
ကလေးငယ်လေးတေွကို ဆေးတိုက်တဲ့ နေရာမှာ နည်းလမ်းမမှန်တာကို တေွ့ရပါတယ် အချို့တေွှကတော့ အန္တရာယ်ရှိတဲ့ ဆေးတိုက်နည်းတေွနဲ့ တိုက်ကြပါတယ်။ အခု ကလေးတေွကို ဆေးတိုက်တဲ့ နေရာမှာ ကလေးကို အန္တရာယ်မရှိအောင် ဘယ်လိုတိုက်ရမလဲ ဆိုတာကို ကျားလေး မှ မေမတေို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ကလေး၏ နှာခေါင်းကို ညှစ်ထားခြင်းများ ကလေးအားဆေးတိုက်ခြင်း မပြုရ။ ပါးစပ်ကို ညှစ်ထားခြင်းများ မပြုရပါ။မိမိကလေးသည် ပါးစပ်မှ အသက်ရှုရသောကြောင့် ဆေးကို မျိုချရခြင်း ဖြစ်သည်။ အဲဒီလို တိုက်ခြင်းအားဖြင့် ကလေးငယ်ဟာ သီးတတ်ပါတယ်။ နောက်ပြီး အဆုတ်ထဲကို ၀င်နိုင်ပါတယ်။တချို့သည် ကလေးပါးစပ်၌ ဇွန်းခံပေးခြင်းဖြင့် ကလေးငိုရှုိက်ရင်းဆေးဝင်သွားအောင် လုပ်ကြပါတယ်။ ဒီလိုဆေးတိုက်တာဟာ ကလေးအတွက် အန္တရာယ်ရှိပါတယ်။
မေွးကင်းစ အရွယ်တွင် ပြွတ်တံနှင့် အစက်ချပြီး တိုက်လှျင် လွယ်ကူပါသည်။ ဇွန်းနှင့် နည်းနည်းခြင်းတိုက်၍ လည်းရပါသည်။ ကလေးငယ်အား ပြွတ်တံဖြင့် နည်းနည်းခြင်းတိုက်ခြင်းအားဖြင့် အဆင်ပြေဆုံးဆေးတိုက်နည်းပါ။ တစ်ခါတိုက်ရမည့် ပမာဏကို တစ်ချိန်တွင် ကုန်အောင် ပြွတ်တံဖြင့် စုတ်ပြီး နည်းနည်းခြင်းတိုက်ပါ။