ကျားလေးမိသားစုတို့ရေ လူတိုင်းလူတိုင်းမှာ ရှိသင့်တဲ့ရသင့်တဲ့ အာဟာရဓာတ်တွေရှိဖို့၊ ရဖို့လိုအပ်တယ်နော်။ သာမာန်လူတွေထက်ပိုပြီး အင်အားပြည့်ဝစေမယ့် အစားအစာတွေကို စားသုံးပေးဖို့လိုအပ်တာကတော့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေ၊ သားသားမီးမီးလေးတွေပဲဖြစ်ပါတယ်။
ကလေးငယ်တွေဟာ အသွေးအသားတည်ဆောက်ရတဲ့အပြင် လှုပ်ရှားမှုများတဲ့အတွက် အင်အားပိုမိုလိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေကတော့ သန္ဓေသားရဲ့အသွေးအသားတွေကိုတည်ဆောက်ရတဲ့အတွက် အခြားသူတွေထက် အင်အားပိုမိုလိုအပ်ပါတယ်။
နို့တိုက်မိခင်တွေကတော့ မိခင်နို့ရည်မှာ အဆီ၊ ကစီဓာတ်တွေပါဝင်နေတာကြောင့် အင်အားပိုမိုလိုအပ်ပါတယ်။
အစားအစာတွေမှာပါဝင်တဲ့ အဆီနဲ့ ကစီဓာတ်တွေကို ချေဖျက်လိုက်မယ်ဆိုရင် အင်အားဓာတ်ကိုရရှိစေပါတယ်နော်။ သာမာန်လူတွေမှာတော့ အင်အားဓာတ်တွေပိုလျှံလာပါက ခန္ဓာကိုယ်မှာအဆီအဖြစ်စုဆောင်းပြီး ဝဖြိုးလာစေနိုင်ပါတယ်။ ဒါပေမယ့်လည်း သားသားမီးမီးတို့နဲ့ မေမေတို့မှာတော့ အဲ့ဒီအင်အားဓာတ်တွေလိုအပ်နေတဲ့အတွက် အစားအသောက်တွေကို အဆီနဲ့ကစီဓာတ်ပါတာတွေများများစားကြဖို့အတွက် မျှဝေပေးလိုက်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး