
ကလေးတို့အတွက် အရသာတစ်မျိုး ထူးခြားပြီး၊ အာဟာရလဲ ပြည့်ဝစေတဲ့ ဖြည့်စွက်စာတေွကို ချက်ပြုတ်ကျေွးနေရတဲ့ မေမေတို့အတွက် အချိန်လဲသက်သာ၊ ပြင်ဆင်ကျေွးရတာလည်း လွယ်ကူစေတဲ့ ဖြည့်စွက်စာလေးတေွကို ဖော်ပြပေးလိုက်ပါတယ်။ ၆ လကျော်တာနဲ့ သားသားမီးမီးတို့ကို မိခင်နို့အပြင် ဖြည့်စွက်စာလည်း မဖြစ်မနေ ကျေွးသင့်ပါတယ်။ ဖြည့်စွက်စာကို ကလေးတေွ ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာ မေမေတို့ တာဝန်ပါ။
ပဲတောင့်ရှည်၊ ပန်းဂေါ်ဖီ အာလူးအနှစ်
====================
ပါ၀င်ပစ္စည်းများကတော့
ပဲတောင့်ရှည် ၅ တောင့်၊ ပန်းဂေါ်ဖီ တစ်စိတ်၊ အာလူး ၁ လုံး၊ ရေ အနည်းငယ်။
ပြုလုပ်ပုံအဆင့်ဆင့်-
(၁) ပဲတောင့်ရှည်တေွကို ရေဆေးပြီး အလယ်ကနေ တစ်ဝက်ပိုင်းပါမယ်။ ပန်းဂေါ်ဖီနဲ့ အာလူးကိုလည်း ရေဆေးပြီး ပန်းဂေါ်ဖီကို ထည့်ပြုတ်လို့ရမယ့် အနေတော် အရွယ်တေွ စိတ်ပါမယ်။
(၂) အာလူးကိုတော့ အခွံနွှာပြီး အနေတော်အရွယ်လေး ပါးပါးလှီးပါမယ်။
(၃) ပြီးတာနဲ့ ရေဆူနေတဲ့ အိုးထဲကို အနေတော် တုံးထားတဲ့ အသီးတေွ အကုန်လုံးကို ထည့်ပြုတ်မှာ ဖြစ်ပါတယ်။
(၄) ပြုတ်ထားတဲ့ အိုးထဲကို ဆားအနည်းငယ် ထည့်လို့ရပါတယ်။
(၅) ပြုတ်ထားတဲ့ အသီးတေွ အကုန်လုံး နူးပြီဆိုတာနဲ့ ရေခမ်းတာလည်း အတော်အနေအထားကို ရောက်ပြီ ဆိုရင်တော့ အိုးကို မီဖိုပေါ်မှ ချထားလို့ရပါပီ။
(၆) ကြိတ်တဲ့အခါမှာ အရည်ကို အနည်းငယ်ချန်ထားပြီးတော့ ကြိတ်ပါက အရည်ကျဲကျဲလေး ရရှိနိုင်ပါတယ်။
အဲဒီလို ပြုလုပ်ပြီးပြီဆိုတာနဲ့ ၁၀ လသားအရွယ် ကလေးတေွအတွက် အနံ့ အရသာ၊ အာဟာရနဲ့ ပြည့်စုံတဲ့ ပဲတောင့်ရှည် ပန်းဂေါ်ဖီ အာလူးအနှစ်ကို ကျေှးလို့ရပါပီ။
Ref; မေ့ရင်သေွး
#NW