင်ရပါမယ်။ မြေပဲမှာ ပါဝင်တဲ့ ဓာတ်မတည့်စေတဲ့ ပစ္စည်းက မိခင်နို့ကနေ တစ်ဆင့် ကလေးဆီသို့ရောက်သွားတဲ့အခါ အနီကွက်ထွက်ခြင်း၊ နှာစေးခြင်း၊ အင်ပျဉ်ထခြင်းတို့ ဖြစ်တတ်ပါတယ်။။ မြေပဲအနည်းငယ်စားရုံနဲ့လည်း ဓာတ်မတည့်စေတဲ့ ပစ္စည်းက မိခင်နို့ထဲကို ၁ နာရီ ကနေ ၆ နာရီ အတွင်း ရောက်ရှိသွားတတ်ပါတယ်။သုတေသနတစ်ခုမှာတော့ ကလေးငယ်ရွယ်စဉ် အမေနို့မှတစ်ဆင့် မြေပဲနဲ့ စားထားဖူးတဲ့သူက ကြီးလာတဲ့အခါ မြေပဲဓာတ်မတည့်မှုဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ ဆိုထားပါတယ်။


(၈) နံနံပင်နှင့် ငရုတ်ကောင်း
--------------------------------------

သစ်မြစ်သစ်ဖုတေွ ဖြစ်တာကြောင့် အများကြီး စားမိတယ်ဆိုရင် မိခင်နို့ထွက်နည်းတတ်ပါတယ်။ စားမည်ဆိုရင် နို့ထွက်နှုန်းကို သတိထားသင့်ပါတယ်။ အထူးသဖြင့် ကလေး ကြီးထွားဖို့ လိုအပ်ချိန် (မိခင်နို့ များများ လိုနေချိန်)မှာ ဖြစ်ပါတယ်။ တစ်ခါတရံ ကလေးနို့ဖြတ်ချိန်မှာ နို့ခမ်းစေဖို့ ငရုတ်ကောင်းကို လက်ဖက်ရည်ကြမ်းဖျော်၍ သောက်ကြပါတယ်။ ပင်စိမ်းရွက်ကလည်း နို့ထွက်နည်းစေတဲ့အထဲ ပါဝင်ပါတယ်။

(၉) နို့ထွက်ပစ္စည်းများ
------------------------------

မိခင်တေွအနေနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတေွကို စားသင့် မစားသင့် မကြာခဏ ဒွိဟ ဖြစ်လေ့ရှိပါတယ်။ မိခင်အနေနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတေွကို စားမိတဲ့အခါ ဓာတ်ပြုပစ္စည်းတေွက မိခင်နို့ကနေတစ်ဆင့် ကလေးဆီကို ရောက်ပြီး အော့အန်ခြင်း၊ လေထိုးခြင်းတို့ ဖြစ်လာတယ်ဆိုရင်တော့ မိခင်အနေနဲ့ ရေှာင်ကြဉ်သင့်ပါတယ်။ နို့ပေွး၊ အရေပြားရောဂါနဲ့ အိပ်စက်တဲ့ ပုံစံတို့ကိုလည်း စောင့်ကြည့်သင့်ပါတယ်။ နို့ထွက်ပစ္စည်းတေွကို မတည့်တဲ့ ကလေးတေွ အနေနဲ့ ပဲနို့နဲ့ ဓာတ်မတည့်တာမျိုး ရှိနိုင်တာကြောင့် သတိပြုသင့်ပါတယ်။

(၁၀) ကြက်သွန်ဖြူ
-----------------------

ကြက်သွန်ဖြူအနံ့က မိခင်နို့မှာ ပါလာတတ်ပြီး အဲဒီအနံ့ကို တချို့ကလေးတေွက ခံနိုင်ကြပေမယ့် တချို့ကတော့ မခံနိုင်ကြပါဘူး။ နို့တိုက်နေစဉ်အတွင်း ကလေးသက်တောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့ ကြက်သွန်ဖြူကြောင့်လား ဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။ တချို့ ကလေးတေွက ကြက်သွန်ဖြူအနံ့ကြောင့် ဂျီကျခြင်း၊ ရုန်းကန်တာမျိုး ပြုလုပ်နိုင်ပါတယ်။

Ywsmorvjupvkxroewiza

၁၁။ ပူစပ်သည့် အစားအစာများ
--------------------------------

တချို့ကလေးတေွနဲ့ တည့်ပေမယ့် တချို့နဲ့တော့ သိပ် မတည့်တာမျိုး ရှိပါတယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုပဲ ကလေးအတွက် အချိန်အတော်ကြာ အနေှာင့်အယှက် ဖြစ်စေပါတယ်။ ဒီလို ဖြစ်လာတယ်ဆိုရင် အစပ်လျေှာ့စားသင့်ပါတယ်။


(၁၂) ဂျုံ
------------

Glutenနဲ့ ဓာတ်မတည့်တာဟာ အဖြစ်များတဲ့ ပြဿနာဖြစ်ပြီး ကလေး ဝမ်းထဲတွင် သေွးပါခြင်း၊ ဗိုက်နာခြင်းနဲ့ ဂျီကျခြင်းတို့ ပြုလုပ်တတ်ပါတယ်။ ဓာတ်မတည့်ခြင်း ရှိ၊ မရှိ သိစေဖို့ အဲဒီ အစားအစာတေွကို မစားဘဲ ရေှာင်ထားတာ သင့်ပါတယ်။ တချို့ မိခင်တေွက ဒီလို ဓာတ်မတည့်တဲ့ အစားအစာတေွကို ရေှာင်ထားလိုက်ပြီး နောက်မှ တစ်မျိုးစီ ဖြည်းဖြည်းချင်း ပြန်ကျေွးတာမျိုး ပြုလုပ်တတ်ပါတယ်။

(၁၃) ပြောင်းဖူး
----------------------

ကလေးတေွ ပြောင်းဖူးနဲ့ မတည့်တာကလည်း အဖြစ်များပါတယ်။ ပြောင်းဖူးစားပြီးနောက် ကလေး မအီမသာဖြစ်ပြီး အနီကွက်တေွ ထွက်လာတယ်ဆိုရင် အစားအသောက်စာရင်းကနေ ပြောင်းဖူးကို ထုတ်လိုက်ပါ။

(၁၄) ဥနှင့် အခွံပါသည့် ပင်လယ်စာများ
------------------------------------------

မိသားစုထဲမှာ ဓာတ်မတည့်တဲ့ ရာဇဝင်ရှိတယ်ဆိုရင် နို့တိုက်ချိန်မှာ အဲဒီ အစားအစာတေွကို ခဏရေှာင်ထားပါ။ ဥနှင့် ဓာတ်မတည့်ခြင်း (အထူးသဖြင့် အကာနဲ့) က ကလေးများမှာ အဖြစ်များပါတယ်။ရှာင်ရှားရမယ့် အစားအစာတေွကို ဖတ်ပြီးရင်တော့ သင့်အနေနှင့် ‘စားစရာရော ကျန်သေးရဲ့လား’ လို့ မေးစရာ ရှိပါတယ်။ စိတ်မပူပါနဲ့။ သင့်ကလေးက ဖော်ပြထားတဲ့ အစားအစာများထဲက တချို့ကိုသာ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။ ကံကောင်းရင် အကုန်လုံးနဲ့ တည့်နေနိုင်ပါတယ်။
#Ref..... ဒေါက်တာ ထက်ထက်ဇော်ဝင်း
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.